မင်းပဲ
အသက်ရှုမ၀တဲ့ ခုညရဲ့
အောက်ဆီဂျင်ဟာ..
မင်းပဲဖြစ်နေတော့...
ကြိုးပြတ်ဂစ်တာတစ်လက်ရဲ့..
တေးသွားသံစဉ်ဟာ..
မင်းပဲဖြစ်နေတော့..
ကာရန်မဲ့ ကဗျာတစ်ပုဒ်ရဲ့..
ရစ်သမ်တွေဟာ..
မင်းပဲဖြစ်နေတော့..
အသစ်မဟုတ်တဲ့ နှလုံးသားရဲ့..
ရင်ခုန်သံအသစ်ဟာ...
မင်းပဲဖြစ်နေတော့..
ငါ့ည.....ငါ့ဂီတ...
ငါ့ကဗျာ..... ငါ့ရင်ခုန်သံတွေဟာ..
မင်းပဲဖြစ်နေတော့..
မင်းကိုချစ်တာပေါ့.........
ဖိုးသူတော်( ၄-၇-၀၈)
2 comments:
မိုက်တယ်ကွာာာ....
း)
မော့သိုင်မော့ဘလိုင်ဆရယကြီး - ဒီတလော ကဗျာကောင်း ကောင်းတွေထွက်လှချေလား
Post a Comment