Monday, May 26, 2008

ဒုတိယမြောက် ဘိုကလေး ခရီးစဉ်

ကျွန်တော်တို့ ဘလော့ဂါ မောင်နှမများ ဒုတိယ အကြိမ်မြောက် ဘိုကလေးသို့ ထပ်မံသွား ရောက်ခဲ့ပါတယ်။ ဒီတစ်ခါတော့ သတင်းအချက်အလက်များ ရရှိထားသောကြောင့် သွားမည့်နေရာ နှင့် လှူဒါန်းရမည့် ပစ္စည်းများအား စုံလင်စွာ ယူဆောင်သွားပါတယ်။ လှူဒါန်းမှု ပစ္စည်းများမှာ နိုင်ငံတကာမှ စေတနာရှင်များ ပေးပို့သော အလှူငွေ များမှ ၀ယ်ယူ လှူဒါန်းခြင်း ဖြစ်ပါသည်။ စုစုပေါင်း အိမ်ထောင်စု ၂၀၀ကျော် စာအတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားရောက်လှူဒါန်းမဲ့ ကျေးရွာငယ်လေးဟာ ဘိုကလေးမြို့မှ ရေလမ်းဖြင့် အသွားအပြန် ၆ နာရီခန့် သွားရပါတယ်။ အိမ်ထောင်စု စုစုပေါင်း ၂၀၀ နီးပါခန့်ရှိသောပါတယ်။ ရွာငယ်လေးမှာ ခရစ်ယာန်များ နှင့် ဗုဒ္ဓဘာသာဝင် များ စုပေါင်းနေထိုင်သော ရွာငယ်လေးဖြစ်ပါတယ်။ ရွာငယ်လေးမှ မည့်သည့် စေတနာရှင်များမှ လာရောက်ခြင်းမရှိသော ရွာငယ်လေးဖြစ်ပါသည်။

ကျွန်တော်တို့ အဖွဲ့ဟာ မေလ ၂၃ ရက်နေ့ မနက် ၈ နာရီ ၃၅ မိနစ်တွင် ရန်ကုန် ဆုံရပ်မှ စတင်ထွက်ခွာပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ တွံတေး ဒေးဒရဲ လမ်းဘက်က သွားပါတယ်။ ၁၁ နာရီကျော်လောက်မှာ ဒေးဒရဲ မြို့ကိုရောက်ပါတယ်။ ခဏ နားပြီး ထမင်းစားပါတယ်။ ပြီးဆက်လက်ထွက်ခွာခဲ့ပါတယ်။ လမ်းဘေးတစ်လျှောက်မှာတော့ ရေစို၍ ပျက်စီးနေပြီ ဖြစ်သော စပါးများကို နေလှန်းထားတာတွေ တောက်လျှောက်တွေ့ရပါတယ်။ လမ်းဘေးဝဲယာတင်မကပဲ လမ်းမပေါ်များမှာပါ တက်ပြီးလှမ်းထားတာ တွေ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အဖွဲ့ဟာ နေ့လည် ၂ နာရီကျော်တွင် ဘိုကလေးမြို့သို့ရောက်ရှိခဲ့ပါတယ်။ ထိုနောက် ခေတ္တတည်းခိုမည့် ဘုန်းကြီးကျောင်းတွင် လှူဒါန်းမည့် ပစ္စည်းများအား ချပါတယ်။ ထို့နောက် ကျောင်းထိုင်ဆရာတော် အားလှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပါတယ်။ ထိုနောက် ခဏနားပြီး နောက်တစ်နေ့အတွက် အစီအစဉ်များကို ဒေသခံများနှင့်ရော ဆရာတော် နှင့်ပါ ဆွေးနွေးညှိနှိုင်းပါတယ်။ သွားရမည့် ရွာမှာ အကူအညီလိုအပ်နေသော ဘိုကလေးမြို့နှင့် အသွားအပြန် ရေလမ်း ၆ နာရီခန့်သွားရမည့် နေရာတွင် တည်ရှိသည်။ ထို့ကြောင့်လိုအပ်သော စက်လှေကို ငှားရမ်းရပါတယ်။ ခရီးစဉ်အတွက် အားလုံးစီစဉ်ပြီးသည် နှင့် ရေမိုးချိုးပြီး နာရီကြည့်လိုက်တော့ ၄ နာရီ ခွဲနေပါပီ။ ဆရာတော်၏ အကူအညီကြောင့် နေရထိုင်ရတာ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော် တို့အဖွဲ့ ရေချိုး ပြီးနောက် မြို့ထဲသို့ ထွက်လာခဲ့ကြပါတယ်။ မြို့ထဲတွင် လည်ပတ်ပြီးနောက် နောက်တစ်နေ့ အိပ်ရာစောစော ထရမည်ဖြစ်သဖြင့် တည်းခိုရာ ဘုန်းကြီးကျောင်းသို့ ပြန်လာခဲ့ကြပါတယ်။

နောက်တစ်နေ့ မနက် ( ၂၄.၅.၀၈) ရက်နေ့တွင်စောစောထပြီး ကျွန်တော်နှင့် ဘာညာက မြို့ထဲသွားပြီး စီစဉ်စရာ ရှိတာများ စီစဉ်ပါတယ်။ ကျန်သူများက အထုပ်အပိုးများကို စက်လှေပေါ်သို့ ရွှေ့ပြောင်းသယ်ယူနေကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အဖွဲ့ဟာ မနက် ၈ နာရီ တိတိမှာ ဘိုကလေးမြို့မှ စတင် ထွက်ခွာခဲ့ပါတယ်။ လှေပေါ်တွင် နေရာချထားပြီးသည်နှင့် ကျွန်တော် တို့အဖွဲ့ဟာ အသက်ကယ် ရေကူးဝတ်စုံများ ၀တ်ဆင်လိုက်ကြပါတယ်။ ရေမှ မကူးတက်ကြတာကိုး။ ရာသီဥတု ကလည်းသာသာယာယာပါ.. လှိုင်းလေများက လည်းငြိမ်သက်နေပါတယ်။ မြစ်က ကျယ်ပါတယ်။ရေထဲမှာ ဗေဒါတွေကလည်း ဟိုမှသည် မျောနေပါတယ်။ ဂဏာန်းငယ်လေးများမှာလည်း ရေထဲတွင် ကူးခတ်နေကြပါတယ်။ ကျွန်တော်တို့လှေမှာ သာသနာ အလံလေးများ တပ်ထားပါတယ်။ အလံများမှာလည်း လေထဲတွင် တလွင့်လွင့် ဖြစ်နေပါတယ်။

မြစ်ကမ်းပါး တစ်လျှောက်မှာတော့ ပြိုလဲနေသော သစ်ပင်များ၊ အမိုးအကာ မရှိတော့ သော တဲငယ် တဲကြီးများ၊ ထီးတော်တွေ မရှိတော့သော ဘုရားစေတီများ၊ ပျက်စီးနေသော ဆန်စက်များ နှင့် မုန်တိုင်းဒဏ် သင့်ထားသော မြင်ကွင်းများက ပြည့်နှက်လို့ နေပါတယ်။ လှေပေါ်မှာ ကိုက်တက်သော ပုရွက်ဆိတ်ကောင် အမဲလေးတွေ အများကြီး ရှိပါတယ်။ ကျွန်တော် အဖွဲ့ ထိုအကောင်လေးများနှင့် ရန်ဖြစ်ရသေးပါတယ်။

ဒေသခံ ဦးလေးကြီးတွေ အပြောအရ မြစ်ကမ်းပါး တစ်လျှောက်မှာ ရွာတွေ ၁၂ ရွာကျော်လောက် ရှိပြီး အဲ့ဒီမှာ လူတွေ အသေအပျောက်များတယ်လို့ ပြောပါတယ်။ အဲ့ဒီဘက်တွေ သွားကြည့်ရင် လူသေအလောင်းတွေနဲ့ အရိုးတွေကို ခုထိတွေ့နေ နိုင်သေးတယ်ဟု့ပြောပါသည်။ လမ်းမှာ ကျွန်တော်တို့ လူသေအလောင်း လေး ငါးလောင်း လောက်ကိုတွေ့ခဲ့ပါတယ်။ အချို့အလောင်းများမှာ ကမ်းစပ်တွင် သစ်ကိုင်းနှင့်လက် ချိတ်မိပြီး သေနေသည်များ ဖြစ်သည်။ နာမည်ကျော် မိန်းမလှ ကျွန်းမှာလည်း အစ်ဆစ်လိုမိုးမျိုး ရွာသွန်းလိုက်သောကြောင့် သစ်ပင်များမှာ ချောက်သွေ့နေပါတယ်။ မျောက်တစ်ရာ ဘုရားကိုလည်း လှမ်းပြီး ဖူးမြော်လိုက်ရပါသေးတယ်။ ဒီလိုနဲ့ ကျွန်တော် တို့စက်လှေဟာ ကျွန်တော်တို့ သွားမည့် ရွာလေးသို့ ဆိုက်ရောက်လာပါတယ်။ ရွာမှ ကျမ်းမာရေးတာဝန်ခံ နှင့် အရင်ဆုံးတွေ့ပြီး စကားပြောကြပါတယ်။ ထို့နောက် ရွာဘုန်းတော်ကြီးကျောင်းသို့ သွားပါတယ်။ စက်လှေပေါ်က ပစ္စည်းများကို ဘုန်းကြီးကျောင်းသို့ ရှေ့ဦးစွာရွှေ့ပြောင်းပါတယ်။ ထို့နောက် ဆရာတော်အား သင်္ကန်များ ဆက်ကပ်လှူဒါန်းပါတယ်။ ပြီးနောက် ကျေးရွာ တာဝန်ရှိသူများနှင့် ကိုရင်ကြီး တစ်ပါး၏ အစီအစဉ်ဖြင့် ရွာသူရွာသားများ အား အိမ်ထောင်စုအလိုက် တန်းစီးခိုင်းပြီး ပစ္စည်းများ ပေးအပ်ပါတယ်။ စုစုပေါင်း အိမ်ထောင်စု ၂၀၀ နီးပါ ( လူဦးရေး ၉၀၀ ) ကိုပေးအပ်နိုင်ပါတယ်။ အမျိုးသမီးများအတွက် သီးသန့်သုံး ပစ္စည်းများကိုလည်း ပေးအပ်ခဲ့ပါတယ်။ ကလေးငယ်များအတွက်လည်း ကြိုတင်စီစဉ်ထားတဲ့ အတိုင်း ပေးဝေခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အဖွဲ့ဟာ ညနေ ၂ နာရီကျော်တွက် အဆိုပါ ရွာလေးမှာ ပြန်လာခဲ့ကြပါတယ်။ အချိန်မှီလေးပါခင်ဗျာ။ ကျွန်တော်တို့ စက်လှေ ထွက်ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီရွာလေးဘက်မှာ မိုးတွေ သည်းကြီးမည်းကြီးရွာနေတာကို မြင်လိုက်ရပါတယ်ခင်ဗျာ။ အပြန်လမ်းမှာတော့ တနေကုန် ပင်ပန်းထားသောကြောင့် အိပ်ပြီလိုက်လာပါတယ်။ ခေတ္တအိပ်စက်ပြီးနောက် ပြန်ထလာပြီး သူငယ်ချင်းများနှင့် စကားစမြည်းပြောကာ လိုက်ပါလာပါတယ်။

ကျွန်တော်တို့ အဖွဲ့ဟာ သတ်မှတ်ထားသော အချိန်အတိုင်း ဘိုကလေးမြို့သို့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ပြန်လည်ရောက်ရှိလို့ပါသည်။ ကျွန်တော်တို့ သွားခဲ့သော ရွာလေး၏ အနီးအနားတွင်လည်း ယခုထိ အကူအညီများလို အပ်နေသေးသော ရွာများရှိကြောင်းကို စုံစမ်းမေးမြန်းလာခဲ့ပီး နောက်တစ်ခေါက် ထပ်သွားရန် တိုင်ပင်ကြပါတယ်။ ယခုလို သွားရောက် လှူဒါန်းသော ပစ္စည်းများမှာ နိုင်ငံတကာမှ စေတနာရှင်များ၏ စေတနာ ဒါနများဖြစ်ပြီး ထိုသူများအား ဒုက္ခသည်များကိုယ်စား အထူးကျေးဇူးတင် မိပါသည်။

ကျွန်တော်တို့ အဖွဲ့တွင် ပါဝင်ကြသူများမှာ ကျွန်တော်၊ ကိုဂေါက်၊ ရောင်းသူ ၊ ဘာညာ နှင့် ၀င်းဇော်ထိုင် တို့ဖြစ်ကြပါသည်။

ကျွန်တော်တို့ သွားရောက်လှူဒါန်းသော ပစ္စည်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

Per Person
1- Steel Bowl 1 ps
2- Spoon 1 ps
3- I bar of Soap 1 ps
4- Bath Soap 1 ps
5- Tooth Paste 1ps
6- Tooth Brush 1 ps
7- Slipper 1 ps
8- Clothes 1 ps
9- Medicine (Cold Tablets, Hansaplus, Dehydration Salt)

10- Candle 1 pack
11- Gas- Lighter 1 pack
12- Detergent 1 pack
13- Sardines 2 box
-------------------------------------


**Others Things included are
200 monk robes
Sanitary Napkins and Underwear for Women
Milk Powder for children
Doctors prescribed Medicine.

The estimate is million kyats.

ပစ္စည်းစာရင်းများ မှာ ကိုဘလာဂေါက် ဆီမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

သွားရောက် လှူဒါန်းမှု မှတ်တမ်ဓာတ်ပုံများအား ကိုဘလာဂေါက်ဘလော့ဂ် တွင်ကြည့်နိုင်ပါသည်ခင်ဗျား…

မောင်ဖိုးသူတော် ( ၂၆.၅.၀၈)

Wednesday, May 21, 2008

နတ်သမီးငယ်

နတ်သမီးငယ်
အိပ်မက်တွေရယ် စိတ်ကူးတွေရယ်..
တိတ်တခိုးနဲ့ ရူးခဲ့ရတယ်..
နတ်သမီးငယ်....

မျက်ဝန်းတွေနဲ့ အပြုံးတွေ
ကြယ်တွေလင်းနေတယ်...
နတ်သမီးငယ်...

တောင်တန်းတွေနဲ့ ပန်းခင်းတွေရယ်..
မင်းပြောတဲ့ တောင်ဇလပ်နီနီနဲ့ .
သစ္စာတရားရယ်...
လေညှင်းတွေကို ငါရှူရှိုက်တယ်...
မြူတွေနဲ့ အရမ်းလှတယ်..
နတ်သမီးငယ်...

မင်းပြောသလို..
မဝေးချင် မဆွေးချင်ဘူး..
ဆွေးမဲ့ အသည်းနှလုံး..
ကျောက်တုံးလေးသာ ဖြစ်လိုတယ်..
နတ်သမီးငယ်..

အချစ်ဆိုတာ ချစ်နေရတဲ့သူက
ပေးဆပ်ရတယ်ဆိုတာ ငါနားလည်ခဲ့တယ်..
နတ်သမီးငယ်..

ဒါပေမဲ့......
မင်းကိုချစ်ရတာ ငါကျေနပ်တယ်...
နတ်သမီးငယ်....

ချစ်ခြင်းများစွာဖြင့်......
ဖိုးသူတော် (၂၀.၅.၂၀၀၈)

Friday, May 16, 2008

ဒီနေ့ဘိုကလေး အခြေအနေ

အခုပဲ ဘိုကလေးက ပြန်ရောက်ပါတယ် ။( ၁၆.၅.၀၈) နေ့လည်။ ကြားသမျှနဲ့ တွေ့သမျှ ၊သတင်းတွေကို တင်လိုက်ပါတယ် ။ ဘိုကလေး ကနေ ရေလမ်းခရီးတမျိုးတည်းနှင့်သာ ဆက်၍သွားနိုင်သော ရွာများတွင် သေဆုံးမူနှင်. ဒုက္ခမျိုးစုံရောက်နေသော ရွာလုံးကျွတ်ခံလိုက်ရသောရွာတချို့မှာ -
၁.ပကန်ရွာ
၂.သာဖျံရွာ
၃.ကွမ်းသီးချောင်း
၎.ကျွန်းယုံ
၅.ပျဉ်းမကုံး
၆.ဓာမြချောင်း
၇.ပျဉ်းမိုးကြီး
၈.ကန့်မကာချောင်း
၉.စက်စု


နောက်ပိုင်းရွာများကတော့ ပင်လယ်နဲ့နီးပြီး လှိုင်းကြီးသဖြင့် စက်လှေနဲ့သွား၍မရပါ။ပင်လယ်ကောင်ပာု ဒေသခံများ ခေါ်သော ပင်လယ်သွားသဘောင်္များ နှင့်သာသွာနိုင်ပါတယ်။

စက်စု နှင်. ပျဉ်မိုးကြီး ကျေးရွာများ မှာ မုန်တိုင်းကာလတွင် အိမ်ခေါင်မိုးအထိ ၊ အုန်းပင်အမြင်.ထိပ်ဖျားအထိ နှစ်မြုပ်ခဲ. သည် ။ အိမ်ခြေ ၅၀၀ကျော်ရှိခဲ.သော စက်စုရွာ တရွာထဲလျှင် ယခု လက်ရှိ လူဦးရေ (၈၀)သာကျန်တော.သည်။ထို.နည်းတူဘိုကလေးမြစ်ရဲ့ဘယ်ဖက်အခြမ်းရွာစဉ်များမှာ

၁။ကြိမ်ချောင်းကြီး
၂။လှိုင်းဖုံး
၃။ကွင်းဖုံး
၎။ကန်ဥ
၅၊လေးခွ
၆။ဘင်္ဂလားကြီး
ရ။ပျဉ်းမချောင်း
၈။ကမ်းနီ
၉။ဓနီဆိပ်
၁၀။ဒေါင်ချောင်း
၁၁။ပိုးချောင်းကြီး
၁၂။ပိုးချောင်းလေး
၁၃။အောင်လှိုင်
၁၄။မင်္ဂလာတောင်တန်း
အနောက်ပိုင်းရွာများတော.မသိတော့ပါ ။ ထိုဖက်မှ ကြိမ်ချောင်းကြီး ရွာမှာလည်း လူများ ၈၀၀ကျော်မှာ ၈၀ကျော်သာ ကျန်ရှိတော.တယ်လို.သတင်းရပါတယ် ။လှိုင်းဖုံး ၊ ဧရာတန်း ၊တုံးလော ရွာများတွင်လည်း ရွာလုံးကျွတ် ပျောက်ပျက် သေကြေပျက်စီးသည်ပာုသိရသည် ။ ထိုရွာများသို့ ထိရောက်သော ကယ်ဆယ်ရေး မရောက်သည်.အပြင် ။ လမ်းပန်းခရီးဝေးကွာခြင်း ၊ ရေလမ်းသာ အသုံးပြ၍သွားလာနှိင်ခြင်းတို.ကြောင်. လူပုဂ္ဂိုလ် အလှူရှင်များလည်း မရောက်ရှိပေ ။ထို့ကြောင့်ထိုရွာများမှာ အသက်ဘေးအတွက် အများကြီး အကူညီအများဆုံးလိုအပ်နေကြောင်းပြောပရစေ။နောက်တခုကကြိမ်ချောင်းကြီး က ဘိုကလေးကို လာတဲ. ဒုက္ခသည် ယောက်ကျားလေး ၅ယောက်ရဲ. အပြောအရ " ၅ရက်လောက် ကျနော်တို.လမ်းမှာ အုန်းရည်နဲ. အုန်းသီး စားပြီးလာရတယ်ဗျာ ။ ကယ်ဆယ်ရေး လှေကိုလှမ်းခေါ် ပေမယ်. လည်း လှည်.တောင်မကြည့်ဘူး ။ ပြီးတော. ကယ်ဆယ်ရေးလှေတွေက မိန်းကလေးတွေ ဦးစားပေးတင်တာလေ ။ ရေဆိုဝတ်တွေက လေးတယ်ဆိုပြီး အားလုံးကိုယ်တုံးလုံးနဲ.လိုက်ရတာ ။ ပာိုရောက်မှ (ကယ်ဆယ်ရေးစခန်း) မှာ လူသေတွေဆီက အ၀တ် နဲ. ဒါမှမပာုတ် လှူတဲ.အ၀တ် နဲ့နေ ရတာ ။ ပြီးတော့ အ၀တ်များမရှိရင် ဂုံနီအိပ် ပတ်ပြီးနေ တဲ့ ။
နောက်တယောက်က အခုလည်း မအူပင်စခန်း ကို ကယ်ဆယ်ရေးစခန်းတွေ သန်.ရှင်းရေးလုပ်မယ်ဆိုပြီး ထွက်ခိုင်း စစ်ကားပေါ်တင် ၍ မအူပင် က အကျဉ်းဦးစီး (ကျောက်ထုစခန်း) ကို ပို့နေတယ် ။ မလိုက်ချင် တဲ့လူ ကိုယ့်ရွာကိုယ်ပြန်တဲ့ ။ ဘယ်လိုပြန်ရမှာလည်းဗျာ ။ ကျနော်တို့ အကူညီ နဲ. အစားသောက်ရဖို့ အသက်ရှင်ဖို့ ဘိုကလေးကိုတောင် ၅ရက်တိတိ အလောင်းတွေ၊ ဒုက္ခတွေ မျိုးစုံဖြတ်ပြီးလာရတာ ။ မလိုက်ပဲ အခုလှည့်ပြီး အကူညီတောင်းနေတယ် ။ ကျောက်ထု စခန်းမှာလည်း တရက်၁ထောင်ပေးပြီး အတင်းခိုင်းနေလို. ထွက်ပြေးတဲ.လူတွေပြေးကျတယ်လို.ကြားတယ် ။ အကျဉ်းသားမပာုတ်ပဲ အကျဉ်းကျခံတော.မနေဘူး ကျနောတို. ရသမျှလုပ်ကိုင်စားသောက်မယ်ဆိုပြီး ကယ်ဆယ်ရေးစခန်းအရွေ့မှာ ထွက်လာတာပါ လို့ဆိုပါတယ်။
မော်ကျွန်းမှ ပြန်လာသော လူတွေ အပြောအရ မော်ကျွန်းဘေးမဲ့ဒီရေတောတွင် အလောင်းများ ပုံနေကြောင်း ၊ မရှင်းလင်းရသေးကြောင်းကြားသိခဲ.ရသည်။ အစိုးရမှ ထုတ်ပြန်သော လူသေစာရင်းထက် ကျွန်တော်ကြားခဲ့ရသော လူသေစာရင်းများကပိုပြီး ကိန်းဂဏန်းကြီးနေတယ်။ ရွာလုံးကျွတ်စာ မြေကွက်လပ်ကြီးများ ၊ အိမ်အပျက်အစီးများနှင့်လူသေ အလောင်း၊ တိရစ္ဆာန်အလောင်းတွေ မျက်မြင်ကိုယ်တွေ. တွေ.လာရ၍ စဉ်းစားမိတာ တခု က တော့ ကျေးလက်တောရွာတိုင်းတွင် တိကျတဲ. သန်းခေါင်စရင်းမရှိနိုင် ။ ပြီးတော့ ကလေးဦးရေ အရည်အတွက် ပိုမို များပြားနိုင် ၊ ကျေးလက်နှင့်မြို့ ကြားမှ လယ်ကွင်းများမှာနေသောလူများ ၊ လမ်းမမှာနေသောအိမ်တန်းများ ၊ တံငါရွာလေးများ ။ ထိုသောနေရာများတွင် စာရင်းအတိကျမရှိ၍ ကျနော်ကြားသမျှ သေဆုံးသူလူဦးရေ ကွဲလွဲချက်ပာုထင်မိပါသည်။

ကမ်းနားနှင်.ဆိပ်ကမ်း ထောက်လျှောက်မှာလည်း စစ်ကားများဖြင်. မော်ကျွန်းသို. သွပ်၊ တာလဘက် ၊ ဆန် ၊ ရေသန်.၊ နှင့် အခြားပစ္စည်းများ ပို.ဆောင်ရန် သဘောင်္ပေါ်သို.တင်နေသည်ကိုတွေ.နေရပါတယ် ။ ဘိုကလေးတွင်ကယ်ဆယ်ရေးပစ္စည်းများကို
၁။မြင့်ရတနာ
၂။ကြံခိုင်ရေးရုံး
၃။ထင်ကောင်းဘုရားကျောင်း
၎။၇၈၆ဗလီ
၅။မိခင်နှင့်ကလေးရုံး

၆။အ.ထ.က(၂)အုတ်ကျောင်း
တို.တွင်ကယ်ဆယ်ရေးပစ္စည်းများ အပြည့်ရောက်ရှိနေကြောင်း၊ဘယ်မှဖြန့်ဖြူးသည်၊ ဘယ်သို့ပိုဆောင်သည်လည်း မသိကြောင်း၊ ဘယ်မှလည်းမရောက်သေးကြောင်း ထိုအထဲမှလူများအဆိုအရသိရသည်။
မော်ကျွန်းသို့ အခုတွင် သွပ်များပို.ဆောင်နေပြီး VIP လမ်းကြောင်းတလျှောက် အမိုးပြုပြင်ရန်အတွက် ပာုဆိုသည် ။လက်ရှိဘိုကလေးတွင်လည်း သွပ်တချပ်ကို ၅၀၀၀ ကျပ်နှုန်းနဲ. VIP လမ်းကြောင်းအတွက် လက်ငင်းပေးလျှင် လိုသလောက်ယူစနစ်ဖြင့် ရောင်းချနေသည်ကို တွေ့ရသည် ။နောက်သတင်းတခု မှာကယ်ဆယ်ရေးလုပ်ငန်းအတွက် ချထားပေးသော ကြက်သွန်အိပ်နှင်. အာလူးများပုတ်ကုန်သဖြင်. ၀န်ကြီး မှ ဒေသခံတာဝန်ခံကို ပါးရိုက်သွားသည်ပာုပြောသည် ။ လိုအပ်ချက်များ အတိုင်းတခါတည်း ချပေးနေသည် ။ ဒါပေမယ်. ဖြန့်ဖြူးမူ မတိုးတကလာ၍ အကုန်အလကားဖြစ်ကုန်သဖြင့်ရိုက်သွားသည် ပာုသိရသည် ။ ဒေသတာဝန်ခံများလည်း ဖြန်.ဖြူးမူများ နှောင်.နှေးမှုများ အလွန်ရှိသည် ။ ပထမနေ့တွင် ၀န်ကြီးမှာ ကယ်ဆယ်ရေးစခန်းတွင် ဖိနပ်များမရှိသည်ကို တွေ.၍ ဖိနပ်များ မှာကာချက်ချင်းပို.ဆောင်ပေးခဲ့သော်လည်း နောက်တခေါက်ပြန်အလာတွင်ဂိုဒေါင်ထဲမှာ ဖိနပ်များ ဒီအတိုင်းပဲတွေ.ရ၍ ၀န်ကြီးဒေါသပိုထွက်ခဲ့သည်ပာုဆို သည်။ ကျနော်တို. ကယ်ဆယ်ရေးစခန်း ရိက္ခာပေးသည်.နေရာတွင် လူတန်းအရှည်ကြီး လူပေါင်း ၂၀၀၀ကျော်ခန်. တန်းစီနေသည်ကိုတွေ့ရ၍ မေးမိသည်မှာ တစ်အိမ်ထောင်အတွက် ဆန် ၄လုံး ၊ အာလူး ၆လုံးပေးနေသည်ပာုဆိုသည် ။ မြို.ပေါ်တွင် ပေးသော ဆန်နှင့် အစားအစာမှာ အင်မတန်မှနည်းပါး သဖြင့် သူတို့စားဝတ်နေရေးအခက်အခဲများဖြေရှင်းရန် အကူညီများလိုအပ်နေဆဲပာုသုံးသပ်မိသည် ။ ထို.အပြင် မြို.ပေါ်တွင် ထိုမျှသာပေးလျှင် အခြားရွာများတွင် လေလမ်း၊ရေလမ်းဖြင်.သာ သွားနိုင်သောနေရာတွင် ဘယ်လို အကူညီမျိုးနှင်. အသက်ရှင်နေရမလည်း စဉ်းစားမရသော ပုစ္ဆာတခုလိုဖြစ်နေသည် ။

သတင်းအချက်အလတ်များကို ပေါက်ကရ၈၀ ဘလော့ဂ်မှ ကူးယူပါသည်။

သတင်းဆောင်းပါ (၂)

ကျွန်တော်တို့ ဘိုကလေးမြို့ ကိုအခက်အခဲတွေကြားကနေသွားရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သွားရောက် လှူဒါန်းတာ မဟုတ်သေးပေမယ့် ပထမအစီအစဉ်အဖြစ် တိကျတဲ့ အချက်အလက်တချို့နဲ့ လမ်းကြောင်းအတွေ့

အကြုံရအောင်သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘလောက်ဂါမောင်နှမ များအနေဲ့ တက်အားသ၍ လက်လှမ်းမှီသလောက်သွားရောက် ကူညီချင်တဲ့ ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ အားလုံး ကြိုးစား ခဲ့တာ ရက်ပေါင်းအတော်ကြာခဲ့ ပါပြီ။ အကြောင်းကြောင်းများကြောင့် ပြည်တွင်း ပြည်ပက နေစေတနာ ထားလှူဒါန်း နေ ကြတဲ့ အထောက်အကူတွေ မရောက်ရှိခဲ့လဲ ကျွန်တော်တို့ နိုင်တဲ့ ဘက်ကနေ ဆောင်ရွက်ချင်တဲ့ အတွက် အခု လို တခြားသော အလှူရှင်များနဲ့အတူ သွားရောက်ခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူပေါင်း ၃၀ နီးပါး ပါဝင်ခဲ့ ပြီး ကျွန်တော်နဲ့ အတူ ကိုကြီးကျော်၊ ဘာညာ၊ ပေါက်ကရ၊ ကိုဂေါက်၊ အပုလေး၊ ၀င်းဇော်ထက်၊ ညီညီ စတဲ့ ဘ လောက် ဂါများ ပါဝင်ခဲ့ပါတယ်။ ရန်ကုန်ကနေ ၁၄ ရက်နေ့ မနက်စောစောပိုင်းစထွက်လာခဲ့ပါတယ်။ဒါတောင်မှ ကျွန်တော်က မီရုံလေးပါ။ စုရပ်၎ ခါလောက်လုပ်တာ နောက်ဆုံးစုရပ် ကျမှ ကမန်းကတန်း ရောက်လာတာပါ။ ရှေ့ဟာတွေက လွဲနေလို့ပါ။ ဒါနဲ့ မိုးကလေး ကလဲတဖွဲဖွဲနဲ့ လိုက်အေ့စ်( အမိုးမရှိ) ရဲ့ နောက်ကနေ လိုက်ပါခဲ့ ပြီး စုစုပေါင်း ကုန်ပစ္စည်းတင်ထားတဲ့ ကား များ အပါအ၀င် ကားပေါင်း ၈ စီးနဲ့ထွက်လာခဲ့ပါတယ်။ စထွက်တယ်ဆိုရင်ဘဲ လှိုင်သာယာ ဘက်က အပျက် အစီးတွေကို စတင်တွေ့ရှိရပါတယ်။ စက်ရုံတွေ အမိုးလန်တာကတော့ ထွေထွေထူထူး ပြောစရာမလိုအောင်ပါ ။

လှိုင်သာယာ တခုထဲမှာတင် ဓါတ်တိုင်တွေ ရာဂဏန်းလောက်လဲနေတာ မြင်ခဲ့ရပါတယ်။ မိုးကလဲ ရွာမလိုလိုနဲ့ ဖွဲဖွဲ လေးကျနေ၊ လေအေးအေးထဲမှာ လိုက်ပါလာရင်း ထန်းတပင် ကိုရောက်လာတဲ့အထိ ဓါတ်တိုင်တွေ ကျိုးပဲ့နေ တာ၊ အိမ်တွေအနဲငယ်ပျက်နေတာက လွဲပြီး ကြီးမားတဲ့အပျက် အစီးတွေ မတွေ့ရသေး ပါဘူး။ လမ်းကလဲ ကောင်း ပါတယ်။ ဒါနဲ့ ပုံမှန်အတိုင်းထွက်ခွာလာခဲ့ရာက ကားလမ်းတလျောက်ကို ကြည့်လိုက်ရင် လမ်းဘေး ၀ဲယာက အရိပ်ရပင်တွေက ရိုးတံခြောက်ခြောက်နဲ့ သစ်ရွက်တွေ တခုမှမရှိလောက်အောင် လေတိုက်ခံထား ရသလို တခြားသော အပင်တချို့ကလဲ ဓါတ်တိုင်တွေနဲ့ အပြိုင် ကျိုးကျနေတာ ကိုတွေ့ရပါတယ်။ လယ်ကွင်းတွေ တော့ ရေတချို့ဝင်နေပြီး စပါးတွေရေစိုနေတာ ကိုထွက်လှန်းနေတဲ့ တောင်သူတွေကို ဘဲ တွေ့ ရပါတယ်။ ညောင်တုန်း ဘက်ကိုသွားတဲ့ တလျှောက်မှာလဲ အိမ်တွေ အမိုးလန်တာ ၊ ပျက်တာတွေ တွေ့တာပါဘဲ။ ညောင်တုန်းကကျော် လို့ မအူပင်ဘက်ကိုသွားတဲ့ လမ်းမှာတော့ တကယ့်ကို စိတ်ပျက်စရာ စိတ်မကောင်းစရာ မြင်ကွင်းတွေကိုတွေ့ရပါတယ်။ လမ်းဘေးဘက်တွေမှာ တကယ့် ယာယီတဲလို့ဆိုရမယ့် သုံး လေးပေလောက်ရှိတဲ့ တဲလေးတွေနဲ့ နေကြရတဲ့ လေဘေး ဒုက္ခသည်တွေကိုတွေ့ရပါတယ်။ သူတို့မိသား စုတွေ ရဲ့ကလေးတချိုက တော့ ကျွန်တော်တို့ ကားနောက်တွေကို ကြည့်ရင်း ငေးနေတာတွေ့ပါတယ်။ ကလေးလူကြီးတွေက လဲ စူးစမ်းတဲ့ အကြည့်နဲ့တချက်လောက်ကြည့်ပြီး၊ မထူးပါဘူးဆိုတဲ့ ပုံစံနဲ့ ပြန်လည် ငြိမ်သက်နေတာ တွေ့ပါတယ်။ ကျွန်တော်တို့ တော့ ပါလာတဲ့ မုန့်အချို့ ကို ကလေးတွေထံ ချပေးခဲ့တာ ကလွဲ ပြီး တခြားဘာမှမတတ်နိုင်ခဲ့ ပါဘူး။ အဲလိုနဲ့ ကျွန်တော်တို့ မအူပင်ကိုရောက်လာခဲ့ပြီး မအူပင်တက္ကသိုလ် မရောက်ခင် ဆိုင်လေးတစ်ဆိုင်မှာ ကော်ဖီသောက်ပါတယ်။ ပျက်ဆီးနေတဲ့ အိမ်တွေ ရုံးတွေကြားကနေ ချိနဲ့ရှင်သန်နေတဲ့ သူတွေကို ကျော်ဖြတ်လို့ မြို့လေးကို ကျောခိုင်းခဲ့ပါတယ်။

မအူပင်ကနေ မအူပင်တံတားကိုကျော်ဖို့ သွားတဲ့ ကွင်းပြင်တွေမှာလဲ တဲအိမ်တွေ အသီးသီးထိုးထားတဲ့ ရွာတန်းရှည်လို ပုံစံ လူအုပ်ကြီးက ကြော်ငြာ ကားလို့ ကလေးတွေက ကျွန်တော်တို့ ကိုခေါ်တဲ့ ကားတန်း ပေါ်က နေပစ်ချတဲ့ ပစ္စည်းတွေကို တပျော်တပါးလိုက်ကောက်နေကြပါတယ်။ အိမ်လေးတွေလို့ ပြောရမယ့် ယာ ယီတဲလေးတွေက၀က်တကောင်ကို ထားတဲ့ အနေအထားထက်တောင်ဆိုးတာပါ။ အခင်းအကာ အလုံအခြုံ မရှိလှဘဲ ပေါများလှတဲ့ အုန်းပင် အကျိုးတွေက အုန်းလက်တွေကိုသီပြီး ဖြစ်သလိုနေ ထိုင်နေကြာတွေ့ရ ပါတယ်။ တစစပေါများစွာတွေ့လာရတဲ့ အုန်းပင် တောအုပ်တွေ၊ ကွမ်းသီးပင်တွေဟာ အပိုင်းပိုင်း ကျိုးကျနေတာ လေဘယ်လောက်ပြင်းထန်ခဲ့တယ်ဆို တာကို နေရာအလိုက်ဖော်ပြပေးနေတာနဲ့ အလွန်တူပါတယ်။ ကျွန်တော်တို ကားတန်းတွေဟာ မိုးတွေလေတွေအနည်းငယ်တိုက်ခတ်နေတဲ့ ကြားက ဖြတ်ကျော်နေသလို အဲလို မိုးတွေလေတွေကြားကနေ လမ်းဘေးဝဲယာက ထောင်နဲ့ချီတဲ့ လူတန်းတွေကလဲ မျှော်လင့်ချက်ကိုစီနဲ့ ကား တွေ ကို လိုက်လံ ကြည့်ရှုနေဆဲ ဖြစ်ပါတယ်။ ပါတဲ့ သကြားလုံးတွေ နဲ့ မုန့်အချို့ ကို ကလေးလေတွေ ကိုတွေ့တိုင်း ပစ်ချပေးခဲ့ရင်း ကျွန်တော်တို့ ဘာလာလုပ်တာလဲ ပြန်လည်တွေးမိပါတယ်။ တကယ်တော့သူတို့ တတွေလဲ ဒုက္ခ သည်တွေမဟုတ်ဘူးလား။ မပြောတတ်အောင်ပါဘဲ။ သက်ဆိုင်ရာက တော့လုံလောက်တဲ့ အထောက်အပံ့တွေ ပေး ထားသေးပုံမပေါ်သေးပါဘူး။ မအူပင်တက္ကသိုလ်ကျော်လာရင်း မနက် ၁၀ နာရီလဲ သာသာလောက်ဖြစ်လာပါ ပြီ။ တော်တော်လေး သွားလာလိုက်ရင်း လန်နေတဲ့ အုန်းပင် တွေကိုငေးလိုက်၊ ရေတွေဝင်နေတဲ့ စပါးကြည်တွေ ကို ကြည့်လိုက်၊ အဝေးက မိုးကုတ်စက်ဝိုင်းက မိုးသားတွေကို မျှော်လိုက်နဲ့ စဉ်းစားနေရင်း ကျိုက်လတ်ကို ၀င်နေ ပြီဆိုတာ သတိထားမိတော့ ၁၀နာရီခွဲလောက်ဖြစ်မယ်ထင်ပါတယ်။ ကျိုက်လတ်ကို ၀င်တော့လဲ မအူပင်တုန်းကလောက်မဆိုးပေမယ့် အတူတူလောက်ရှိမယ်ထင်ရတဲ့ အကူအညီ တောင်းခံလိုတဲ့ လူတန်းတွေကို ပြတ်တောင်းပြတ်တောင်းတွေ့နေရဆဲပါဘဲ။ ဘယ်မှာလဲသူတို့မှာ သန့်ရှင်းတဲ့ သောက်ရေ ၊ သန့်ရှင်းတဲ့ အစားအစာ။ ဘယ်လို ဘယ်ပုံနဲ့နွေးနွေးထွေးထွေးနေ ကြသလဲဆိုတာလဲ သံသယ ဖြစ်စရာ မကောင်းအောင်ကို ရှင်းလင်းနေလှပါတယ်။ ကျိုက်လတ်မြို့ထဲ ကိုဖြတ်သန်းတယ်ဆိုရင် တချိန်က စီကား ခဲ့တဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ကိုလိုနီလက်ရာ အုတ်တိုက် အဆောက်အဦးတွေ အစီအရီတွေ့ရပြီး ကြားထဲက သစ်သား အိမ်မဲမဲတွေ ကိုအလဲလဲ အပြိုပြိုနဲ့ အပြိုင်အဆိုင်ရှိနေကြပါတယ်။ လေကြမ်းဒဏ်ကို အလူးအလဲ မခံလိုက်ရဘူးလို့ မဆိုရင်တောင် ကျိုက်လတ်လဲ သက်သာလှတယ်မဟုတ်ပါဘူး။ ၈၀ ရာခိုင်နှုန်းလောက် တော့ အိမ်တွေ အမိုးလန်နေတာတွေ့ရပြီး ပြန်လည်ပြုပြင်နေတဲ့ အဆောက်အဦးအချို့ ကိုတွေ့ရပြီး စီးပွားရေး သိပ်မ ကောင်းလှတဲ့ မြို့ကလေးအတွက် ပြန်လည်ထူထောင်ရေးက တော့ သူတို့မြို့ ကလဲနေတဲ့ ဓါတ်တိုင်တွေကို ပြန် ထူ သလိုလွယ်လှမယ်တော့မထင်ပါဘူး။ ကျိုက်လတ်မှာ ကျွန်တော်တို့ကားလေး ခဏနား ထမင်းစားရင်း နောက်ကလာမဲ့ ကားတန်းကိုစောင့်ပါတယ်။

ကျိုက်လတ်ကနေ ဆက်လက်ရွေ့လျားလာခဲ့ တဲ့ ကျွန်တော်တို့ ယဉ်တန်းဟာ တခြားသော ရာနဲ့ချီ သွားပြန် နေ တဲ့ ကူညီကယ်ဆယ်ရေး စေတနာရှင်ကားတွေ၊ အစိုးရစစ်ဘက် ထောက်ပံ့ရေးကားတွေ၊ ကုလ ကကားတွေ နဲ့ အတူ ရွှံ့တွေ ရေတွေကြားကနေ လာနေကြပါတယ်။ မကြာခင်မှာဘဲ ကျွန်တော်တို့ ခရိုင်ရုံးစိုက်တဲ့ ဖျာပုံရဲ့ အစွန် အဖျားတွေကို လှမ်းမြင်နေရပါတယ်။ လမ်းတလျောက်က မြင်ခဲ့ရတဲ့ အုန်းတောတွေထဲက အရင်းကနေ ကျိုးပဲ့ ကျ နေတဲ့ အုန်းပင်တွေနည်းတူ အပုံလိုက်ပြိုပျက်နေတဲ့ အိမ်တွေ၊မျက်နှာစာ ဘဲကျန်တဲ့ အိမ်တွေ ၊ လမ်းသာ မြင် ရတော့တဲ့ ရပ်ကွက်တွေကို စတင်တွေ့ရှိရပါတယ်။ ၁၀ မိနစ်လောက် မြို့ထဲဝင်လာခဲ့ရင်း မြို့ ကိုရှောင်ပြီး တခါ ထဲ ဘိုကလေး ကိုသွားဖို့ အတွက် ဖျာပုံကအထွက် တံတားလေးတခုနားမှာ နောက်က ကားတွေ ပြတ်ကျန် နေတာ နဲ့စောင့်နေရင်း အနီးအနားမှာ ရှိတဲ့ ကလေးတွေ ၊မိသားစုတွေ ကို ဓမ္မာရုံကနေ ဆန်တချို့ ဝေ နေတာ ကြားမိပါတယ်။ ကျွန်တော်တို့မှာ ကောက်ညှင်းပေါင်း အတုတ် ၂၀၀၀ ပါလာပါတယ်။ စားတာလဲစား၊ လမ်း မှာလဲ ဝေဖို့ပါ။ အဲဒီထဲက ကောက်ညှင်းပေါင်းတွေကို မွတ်သိပ်တဲ့ အကြည့်နဲ့ကြည့်နေတဲ့ ကလေးလေး တွေကို တွေ့ရာက ဝေးပေးဖို့ ကျွန်တော်တို့ရဲ့ အလှူရှင်က ပြောတာနဲ့ ကလေးတွေကို တယောက်တထုတ် ဝေပေးခဲ့ ပါတယ်။ တကယ်ဆို အဲဒီကောက်ညှင်းပေါင်းကို စားရင် တမနက်ဆာတော့ ကောင်းကောင်း ဖူလုံ လောက်ပါတယ်။ ကလေးတွေတယောက်ကိုတထုတ်ပေးနေရာက လူကြီးတွေပါလာပါတယ်။ ၂ခေါက်တောင်း ခိုင်းတာတွေ၊ လက်နှစ်ဘက်လုံးထိုးထည့်တာတွေ၊ အတင်းဝင်လုတဲ့ ပုံစံတွေပေါက်လာတဲ့ အတွက် ကျွန်တော်တို့ ဝေပေးတဲ့ အလုပ်ကို ရပ်နားလိုက်ပါတယ်။ လုံးဝမရဘဲ မျက်လုံးလေး တွေ မှာအရောင်မလက် နိုင်တဲ့ ကလေးတချို့ ကို တွေ့လိုက်ရလဲ ကျွန်တော်တို့ လုံးဝရပ်နားလိုက်ရပါတယ်။ နောက်က ကားတွေလဲ မှီလာ ပါပြီ၊ သွပ်နဲ့ စားစရာတွေ ၊ အိုးတွေ၊ အခင်းအကာတွေတင်လာတဲ့ ကွန်တိန်နာ တစင်းလုံးဝ သွားလို့ မရ အောင် ဖြစ်သွားပါတယ်။ ကလပ်ကဖြစ်တယ်လို့ ယူဆရလဲ ပြင်ဆင်တက်တဲ့သူမပါတဲ့ ကျွန်တော်တို့ အဖွဲ့က အဲဒီကားကိုပြင်ဆင်ဖို့ ကားပြင်တဲ့ သူကိုရှာရန် ဖျာပုံ မြို့ ကိုပတ်ကြည့်တော့မှ အတော်လေး ထိခိုက်ထားတဲ့ ဖျာ ပုံကို နီးနီးကပ်ကပ် လေ့လာခွင့်ရခဲ့ပါတယ်။ ဆေးရုံကြီး ၀င်းထဲက အဆောင်တလုံးဆို လုံးဝ သုံးမရအောင် လဲ ပြိုနေတာဖြစ်ပြီး သံယာဆေးရုံ အမိုးကိုတော့ တာလပတ်တွေ ပြန်လည် ဆင်ထားတာတွေ့ပါတယ်။ ၀င်းအတွင်း မှာလဲ ယူနီဆက် က ကားတစီင်္းရပ်ထားတာတွေ့ပါတယ်။ အဲဒီနားမှာ မြန်မာ့သစ်လုပ်ငန်းက ၁၀ ဘီးကားတွေက သစ်တွေ အပြည့်တင်ဆောင်ထားပြီး အရှေ့မှာ တော့ ဧရာဝတီတိုင်း လေဘေး ကယ်ဆယ်ရေး အထူးတာဝန် ဆို ပြီးရေးထားတဲ့ သစ်ကားပေါင်း ၃၀ ခန့်ရပ်နားထားတာတွေ့လိုက်ရတယ်။ အစားအစာ ၊ ဆေးဝါးနဲ့ အရေးပေါ် နေရေး ထိုင်ရေး အဓိကလိုအပ်နေကာ ကျန်းမာရေးစောင့်ရှောက်မှုကင်းဝေးနေတဲ့ လေဘေးသင့် ပြည်သူတွေ အတွက် အဲဒီသစ်တွေ ကဘယ်လို အကျိုးပြုမယ်ဆိုတာတော့ စီစဉ်သူတွေသိလောက်ပေမယ့် ကျွန်တော် တော့ အခုချိန်ထိလက်လှမ်းမှီသလောက်ပါဘဲ။ နောက်တော့ ဆေးရုံကဆင့် မြို့တွင်းရောက်လာတော့ အိမ်ကောင်းကောင်း တွေတောင်လေ ကြောင့်မှန်တွေ အမိုးတွေ ကွဲကြေပြိုပျက်နေပြီး ဈေးကတော့ အမိုးမဲ့ သွားတဲ့ လေဟာ ပြင်ဈေး ဖြစ်သွားပါတယ်။ ကမ်းနားပိုင်းတွေမှာ ရှိတဲ့ ရေစင်တွေ အဆောက်အအုံတွေ အကြောင်း ကတော့ မပြောချင်လောက်အောင် ပျက်ဆီးပါတယ်။ ထောက်ပံ့ရေး ယဉ်တန်းတွေ အဖြစ် တရား ၀င် သွားရောက်မယ့် စစ်ယဉ်တန်းတွေ တွေ့နေရပြီး ဘိုကလေး ကိုသွားမယ်လို့ပြောတာကြားပါတယ်။ ဆန်တွေ အဓိက ပါဝင်တယ်လို့ ပြောတာ လဲကြားပါတယ်။ ရေတပ်က စစ်ကားတစီးက ဖြတ်သွားရင်း ကျွန်တော်တို့ ကို လက်ပြနှုတ်ဆက်သွား တဲ့ ရဲဘော်တယောက်ကို တွေ့လိုက်ပါတယ်။ ကားပြင်ဆရာ ကိုတွေ့လို့ ကျွန်တော်တို့ ကားတန်းဆီပြန်လာပါတယ်။ ကားကတော့ ဘယ်လိုမှ နာရီပိုင်းအတွင်း ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အတွက် အဲဒီကားကိုထားခဲ့မှ ဖြစ်တော့မှာပါ။ ရန်ကုန်ကို ပစ္စည်း လှမ်းမှာ၊ ပစ္စည်းရောက်ရင် ပြင်နဲ့တရက်တော့ကြာမှာ ဖြစ်တဲ့ အတွက် ကားနောက်က ကွန်တိန်နာကို သော့ ခတ် ဖို့ အလှူရှင်က စီစဉ်ခဲ့ ပြီး ကျွန်တော်တို့ ဆက်ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကားတန်းမှာ ပါလာတဲ့ အကူအညီ ပေးရေး ပစ္စည်းတန်ဖိုးက ကာလပေါက်ဈေး သိန်း ၄၀၀ ၀န်းကျင်မက ပါရှိလာတဲ့ အတွက် အလှူ ရှင်တွေက လဲ သူတို့ပစ္စည်းတွေ ကိုသူတို့ လှူလိုသူတွေလက်ထဲ ကိုရောက်အောင်ပေးချင်နေပါတယ်။

မိုးကလဲ ပြန်ရွာလာပါတယ်။ မိုးရေထဲကနေ ပြီး ဖျာပုံကထွက်လာပါတယ်။ ချောင်းလေးတခုကိုဖြတ်သန်း ပြီး တဲ့ နောက် ကိုးအိမ်တန်း တံတားရောက်တဲ့ အထိကားတွေပိတ် ၊ လမ်းကဆိုးနဲ့ ခရီက မတွင်သလို ၊ လမ်း တလျောက်မှာလဲ ၀က်တွေထားတဲ့ တဲလောက်သာ ဆောက်လုပ်နိုင်တဲ့ လေဘေးသင့် ပြည်သူတွေကို မြင်ရေ ရပြီး ကျွန်တော်တို့ ကို တပြုံး ပြုံးနဲ့လက်ပြနှုတ်ဆက်နေတာ ကိုမြင်ရပါတယ်။ မြန်မာလူမျိုး ပီပီ ဒီလောက် ခက် ခဲနေတဲ့ ကြားက အပြုံးတပွင့် ကို လွယ်ကူစွာချွေပြနိုင်တာ အရမ်းကြည်နူးမိပါတယ်။ လမ်းက ဆိုးသထက် ဆိုးလာ ပါတယ်။လမ်းဘေးဝဲယာ တစ်လျှောက်မှာ ရှိနေတဲ့ နေဖြစ်ရုံအိမ်လေးတွေ ကိုကြည့်ပြီး စိတ်ထဲမှာတော်တော်လေး မကောင်းဖြစ်မိပါတယ်။ ဒီလိုနဲ့ ကားတန်းဟာသွားနေလိုက်တာ နောက်ဆုံးကားတွေ အများကြီး ပိတ်နေတဲ့နေရာကိုရောက်သွားပါတယ်။ စုံစမ်းကြည့်လိုက်တော့ တံတာက အခြေနေမကောင်းလို့ ကားငယ်များသာ သွားလို့ရမည်ဆိုသောကြောင့် ကားများပိတ်ဆို့နေခြင်းဖြစ်ပါသည်။ ဖျာပုံနဲ့ ဘိုကလေးကို သွားတဲ့ လမ်းကြောင်းရဲ့ ပထမဦးဆုံး တံတားငယ်လေးပါ။ ဘာတံတားလဲဆိုတာ နာမည်မတွေ့ပေမဲ့ သဖန်းချောင်းကို ဖြတ်ကူးထားတဲ့ တံတာလေးပါ။

ဆက်ရန် - - - -

သတင်းဆောင်းပါး

မေလ ၁၃ ရက်နေ့မှာ တွံတေးမြို့ကို သွားရောက်ခဲ့ပါ့တယ်။ မုန်တိုင်းသင့်ပြည်သူများ အခြေအနေနှင့်လိုအပ်ချက်များအား သွားရောက် ဒေတာကောက်ယူခြင်းဖြစ်ပါတယ်။ ပထမဆုံး တွံ့တေးတံတားမရောက်ခင် ပန်းလှိုင်တံတားမှ မိနစ် ၂၀ လောက်ဆင်းအပြီးမှာ လမ်းဘေးတစ်လျှောက် လယ်တောတ၀ိုက်တွင်ရှိသော ရွာများ အခြေအနေဆိုးဝါးလျှက်ရှိနေပါတယ်။တွံတေးတံတာကို နေ့လည် ၁၁ နာရီ ၅၀ မှာရောက်ရှိပါတယ်။ သံဖြူကျေးရွာအနီးမှာ ဒုက္ခသည်များကို စေတနာရှင်ပြည်သူများမှ ပေါင်မုန့်များ လှူဒါန်းနေသည်ကို တွေ့ရပါသည်။ ကယ်ဆယ်ရေးလုပ်ငန်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာမလုပ်ပေးနိုင်သေးသော အနေအထားမှာရှိပါတယ်။ လမ်းသွားလမ်းလာများ၊ ကယ်ဆယ်ရေးသွားသောအဖွဲ့များမှ အစားအသောက်များပြစ်ချလေ့ ရှိဟန်တူသောကြောင့် လမ်းဘေးဝဲယာတစ်လျှောက် နေပူမရှောင် မိုးရွာမရှောင် တောင်းရမ်းနေပုံကို မြင်ရတာလည်း တစ်စက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။

နောက်ပြီးတော့ တွံ့တေးမြို့ မရောက်ခင် ကံဘဲ့စံပြကျေးရွာ မှာလည်း အိမ်ခြေ ၉၀% လောက်လုံးဝနေလို့မရတော့တဲ့ အနေအထားမှာရှိပါတယ်။အထက်တန်းကျောင်းကြီး ခေါင်းမိုးများအားလုံးလဲ လန်ထွက်နေပါတယ်။ ရွှေစံတော်စံပြ ရပ်ကွက်မှာတော့ တရုတ်မှ လှူဒါန်းထားသော Tent ပေါင်း ၂၁ လုံးဖြင့် မုန်တိုင်းသင့်ပြည်သူများကိုထားထားပါတယ်။ ဟိုမှ ဒီမှ လာရောက်စစ်ဆေးသောအခါ ပြထားချင်ပုံရပါတယ်။ Tent ပေါင်း ၂၁ လုံးတည်းဖြင့် တွံ့တေး မြို့နယ်တစ်ဝိုက်များ ဒုက္ခသည်များအားလုံးဆံ့ရင်တော့ အရမ်းကောင်းတာပေါ.ဗျာ ။ တဲတလုံးကို မိသားစု ၂ စု ထားတယ်လို့သိရပါတယ် ။ တဲတလုံးအကျယ် က လ၄ယောက်လောက် အိပ်လိုက်ရင် ပိာုလူပ်ဒီလူးလို.တောင် မရတဲ.အနေအထားပါဗျာ ။ တဲ့အလုံး ၂၀ကျော်နဲ့ တွံတေးတခုလုံးကို ကယ်ဆယ်ထားတယ်ဆိုတော့ .... ဆက်မတွေးချင်တော.ဘူးဗျာ။

တွံ့တေးမြို့ထဲရောက်တော့ ကျနော်တို့ရန်ကုန်ဘက်လို သစ်ရွက်၊ သစ်ကိုင်း ပုံကြီးတွေ မရှိတော့သော်လည်း ဓာတ်တိုင်များကိုတော့ လုံးဝ လာရောက် ပြင်ဆင်ခြင်းမရှိသေးပါဘူး။ ဒါနဲ့ကျနော်တို့တွေလည်း ယို့ယွင်းပျက်စီးနေသော ရွှေစာရံစေတီတော်ကြီး ကိုတစ်ပတ်လှည့်ကြည့် ၊ (တီဗီထဲမှာ လိုပေါ.ဗျာ လိုအပ်တာတွေကို မှာစား (အခုတော. ပါလာတဲ. ဘီစကစ်လေးကို စားပြီး) ပြန်ဆင်းလာခဲ.တယ်။
အဲ.တ၀ိုက်မှာတော. လမ်းကြောင်းလာမယ်ဆိုပြီး လမ်းရှင်းနေတဲ. ရဲတွေတော့တွေ့ခဲ့ရတယ် ။ ကဲ ... မပြောတော.ပါဘူး ။။ ဒီကောင်တွေ လူပါးဝနေတာ ကြာပြီပဲ ။
မြို့ထဲဘက်လိုမဟုတ်... ကူညီမည့်အဖွဲ့များ မရှိသော ရန်ကင်း၊ တန်းလျှားလေး ကျေးရွာများဘက်ကိုရောက်ခဲ့ပါတယ်။အဲ့ရွာတွေမှာ တော့ အခြေနေဆိုးတယ် ဗျာ ။ ခန့်မှန်း လူဦးရေ ၁၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ တရွာလုံးကျွတ်ကို ပျောက်သွားတာ ။ ပြီးတော့ တရွာလုံးမှာမှ အိမ်ကောင်းဆိုလို. ၃၊၄၊၅လုံးပဲကျန်တယ် ။ အဲ့ဖက်က လူတွေက လက်လုပ်လက်စား ကွမ်းရွက်ခူးတဲ့သူတွေဖြစ်ပြီး အခု ကယ်ဆေးရေး ၊ ထောက်ပံရေး တခုမှမရသေးပါဘူး ။ မြို့ထဲရွှေစာရံ ဘက်မှာသာ ရနေကြတာပါ ။ လူမြင်ကွင်းမှာ တဲထိုးပေးထားတဲ့လူတွေလောက်သာရနေတာပါ ။ ပြီးတော့စဉ်းစားကြည့်ဗျာ ။ ကယ်ဆယ်ရေးစခန်း ရယ်လို့ ဖွင့်လို့လည်းမရတဲ. အခြေအနေမှာ ရှိသေးတဲ့အိမ်လေးတွေပေါ် တက်နေရတယ် တဲ့ ။ စားဖို့သောက်ဖို့က တော့ အပူတပြင်းရုံးကန် လမ်းမပေါ်အထိ ကလေးနဲ့မိန်းမတွေ မကျန် တက်တောင်းရမ်း စားသောက်နေရတယ် ။ လမ်းတဖက်တချက် က လမ်းမတွေမှာ ငတ်နေတဲ.လူတွေ တက်တက်တောင်းနေတာ ရန်ကုန်နဲ. တွံတေး လမ်းမပေါ်မှာ အများကြီးပဲ ။ အသေအပျောက်တော့ နည်းတယ်လို့ကြားခဲ့ရတယ်။

တွံတေးမှ လိုအပ်သော သတင်းအချက်အလက်များ ရယူပြီး နေ့လည် ၁ နာရီလောက်ပြန် လှည်ထွက်ခွာခဲ့ကြပါတယ်။

အသွားတင် မိုးရွာနေသောကြောင့် လမ်းဘေးဝဲယာ တစ်လျှောက်ဒုက္ခသည်များ အနည်းငယ်သာ ရှိသော်လည်း အပြန်တွင် ရာသီဥတု ကောင်းသဖြင့် လမ်းဘေးဝဲယာ တစ်လျှောက်ဒုက္ခသည်များ အများအပြားတွေ့ခဲ့ ရပါသည်။ ဒီလိုနှင့် အဖွဲ့သားများ ပြန်လာကြရာ လမ်းတွင် တွံတေးတံတားအဆင်း ကားအနည်းငယ်မောင်းပြီးသော အခါ ရုံးမှလာသော ကားနှင့်တွေ့သောကြောင့် ကော့မှုး ၊ ကွမ်းခြံကုန်းဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ လမ်းတွင် မောင်းတီးစေတီတော်ကြီးမှာ ထီးတော်ကြီး ပြုတ်ကျနေတာကို စိတ်မကောင်းဖွယ်တွေ့ရှိခဲ့ရပါတယ်။ ကော့မှုးမြို့နယ်သို့ နေ့လည် ၂ နာရီလောက်တွင် ရောက်ရှိခဲ့ပါသည်။ ဆင်ခြံကျေးရွာသို့ ရောက်ရှိတော့ ကျွန်တော်တို့ သွားရောက်လှူဒါန်းခဲ့ သော ပရဟိတ ကျောင်းလေးကို တွေ့ရပါသည်။ ကျောင်းရှေ့မုဒ်ဦးဝ တွင် ကလေးငယ်များ မိုးရေထဲတွင် သနားစဖွယ်တွေ့ရှိခဲ့ပါသည်။ကော့မှုးမြို့နယ် အတွင်းတွင်ရှိသော ကျေးရွာအများစု၏ မူလတန်းကျောင်းများမှာ တော်တော်များများကို ပျက်စီးသွားသည်ကိုတွေ့ရှိရပါသည်။ အိမ်များမှာလည်း အမိုးလန်ရုံတင်မက ပြိုလဲနေသည်များကိုပင်မြင်တွေ့ခဲ့ရပါသည်။ နေ့လည် ၂ နာရီခွဲခန့်တွင် ကွမ်းခြံကုန်းမြို့သို့ ရောက်ရှိခဲ့ပါသည်။ ကွမ်းခြံကုန်းမြို့၏ ပျက်စီးမှုများမှာ ကော့မှုးထက်ပင် များမယ်ထင်ပါသည်။ ကျွန်တော်တို့ ပထမဦးဆုံး အထက (၁) သို့သွားရောက်ပါသည်။ ထိုကျောင်းရှေ့တွင် စေတနာရှင်များမှ လူတစ်ဦးလျှင် ဆန် ၂ လုံး၊ အားလူး လေး ငါးလုံး နှင့် ကြက်သွန် လေး ငါး လုံး လှူဒါန်းနေသည်ကိုတွေ့ရပါသည်။

ထိုမှ တဖန် မြို့နယ် လျှပ်စစ်ရုံးသို့ သွားရောက်၍ မြို့တွင်း လျှပ်စစ်အခြေအနေကို မေးမြန်းပါသည်။ လမ်းမီးတိုင်ပေါင်း ၂၃၀ ခန့် ပြိုလဲပျက်စီးသွားသည်ဟု့ ကြားသိပါသည်။ လိုအပ်တာများကိုပြောကြားပီး ညနေ လေးနာရီ ကျော်ခန့်တွင် ပြန်လာပါသည်။

အပြန်လမ်းတွင် ကျွန်တော်တို့ ကားပေါ်တွင် ပါလာသော အ၀တ်အထည် များအား လမ်းဘေးဝဲယာ ဒုက္ခသည်များအား ပေးအပ်လှူဒါန်းပါသည်။ လိုအပ်သော သတင်းဓာတ်ပုံများအား အခက်အခဲ ရှိသောကြောင့် မတင်နိုင်သေးပါ။

နောက်တစ်နေ့တွင် ဘိုကလေးသို့သွားမည်ဖြစ်ပါသည်။

Monday, May 12, 2008

သတင်းဓာတ်ပုံ

သတင်း သတင်း

ယနေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အမေရိကန်လေတပ်မှ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ရေနှင့် ရိက္ခာများအား C130 လေယာဉ်ဖြင့် လာရောက်ပို့ဆောင်ခဲ့ပါတယ်။

လေယာဉ်ပျံ ရပ်ရမည်နေရာသို့ တက်စီဝေးမှ လာနေပုံ


အမေရိကန်နည်းတူ နိုင်ငံတကာမှလည်း အထောက်အပံ့လာရောက်ပေးပို့သော လေယာဉ်ပျံများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်။



လေယာဉ်ပေါ်တက်ပြီးလက်တော့ တစ်လုံးနှင့် ဘာလုပ်နေမှန်းမသိသော လေယာဉ်ဝန်ထမ်း စစ်သားတစ်ဦးအား မှတ်တမ်းတင်ထားပုံ။


ရန်ကုန်မှ မီဒီယာ သမားအချို့လဲ ပြေးပြေးလွှားလွှားသွားရောက် သတင်းယူနေပုံ

သံရုံးမှ တာဝန်ရှိသူတွေ စစ်တပ်မှ တာဝန်ရှိသူတွေ နှင့် သတင်းမီဒီယာများ




လေယာဉ်ပျံမှ ကယ်ဆယ်ရေးနှင့် ရိက္ခာပစ္စည်းများ ထုတ်ယူရန်အတွက် နောက်ဖုံးအားဖွင့်နေပုံ

အမေရိကန်လေတပ် မှ MSEG Robert White နှင့် အမှတ်တရ


သူပြောကြားချက်အရ အပြင်သို့ ထွက်ကြည့်ခွင့် ရလျှင် ထွက်ကြည့်ချင်ကြောင်းပြောပါသည်။

နောက်တစ်ခေါက်လည်း ထပ်လာဦးမည်ဟု့ပြောပါသည်။ တချို့ဟာတွေလည်းပြောသေးတယ်ဗျ။ ကျွန်တော်သူပြောတာအကုန်လုံး နားမလည်ပါဘူး။ ကျွန်တော်တို့ ရုပ်ရှင်တွေထဲက စစ်သားတွေ စကားပြောသလို ပြောတဲ့အတွက် စာတန်းများထိုးရင်နားလည်မလားပဲခင်ဗျာ။

သတင်းဓာတ်ပုံများ ကျန်ပါသေးတယ်ခင်ဗျာ။ အကုန်မတင်နိုင်သေးတာကို နားလည်ပေးပါ။ ပြီးတော့ တစ်ချို့သတင်းတွေကလည်း အတိအကျမသိသေးလို့။ အနားလေးကပ်ခွင့်ရတာကိုက တော်တော်ကံကောင်နေပါတယ်။ အမေရိကန်မှ ပေးအပ်တဲ့ ပစ္စည်းစာရင်းကို မကြာမီတင်ပြပါမယ်။
အထက်ပါဓာတ်ပုံများအား သုံးစွဲလိုပါက အီးမေးလ်မှတဆင့် ပြောကြားပါရန် မေတ္တာရပ်ခံပါသည်။
ကျေးဇူးတင်ပါတယ်။ (ဖိုးသူတော်)