

အာဇာနည်နေ့ဟာ ယနေ့ဆိုရင် ၆၁ နှစ်မြောက် ရောက်ခဲ့ပါပီ။ မသမာသော လူတစ်စု ကြောင့် ကျဆုံးသွားရသော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား လေးစားစွာဖြင့် အလေးပြုပါသည်။ မြန်မာပြည်တွင် အာဇာနည် ပုဂ္ဂိုလ်များ ပေါ်ပေါက်ပြီး လောကပါလ တရားများထွန်းကား ပါစေ။
ယနေ့ အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်သို့ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား သွားရောက် ဂါရ၀ပြု အလေးပြုခဲ့ပါသည်။ ထို့နောက် နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်သို့ အောက်မေ့ဖွယ် အနေနဲ့ သွားရောက်ခဲ့ပါသည်။
ဗိုလ်ချုပ်အိမ်မှာတော့ အာဇာနည်အောင်ဆန်း သီချင်းများက လွင့်ပျံ့နေပါတယ်။ လမ်းတစ်လျှောက် လုံခြုံရေးများလည်းတင်းကြပ်စွာ ချထားပါတယ်။ ဒါပေမဲ့ အများပြည်သူများ အေးဆေးစွာ ၀င်ထွက်သွားလာနေကြပါတယ်။ အာဇာနည်နေ့အား နိုင်ငံသားတိုင်း အမှတ်တရ ရှိကြပြီး အာဇာနည် စိတ်ဓာတ်များ ထွန်းကားပျံ့ပွားအောင် ဆောင်ရွက်နိုင်ကြပါစေ။
ဖိုးသူတော် ( ၁၉-၇-၀၈)
No comments:
Post a Comment