Wednesday, July 30, 2008

ချစ်သူ အပြုံး

ချစ်သူ အပြုံး

မျက်နှာကျက် ဖြူဖြူကိုမော့ကြည့်

တွေးရင်းတွေးရင်း အာရုံမှာမင်းပဲမြင်..

လမင်းက အပြင်မှာသာလိုက်တာ…


လှိုင်းခေါင်းဖြူတွေကို ငေးကြည့်

တလိမ့်ပြီး တလိမ့်တက်လာ..

ဟိုးအဝေးမှာ ပင်လယ်ကပြာလိုက်တာ…


ချစ်တဲ့သူကို မေးကြည့်…

ချစ်ရဲ့လား ကိုယ့်ကို

ပြုံးပြကာ ခေါင်းညိမ့်..

လှလိုက်တာ ဆည်းဆာရာ…


လမင်းသာ ပင်လယ်ပြာနှင့်..

လှလိုက်တဲ့ ဆည်းဆာ..

ချစ်သူရဲ့ အပြုံးနဲ့ ယှဉ်ကာကြည့်

နေမင်းလာ အမှောင်တွေပျောက်သလို…

ငါ့ရင်မှာ ကဗျာတွေ ကြွေကာကျတယ်..

မိုနာလီဇာ ရှုံးတဲ့ည….


ဖိုးသူတော် ( ၃၀-၇-၀၈)

5 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ...
တတိယ အပိုဒ်လေး ဖွဲ့ထားတာ
အရမ်းကောင်းတယ်..
ကဗျာလေးဖတ်ပြီး ကြည်ကြည်နူးနူးလေး
ဖြစ်သွားတယ်..။

Anonymous said...

မိုနာလီဇာတောင်ပစ်ရှုံးလိုက်တဲ့ အသတ်လေးက အရမ်းလှတယ်ဗျာ..

MELODYMAUNG said...

ကဗျာကလန်းတယ်ကွာ ချစ်သူအပြုံးတချက်နဲ့ခေါင်းတချက်အညိမ့်မှာ ကျရှုံးသွားတယ်ပေါ့

Kaung Kin Ko said...

လှလိုက်တဲ့ ကဗျာလေး။ နှစ်ခါတောင် ဖတ်သွားတယ်း-)

Angel Win said...

ကောင်းလိုက်တဲ့ စာသားလေးတွေ
ရင်ထဲထိရောက်တယ်