Monday, July 14, 2008

အတ္တ

အတ္တ

ကန်ရေပြင်ရယ် လေပြင်းကိုသယ်မလာပဲ..

လေညှင်းကိုသာ ငါ့ထံလွှတ်လိုက်ပါ..


ကျူးပစ်မောင်ရယ်.. ချစ်ခြင်းကိုသယ်လာပြီး..

သူမကိုသာ ငါ့ထံလွှတ်လိုက်ပါ..


ကြင်နာသူရယ်.. မေတ္တာနဲ့သစ္စာကိုသာ.

ချစ်တာနဲ့ ငါ့ထံလွှတ်လိုက်ပါ..


အိုလမင်းရယ်.. ဆုတောင်းလို့သာပြည့်မယ်ဆိုရင်..

ငါ့ရင်ခွင်ဟာ မင်းအတွက်ပါ..

လှမ်းလို့လာခဲ့ပါ...

ဖိုးသူတော်

(၁၄-၀၇-၀၈)

No comments: