Showing posts with label စာအုပ်. Show all posts
Showing posts with label စာအုပ်. Show all posts

Tuesday, February 16, 2010

မြွေခြေသံနှင့်မမ

အောက်တွင်ရေးသားဖော်ပြထားသော အကြောင်းအရာများသည် ကျတော် ကိုယ့်ဟာကို စာအုပ်ဖတ်ပြီး ကျတော် အမြင်နဲ့ သုံးသပ်ချက်များကို ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးဆရာများနှင့်တကွ မည်သူမည်ဝါကိုမှ ပြောဆိုရေးသားဖော်ပြခြင်းမဟုတ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ စာအုပ်များအမြည်း သဘောရယ် အမြင်ရယ်ကို ရိုးရိုးသားသားရေးသားခြင်း ဖြစ်ပါသည်။


ဖိုးသူတော်


မြွေခြေသံနှင့်မမ


၂၀၁၀ ဇန်န၀ါရီလ ၁ ရက်နေ့က စာအုပ်နှစ်အုပ်ဝယ်ဖြစ်လိုက်တယ်။ တစ်အုပ်က မောင်မြေမှူးရေးတဲ့ မြွေခြေသံ(ပထမအကြိမ်) နှင့် နောက်တစ်အုပ်က ဆရာမြသန်းတင့် ရေးတဲ့ မမ (တတိယအကြိမ်) တို့ ဖြစ်တယ်။ ၀ယ်ပြီးပြီးခြင်း မဖတ်ဖြစ်သေးဘူး။ ရက်အနည်းငယ်ကြာမှ နှစ်အုပ်စလုံး ဖတ်ပြီးသွားတယ်။ မြွေခြေသံကို အရင်ဖတ်တာပါ။ ပြီးမှ မမ ကိုဖတ်တာ။


မြွေခြေသံမှာ စာရေးဆရာက သာမန်တောရွာလေးကနေ ရန်ကုန်လာပြီး ကျောင်းတက်ရင်း အလုပ်လုပ်၊ အလုပ်လုပ်ရင်း ကျောင်းတက်တဲ့ ကိုချစ်ထူးဆိုတဲ့ လူကို ဇာတ်ကောင်အဖြစ်ထားထားတယ်။ ဒီလူ့မှာ မွေးကတည်း အမေပဲရှိတယ်။ အဖေက သူ့ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဆုံးသွားခဲ့တယ်။ အမေကလည်း ဒီလူ ခပ်ငယ်ငယ်မှာ သေသွားတယ်။ အဲ့ဒီတော့ ကျတော်အထင် မေတ္တာတော့ ငတ်ရှာမှာပဲ။ အတွေးအခေါ်ကလည်း တစ်မျိုး ဖြစ်နိုင်တယ်။


ဇာတ်လမ်းကတော့ ရန်ကုန်မှာ သက်ကြီးညကျောင်းတက်ပြီး ၁၀ တန်းဖြေတယ်။ အခန်းထဲက ကောင်မလေးကို ကြိုက်တယ်။ စာပေးတယ်။ ကောင်မလေးကလည်း လက်ခံသယောင်ယောင်ပြတယ်။ ဒါပေမဲ့ ကောင်မလေး တခြားသင်တန်းတစ်ခု ပြောင်းတက်တော့ သူကျန်ခဲ့တယ်။ အဲ့ဒါနဲ့ လိုက်တွေ့တယ်။ တစ်ခါအတွေ့ ခံပြီးတော့ ထပ်အတွေ့မခံတော့ဘူး။ အသည်းတွေဘာတွေ ကွဲသွားတယ်။ ပထမဦးဆုံးဆိုတော့။ ဒါနဲ့ သူတို့နေတဲ့ တန်းလျားအောက်ထပ်က ချာတိတ်မ တစ်ယောက်နဲ့ ထပ်ငြိတယ်။ အခြေအနေအရပ်ရပ်ကြောင့် ချာတိတ်မလေးကို သူယူလိုက်ရတယ်။ လင်မယားသာ ဖြစ်သွားပေမဲ့ သူစိတ်ထဲတော့ သူ့ဟာသူ လူပျိုထင်နေတုန်းပဲ။


မအောင်သေးတဲ့ ၁၀ တန်းကို ထပ်တက်တယ်။ တက်ရင်းနဲ့ ကျောင်းမှာ ကောင်မလေး တစ်ယောက်နဲ့ ငြိတယ်။ သူ့ဟာသူ လူပျိုဆိုတာ ဖုံးထားတယ်။ ကောင်မလေးကလည်း မသိတော့ မစွတ်ခင်ကတည်း ညွတ်ချင်ချင်ဆိုတော့ ချစ်သူတွေဖြစ်ကြတယ်။ ဒီကိစ္စကို အိမ်က မိန်းမ မသိဘူး။ ကောင်မလေးက မယားရှိမှန်း သိသွားတော့ ခွာလိုက်တယ်။ ကိုချစ်ထူးလည်း ၁၀ တန်းအောင် လုပ်သားကောလိပ်ဆက်တက်ပြီး ဥပဒေဘွဲ့လေး ရတယ်။ ဥပဒေ၀န်ထမ်းအဖြစ် အညာမြို့လေး တစ်ခုကို ပြောင်းရတယ်။ အလုပ်အကြောင်းပြပြီး ဇနီးနဲ့ သမီးကို ရန်ကုန်မှာပဲ ထားခဲ့တယ်။


ဖြစ်ချင်တော့ အညာမြို့လေးမှာ တာဝန်ကျတုန်း မိန်းမ တစ်ယောက်နဲ့ ငြိတယ်။ မုဆိုးမ တစ်ယောက်ပါ။ မုဆိုးမက သေသွားတဲ့ သူ့အမျိုးသားနဲ့ ကိုချစ်ထူး တူလို့ ဆိုပြီး လာမိတ်ဆက်ရာကနေ ငြိတာပါပဲ။ ကြောင်ကလည်း ခံတွင်းပျက်ပျက် ဇရက်ကလည်း တောင်ပံက ကျိုးဆိုတော့ အတော်လေးဟုတ်ကြတာပေါ့။ ဒါနဲ့ပဲ ၁ နှစ်ကျော်လောက်အညာမှတာဝန်ကျပြီးတော့ ရန်ကုန်ကို ပြန်ပြောင်းမိန့်ကြတယ်။ ရန်ကုန်က မြို့နယ်တစ်ခုက ဥပဒေရုံးမှာလုပ်တယ်။ အဲ့မှာပဲ တစ်ခါထပ်ပြီး ရှေ့နေမ တစ်ယောက်နဲ့ ထပ်ဆုံတယ်။


ရှေ့နေမကလည်း မုဆိုးမပဲ ထင်တယ်။ သမီးလေးတစ်ယောက်နဲ့။ အားလုံးထဲမှာ ရှေ့နေမကတော့ ပညာတက်ပဲ။ အဲ့တစ်ယောက်နဲ့တော့ ကိုချစ်ထူး တော်တော်လေး ဖြစ်တယ်။ ဒီလိုနဲ့ ရှေ့နေမနဲ့ ဖြစ်နေရင်း အညာက မိန်းမက ဗြုန်းဆို ရန်ကုန်ပြောင်းလာပြီး ထပ်ဖြစ်ပြန်ရော။ ကိုချစ်ထူးခင်မျာ အိမ်က မိန်းမ ၊ အညာက မိန်းမ ၊ ရှေ့နေမ သုံးယောက်နဲ့ 3 in 1 စူပါချစ်ထူး ဖြစ်နေရှာတယ်။ အစကတော့ မိန်းမ က မသိဘူး။ သူက မိန်းမကို လူရာ မသွင်းဘူး။ နောက်တော့ မိန်းမက သိပြီး ဇာတ်လမ်းတွေရှုပ်ကုန်ရော။ ဒါနဲ့ပဲ ဒီလူအိမ်ပေါ်က ထွက်ပြေးတယ်။ ထွက်ပြေးတယ်ဆိုတာကလည်း ရှေ့နေမနဲ့ တိုင်ပင်ပြီး ပေါင်းတည်မြို့ထင်တယ် သွားနေတယ်။


ဇာတ်လမ်းက ပြီးခါနီးပြီ။ ရှေ့နေ့မက နောက်ပိုင်း ရှေ့နေမလုပ်တော့ဘူး။ ကိုချစ်ထူး ကောင်းမှူအကြောင်းပြုပြီး အရက်ဆိုင်ဖွင့်တာ အတော်လေးကို အောင်မြင်တယ်။ ကိုချစ်ထူးက မြို့လေးမှာ နေရင်း နဲ့ စာလေးဘာလေးရေးပြီး ရှေ့နေလေး ဘာလေးလုပ်မယ်ဆိုပြီး သွားတာ အဆင်မပြေတာနဲ့ ရန်ကုန်နဲ့ နီးတဲ့ လိမ္မော်ခြံဆိုတဲ့ ကရင်ရွာလေးကို ထပ်စတည်းချနေတယ်။ အဲ့ အချိန်မှာ အညာက မုဆိုးမနဲ့လည်း ပျက်သွားပြီ။ အိမ်က မိန်းမကလည်း သူဘယ်မှာ ရှိမှန်းမသိဘူး။ ရှေ့နေမနဲ့ပဲ အဆက်အဆံရှိတော့တာ။ ကြာလာတော့လည်း လူ့သဘောသဘာဝအတိုင်း အလုပ်မရှိတဲ့ ဒီလူကြီး ကိုချစ်ထူးကို ရှေ့နေမကလည်း ငြိုငြင်ချင်သလိုဖြစ်လာပြီး ကိုချစ်ထူးနဲ့ ရှေ့နေမ စကားတွေ များကြတယ်။


နောက်ဆုံးမှာတော့ အသိတရား(လူမိုက်နောက်တ) ရပြီး မယားကြီးဆီပြန်မယ်ဆိုပြီး ပြန်သွားတယ်။ ပြန်သွားတယ်ဆိုတာ ပြန်မယ်ဆိုပြီးပြောတာ။ ရောက်သွားလား မယားကြီးက လက်ခံလား ဘာလားတော့ မသိဘူး။ ဇာတ်လမ်းက ပြီးသွားပြီ အဲ့ဒါနဲ့ပဲ။ တစ်အုပ်လုံးကို သုံးသပ်ကြည့်လိုက်တော့ ကိုချစ်ထူးရဲ့ စိတ်နေစိတ်ထားတော်တော်များများကို တွေ့ရတယ်။ စိတ်နေစိတ်ထားတစ်ချို့က ယောင်္ကျားအများစု မှာ ရှိတက်ပြီး တစ်ချို့ စိတ်ထားက တော့ နည်းနည်းလေးဆန်းတယ်။ ဥပမာ လက်နည်းနည်းသာတဲ့ ရှေ့နေမနောက်ကို လိုက်တာ။ လူကတော့ လက်သာရာ လိုက်တာပဲဆိုပေမဲ့ သူအတွက်သာတဲ့ လက်က မေတ္တာတရား။ ရှေ့နေမက သူလိုချင်တဲ့ မေတ္တာတရား ပေးနိုင်တယ်။ စာရေးဆရာက ရှေ့နေ့မကို ကိုချစ်ထူး အမေစရိုက်အတိုင်း ရေးပေးထားတယ်။ ကွမ်းလေး တဖျောက်ဖျောက်ဝါးတယ်ဆိုပြီးတော့။ ကိုချစ်ထူး အမေလည်း သူသားဘေးမှာ အိပ်ရင်း ကွမ်းလေး တဖျောက်ဖျောက်ဝါးတယ်။ အဲ့ဒီတော့ ကိုချစ်ထူးက ရှေ့နေမကို အရေးထားတယ်။တိုင်ပင်တယ်။ ရှေ့ဆက်ဘ၀ ကိုလက်တွဲချင်တယ်။ ဒါပေမဲ့ ရှေ့နေမက နည်းနည်းလေးတွက်တက်တယ်။ နောက်ပိုင်း သူရဲ့ တွက်ချက်မှု ကြောင့် ကိုချစ်ထူး လိုချင်တဲ့ မေတ္တာနဲ့ ကင်းကွာလာတယ်။ ဒါကို စာရေးဆရာက အသေးစိတ်ရေးထားတယ်။ ဇာတ်လမ်းရဲ့ အဓိက အမျိုးသမီးဇာတ်ဆောင်က ရှေ့နေမလို့ပြောလို့ရတယ် ။


ဇာတ်လမ်းရဲ့ ဇာတ်နာခံရတဲ့ ဇာတ်ဆောင်က ကိုချစ်ထူး မယားကြီး အမျိုးသမီးဖြစ်တယ်။ သူက ပညာအရည်အချင်းအနေနဲ့ အားလုံးထဲမှာ အနည်းဆုံး။ နောက်ပြီး စကားလှလှမပြောတက်ပဲ ဒုတ်ထိုးအိုးပေါက် ပြောတက်တယ်။ သူ့အနေနဲ့ တရားဝင်မယားကြီး တစ်ယောက်ဖြစ်နေသော်လည်း ဇာတ်ပို့တစ်ယောက်အနေနဲ့ ပါဝင်လှုပ်ရှားရပြီး စကားပြောခန်း သိပ်မပါရပါဘူး။ ဒါပေမဲ့ သူ့နေရာ သူ့အနေအထားနဲ့ တွေးကြည့်ရင် သူ့အနေနဲ့ မှားတယ်လို့ မပြောနိုင်ပါဘူး သူလုပ်တာ ပြောတာတွေက။


အညာသူ မုဆိုးမ က တော့ ရှင်းပါတယ်။ အားဖြည့်ဇာတ်ကောင်။ ခရီးသွားဟန်လွှဲတွေ့တယ်။ သူ့ရဲ့ သေသွားတဲ့ ယောင်္ကျားနဲ့ တူတဲ့ ကိုချစ်ထူးနဲ့ ငြိတယ်။ သူက တော့ အဖြည့်ခံသက်သက်။ ဒါပေမဲ့ သူလည်းလေ လောကီသားဆိုတော့ ကိုချစ်ထူးကို ပိုင်ဆိုင်ချင်တယ်။ တအိုးတအိမ် ထူထောင်ချင်တယ်။ ဒါပေမဲ့ အဲ့ဒါတွေ မဖြစ်သေးမှာပဲ နယ်ပြောင်းရတယ်။ နယ်ပြောင်းလို့ ရန်ကုန်မှာ ပြန်တွေ့တော့လည်း ဇာတ်လမ်းက ဆက်မရပြန်ဘူး။ ဟို ဆြာကိုချစ်ထူးက စူပါကော်ဖီမစ်ဖြစ်နေတယ်။ အဲ့မှာတင် သူ(အညာကမိန်းမ)က မယားကြီးနဲ့ စကားတွေ ဘာတွေများပြီး တခန်း ရပ်သွားတယ်။


ပြောရမယ်ဆိုရင်တော့ ကိုချစ်ထူးလို လူမျိုးတွေ လောကကြီးမှာ ရှိပါတယ်။ ဒါပေမဲ့ စာရေးဆရာကတော့ သူ့ ကလောင်စွမ်းနဲ့ ကိုချစ်ထူးကို မိန်းမ သုံးယောက်နဲ့ ပတ်သက်ပေးလိုက်တယ်။ ၄ ယောက်လို့ ပြောလို့ရပေမဲ့ ညကျောင်းမှာ ပထမဆုံး ကြိုက်ခဲ့တဲ့ ကောင်မလေးက ဧည့်သရုပ်ဆောင် အဆင့်ပါပဲ။


ဇာတ်လမ်းဆုံးသွားတော့ ဖတ်တဲ့သူ အပေါ်မူတည်ပြီး အမျိုးမျိုးကွဲသွားနိုင်ပါတယ်။ စာရေးဆရာမ ဂျူးလို မိန်းမအလေးပေး ဆရာမက အမှာစာမှာ သူအနေနဲ့ ဒီလိုမျိုးဇာတ်ကောင်ရှိရင် လွန်စွာစိတ်မကောင်းဖြစ်ပြီး သူရဲ့ လောကအမြင်ပါ ပြောင်းသွားနိုင်ကြောင်းရေးထားပါတယ်။ ဒီလိုရေးတာကလည်း ဆရာမ ဂျုးအပေါ် မည်သို့မျှ မထင်ပါ။ သူက မိန်းမရင်းစွဲ ရှိခဲ့တာပဲလေ။ ကျတော့်အနေနဲ့က မိန်းမ ယောင်္ကျား ရင်းစွဲ မရှိတော့ ပြဿနာမရှိပါ ဘူး။ ဒါပေမဲ့ ဆရာမ ဂျူးနည်းပါး မိန်းမရင်းစွဲ ရှိသူများကတော့ ဒီစာအုပ်ဖတ်ပြီး တော်တော် လေး အီစိမ့်သွားမဲ့ ပုံရှိပါတယ်။ ဇာတ်လိုက် ကိုချစ်ထူးရဲ့ လုပ်ဆောင်ချက်တွေကို အတော်လေး အီသွားနိုင်ပါတယ်။ အဲ့ဒီမှာ အကြံလေး တစ်ခုပေးချင်တာ မိန်းမ များကို ယောင်္ကျားများက စိတ်ရှိတိုင်း ဖောက်လွှဲ ဖောက်ပြန်လုပ် ( တကယ်တော့ ၂ ဖက်တီးမှ သေချာမြည်တာပါ လက်ခုပ်က) တဲ့ အကြောင်း ဖတ်တော့ စိတ်မကောင်း ဖြစ်ရင် မကောင်းဘူး။


ကျတော်ကလည်း ဖြစ်ချင်တော့ ၀ယ်လာတာက မြွေခြေသံ အပြင် ဆရာမြသန်းတင့် ရဲ့ မမ ဆိုတဲ့ စာအုပ် ဖြစ်နေတယ်။ အဲ့တော့ အီနေတဲ့ စိတ်ကို အချဉ်လို ပြေသွားအောင် မမ နဲ့ ဖြေလိုက်ကြရအောင်။ အရာအားလုံး ဟာ လူ့လောက လူ့သဘာဝမှာ ဖြစ်ပျက်နေတာပါ။ စာရေးဆရာတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ သေချာရေးပေးထားလို့ ဆောင်ရန်ရှောင်ရန် တခြားသောဟာတွေကို ပရိတ်သက် က သိရတာပါ။


ဆိုတော့ကာ မြွေခြေသံ ထဲကလို ဖိုဝါဒ ဆန်ဆန် ကိုချစ်ထူး ပွေးခဲ့သမျှကို မမ နဲ့ အချဉ်ဖြေသလို ဖြေကြည့်ရအောင်။ မမ ဇာတ်လမ်း အကျဉ်လေး ရေးလိုက်ပါမယ်။ ဆရာ မြသန်းတင့် ရေးခဲ့တဲ့ မမ။ ဆရာရဲ့ ပင်ကိုရေး ၀တ္ထူတစ်ပုဒ်။ လက်ရွေးစဉ်တော့ မဟုတ်ပေမဲ့ ကောင်းတဲ့ စာရင်းထဲဝင်ပါတယ် ခင်ဗျာ။ ဇာတ်လမ်းကတော့…။။

မင်းမင်းလတ် ဆိုတဲ့ ခရိုင်ဝန်တစ်ယောက်ရှိတယ်။ ဘွဲ့ရပြီး ဗျူရိုကရက် စနစ်ထဲဝင်ပြီးမှ မိသားစု အသိုင်းအ၀ိုင်းကြောင့်ရယ် ယောက်ဖဖြစ်တဲ့ စည်သူပျံချီ ဦးချစ်ထွန်းကြောင့်ရယ် ခရိုင်ဝန်ကို အသက် ၃၀ မှာရတယ်။ ဇနီးချော တစ်ယောက်ရှိတယ်။ ဒါက အကျဉ်း။ မောင်မောင်လတ် မိန်းမ မှာ ညီမတွေရှိတယ်။ အင်း…. မောင်မောင်လတ်မှာ အမ တစ်ယောက်ရှိတယ်။။။ ဇာတ်ဆောင်မင်းသမီးပဲ မမ တဲ့။


မောင်မောင်လတ်နဲ့ မိန်းမ ခင်ရီရီ နဲ့ စကားများပြီး ကွဲမယ် ကွာမယ်လုပ်တော့ မမ ကပဲ လာပြီး ဖြေရှင်းပေးလိုက်ရတယ်။ အဲ့ဒီမှာ ခင်ရီရီတို့ အိမ်ဝင်ထွက်နေတဲ့ ယေးလ် တက္ကသိုလ် ကျောင်းဆင်း ဒေါက်တာ သက်ဆွေ ဆိုတာ ရှိတယ်။ မမ နဲ့ သက်ဆွေက ခင်ရီရီ ညီမ ခင်သီသီ မွေးနေ့ပွဲ အငြိမ်ပွဲမှာ စတွေ့တယ်။ သက်ဆွေက လူပျို။ ဒါပေမဲ့ မမ ဆိုတဲ့ အိမ်ထောင်သက် ၇ နှစ် ကလေးတစ်ယောက် အမေကို အသကုန်ကြွေသွားတယ်။ မမကလည်း စာရေးဆရာ ချယ်မှုန်းချက်အရ ကြွေလောက်အောင် လှတယ်။ တကယ်တော့ ခင်သီသီတို့ အသိုင်းအ၀ိုင်းက ခင်သီသီနဲ့ သက်ဆွေကို သဘောတူသလိုထားတယ်။ ခင်သီသီကလည်း ဘာမှန်း သူ့ဟာသူသေချာမသိဘူး။ အောင်မိုးဆိုတဲ့ လူတစ်ယောက်ကလည်း ရှိနေတယ်။ အောင်မိုးက ငယ်ငယ်ကတည်းသိတဲ့ အကိုကြီးတစ်ယောက်ပေါ့။


(ဒီနေရာတွင် ဆက်မရေးဖြစ်တော့ပဲ ရက်ပေါင်းအတော်ကြာအောင် ရပ်ထားသည်။ ကျတော် ခု ဆက်ရေးမယ်လုပ်တော့ စာအုပ်အား သူငယ်ချင်းတစ်ယောက် ငှားသွားရာ ယခုတိုင် ပြန်မရသေးပါ။ သို့ဖြစ်ပါ၍ ကျတော်ခေါင်းထဲ ကျန်သလောက် ဆက်ရေးပါမည်။ စာရေးသူ )


ဇာတ်လမ်းအရ ခင်သီသီ အိမ်မှလုပ်တဲ့ အငြိမ့်ပွဲမှာကတည်းက သက်ဆွေနဲ့ မမ ပူးပူးကပ်ကပ် စကားပြောနေကြာတာကို ခင်သီသီမြင်ပြီး အမြင်သိပ်မကြည်လင်ပုံကို ဆရာမြသန်းတင်က ရေးထားတယ်။ မမ ရန်ကုန်ပြန်သွားတော့လဲ သက်ဆွေက ပိုသည်းသည်းဖြစ်ပြီး ရန်ကုန်ကို ပါပြောင်းသွားပြီး ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆရာ သွားလုပ်နေတယ်။ သက်ဆွေရဲ့ အမ၀မ်းကွဲထင်တယ် မင်းကတော်တစ်ယောက်ပဲ မမ နဲ့က ခင်တယ်။ အိမ်အ၀င်အထွက်ရှိတယ်။ အဲ့ဒီမှာပဲ ဘေးတီးကောင်းတာကော မိန်းမတို့၏ ဆန်းကြယ်သော စိတ်ပြောင်းလဲမှုများအရပါ လင်ကြီးငုတ်တုတ် ရှိရဲ့နဲ့ မမ နဲ့ သက်ဆွေတို့ ငြိကြတယ်။ မိန်းမတို့၏ ဆန်းကြယ်သော စိတ်ဆိုတာက ဒီနေရာမှ မမက ဦးချစ်ထွန်းကို ယောက်ကျားသာတော်ထားတာ။ အချစ်မပါဘူး။ သူ့အတွက် လူတွေ ဖိုမ သတ္တ၀ါတွေမှာ ဖြစ်ပေါ်တဲ့အချစ်ဆိုတာမခံစားမထိတွေ့ဘူးသေးဘူး။ ကလေးသာတစ်ယောက် ရပြီးတာ။ ဦးချစ်ထွန်းက သူ့ချစ်သူမဟုတ်ဘူး။ သူ့ယောက်ကျားလင်သားအိမ်ဦးနတ်။ သက်ဆွေနဲ့တွေ့မှ အချစ်ဆိုတာ မြည်းစမ်းမိပြီး မဖြစ်သင့်တာတွေဖြစ်ကုန်တာ။


သူတို့ လူဂုဏ်တန်အသိုင်းအ၀ိုင်းမှာ ဒီလိုဖောက်လွဲဖောက်ပြန်မှုတွေကမထူးဆန်းပေမဲ့ မိသားစု အစုအဝေးတစ်ခုအတွက်ကျတော့ အခြေအနေက တော်တော်ကို မကောင်းဘူးဖြစ်နေတယ်။ အကျဉ်းချုပ်ပြောရရင် ဦးချစ်ထွန်းရှိရဲ့နဲ့ မမနဲ့ သက်ဆွေ ငြိကျတယ်။ သက်ဆွေက မမကို ဦးချစ်ထွန်းနဲ့ ကွာခိုင်းတယ် ။ မမကလည်း ကွာချင်တယ်။ အဘိုးကြီး ဦးချစ်ထွန်းက အကွာမခံဘူး။ သူကလည်း သူ့ဟာသူ သူ့သိက္ခာ၊ သူ့အတ္တနဲ့ အတွေးအရ မကွာပေးပဲ အပျော့စွဲလုပ်ထားတယ်။ ကြားထဲမှာ ဗျာများရသူက မမ။ ယောက်ကျားက အပျော့စွဲ လုပ်ထားတာက တစ်ဖက် ချစ်သူက တစ်ဖက်။ ဒီကြားထဲ သူ့ယောက်ကျားနဲ့သူနဲ့ ရတဲ့ သားလေးလည်းတစ်ယောက်ရှိသေးတယ်။ ယောက်ကျားကို ပြတ်နိုင်ပေမဲ့ မိန်းမသားတို့၏ မိခင်သံယောစဉ်ကြောင့် သားလေးကို မပြတ်နိုင်။ သူနှင့်အတူတူ ခေါ်ဖို့ကလည်း ဦးချစ်ထွန်းက ခွင့်မပြု။


ဒီလိုနဲ့ မမ အိမ်ပေါ်က ဆင်းပြီး သက်ဆွေနဲ့ တူတူ သွားနေတယ်။ နောက်တော့ သူတို့ သမီးမိန်းခလေး တစ်ယောက်ရတယ်။ ဒီချိန်ထိ မမကို ဦးချစ်ထွန်းက ကွာမပေးသေးသလို သက်ဆွေနဲ့လည်း မမက လက်မထပ်ရသေးဘူး။ သက်ဆွေကလည်း ပြတ်ပြတ်သားသားဖြစ်ချင်နေပြီ။ ဒီအတွက် မမ ရဲ့ မောင် မင်းမင်းလတ် က ကြာဝင်ညှိနှိုင်းပေမဲ့ ဘယ်လိုမှ ဖြစ်မလာဘူး။ မမ နဲ့ သက်ဆွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြသော်လည်း အတွေးလေးတွေ ကိုယ်စီ ဖြစ်လာကြပြီ။ မမ ကလည်း သက်ဆွေကို အတွေးတစ်မျိုးဖြစ်လာတယ်။ သက်ဆွေကတော့ မမ လောက်အတွေးမများဘူးထင်တာပဲ။ သက်ဆွေနဲ့ မမတို့က ပြင်ဦးလွင်မှာ နေလိုက် မန္တလေးဆင်းနေလိုက်လုပ်နေကြတယ်။


တစ်ရက် သက်ဆွေ မန်းလေးဆင်းသွားပြီး ပြန်မလာတော့ မမလိုက်သွားတယ်။ သက်ဆွေအမေက သက်ဆွေကို တခြားကောင်မလေးတစ်ယောက်နဲ့ သဘောတူထားတယ်ဆိုတာကို မမက တစွန်းတစသိထားတယ်။ မမက သက်ဆွေဆီ စာပို့ခိုင်းတယ် သူနဲ့ ပြင်ဦးလွင်ပြန်နေဖို့။ ဒါပေမဲ့ စာက အကြောင်းအမျိုးမျိုးကြောင့် သက်ဆွေလက်ထဲမရောက်သွားဘူး။ သက်ဆွေတို့ သားအမိနဲ့ အမျိုးသမီးလေးတစ်ယောက် ပြင်ဦးလွင်ကို သွားမယ် သတင်းကြားတော့ မမ လည်း ပြင်ဦးလွင်လိုက်ဖို့ ပြင်တော့တာပဲ။


ဇာတ်သိမ်းခန်းရောက်ပါပြီ ။ ဘူတာရုံရှေ့ရောက်တော့ အရူးမတစ်ယောက် ကနေတဲ့ဇာတ်ကွက်ကို ဆရာမြသန်းတင့်က ထည့်ထားတယ်။ ဒီဇာတ်ကွက်က တနည်းနည်းနဲ့ ဇာတ်လမ်းနဲ့ ပတ်သက်နေတယ်။ မမ စိတ်ထဲမှာလည်း ရူးနေပြီလို့ သိလိုက်ရတယ်။ နောက်တစ်ချက်က မမ ပထမဦးဆုံးအခေါက် မန်းလေးကို လာတော့ သူစီးလာတဲ့ ရထားတွဲနဲ့ လူတစ်ယောက် ရထားအောက်ထဲ ရောက်ပြီး သူတို့ရှေ့မှာ သေသွားတာ စာရေးဆရာက ဇာတ်လမ်းစကတည်းက ထည့်ထားတယ်။


မမ လည်း ရထားစီးသွားပြီ ပြင်ဦးလွင်ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းတယ်။ သက်ဆွေတို့ အဖွဲ့ကိုတွေ့မလား ရှာနေတုန်းမှာ သက်ဆွေနဲ့သူ့အမေ နောက်ထပ်အမျိုးသမီးတစ်ယောက်ကို သွားတွေ့တယ်။ မမ စိတ်ထဲဘယ်လိုတွေဖြစ်သွားလည်းမသိဘူး။ စကတည်းက သူ့စိတ်တွေမမှန်တော့တာလဲပါမှာပါ။ ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အဆုံးသတ်ပုစ္ဆာအဖြေကို သူတွေ့သွားတယ်။ လူတစ်ယောက်သေလိုက်ရင် အားလုံးပြီးသွားမယ်ဆိုတာပဲဖြစ်တယ်။ သူပြုံးလိုက်ပြီး ရထားအောက်ကို ၀င်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လိုတွေးပြီး ကိုယ့်ဟာကိုယ် သတ်သေမယ်အလုပ်မှာ သူ့လက်ပွေ့အိတ်အနီလေးနဲ့ တစ်ခုခုနဲ့ သွားညှိနေတယ်။ သူဒါနဲ့ အဲ့ဒါလေးကို ရုန်းနေတုန်း ဘေးကရှိတဲ့ လူတွေကလည်း ချော်လဲတယ်ထင်ပြီးကြည့်နေကြတုန်း ကျောက်သယ်တဲ့ ရထားတွဲကလာပြီး မမရဲ့ ဆန္ဒကို အဆုံးသတ်ပေးလိုက်ပါတယ်။ ဇာတ်ကသိမ်းသွားတယ်။


ဇတ်သိမ်းသွားတော့ ဇာတ်လုံးတစ်ခုလုံးမှာ အားပြိုင်မှုတွေ လူတွေရဲ့ဖြစ်တက်တဲ့ စိတ်အခြေအနေတွေ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ စိတ်ဆန်းကြယ်မှုတွေကို တွေ့ရပါတယ်။ မမလို ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး ဒီလိုအခြေအနေဖြစ်လာမယ်ဆိုတာ သာမန်တွေးလို့ မရပေမဲ့ စာရေးဆရာက လူတို့၏ မနောသဘာဝကို ပြသွားပါတယ်။ ဇာတ်လိုက်မင်းသမီး မမ ကို လော်လီဖောက်ပြန်တယ်လို့ သာမန်စွပ်စွဲလို့ရပေမဲ့ ဇာတ်လမ်းဇာတ်သွားရဲ့ ချောမွေ့ပုံအရ အပြစ်မတင်ရက်ပဲ စိတ်သဘာဝ၏ ဖြစ်တက်တာကိုပဲ မြင်ကြည့်မိလိုက်တော့တယ်။


လေးစားစွာဖြင့်


ဖိုးသူတော်

၁၆.၂.၂၀၁၀

၁၇ နာရီ ၁၇ မိနစ်


Photo Source : Internet



Sunday, January 10, 2010

Dogs,Men and Books Reviews


ခွေးများ၊လူများနှင့်စာအုပ်များ

ဒီနေ့ (၁၀.၁.၂၀၁၀) လှည်းတန်းရောက်တာနဲ့ ရာပြည့်စာအုပ်ဆိုင်ကနေ စာအုပ်တစ်အုပ်ဝယ်လာဖြစ်သည်။ စာအုပ်က ဆရာကျော်ဝင်းရဲ့ ခွေးများ၊လူများနှင့်စာအုပ်များ ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါသည်။ စာအုပ်က ပထမဦးဆုံးအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး အုပ်ရေ ၅၀၀ ဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တွင် ထုတ်ဝေခြင်းဖြစ်သည်။

စာအုပ်၏ အမှာစာတွင် စာရေးသူ(ဆရာကျော်ဝင်း) က စာအုပ်နှင့် ပတ်သက်၍

၁။ ခွေးများသည်၊ ၂၀၀၇ ခုနှစ်နောက်ပိုင်း၊ စာရေးသူ ဘာသာပြန်ဖြစ်သော၊ ရေးဖြစ်သော အက်ဆေးများကို၊ စုစည်းထားခြင်းဖြစ်ပါသည်။ ရုရှားစာရေးဆရာကြီး အီလျာအာရင်ဘက် ၏ ခွေးများ အက်ဆေးကို ထိပ်တင်ထားပါသဖြင့် ၊ ဤအမည်ကိုပင် ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်သည်။ ကျန်အက်ဆေးများမှာ တိုင်း(မ) မဂ္ဂဇင်း မှဖြစ်ပါသည်။ ပင်ကိုယ်ရေးအက်ဆေးအချို့ကိုလည်း ထည့်ထားသည်။

၂။ လူများမှာ၊ လူပုဂ္ဂိုလ်အချို့၏ တစ်ပိုင်းတစ်စ ရုပ်ပုံလွှာတို့ထိချက်များနှင့် အင်တာဗျူးတို့ဖြစ်သည်။

၃။ စာအုပ်များမှာ၊ ၂၀၀၈ နှောင်းပိုင်း နှင့် ၂၀၀၉ နှစ်ဦးပိုင်းအတွင်း၊ စာရေးသူ မြည်းစမ်းခွင့် ရခဲ့သော စာအုပ်တစ်ချို့ကို၊ မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ စာအုပ်အညွှန်းဟု ဆိုင်နိုင်ပါလိမ့်မည်။

ခွေးများတွင် ထိရှပြီး၊ လူများတွင်ဆင်ခြင်စရာအချို့ရကာ၊ စာအုပ်များတွင် ဦးနှောက်မုန်တိုင်း ဆင်နိုင်ကြပါလိမ့်မည်ဟု မျှော်လင့်ပါသည်။

- ခွေးများတွင် အက်ဆေး ၁၉ ပုဒ်ပါဝင်သည်။
- လူများတွင် Profiles and Interviews ၈ ပုဒ်ပါဝင်သည်။
- စာအုပ်များတွင် Books Reviews ၁၂ ပုဒ်ပါဝင်သည်။

အက်ဆေးကောင်းနှစ်သက်သူများ၊ ဆရာကျော်ဝင်းဘာသာပြန်ဆောင်းပါး နှင့် ပင်ကိုယ်ရေးဆောင်းပါးများ နှစ်သက် သူများအနေဖြင့် ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါသည်။ အောက်တွင် မာတိကာ အသေးစိတ်အားဖော်ပြထားပါမည်။

မာတိကာ
ခွေးများ (Essays)

၁။ ခွေးများ
၂။ ငြင်းရင်း၊ ခုံရင်း၊ ရန်ဖြစ်ရင်း
၃။ သူရဲကောင်းတို့ နေ၀င်ချိန်
၎။ သောဗေဒနှင့် ဒုက္ခဗေဒ ပူးတုံ၊ ခွာတုံ
၅။ သူလိုကိုယ်လို စူပါ ပါဝါ
၆။ တံတိုင်းတွေနဲ့ ကမ္ဘာ
၇။ ကျွန်တော့ မျက်မြင်၊ အိန္ဒိယ
၈။ သမိုင်းသည် နိဒါန်းမဟုတ်၊ မျဉ်းပြိုင်မဟုတ်
၉။ သမိုင်းတစ်ကျော့ ပြန်လည်ခဲ့ပြီ
၁၀။ စူပါ-ကာက သန်းတစ်ထောင်
၁၁။ မိဘမဲ့ တိုင်းပြည်၏ အမျိုးသားရေး အလွမ်းဇာတ်
၁၂။ မင်္ဂလာရှိသော နိုင်ငံရေး
၁၃။ဆင်းရဲမှုထောင်ချောက်
၁၄။ သဘောကွဲလွဲမှု အနုပညာ
၁၅။ တစ်ခုသော နွေဦး၏ လေရူးနှယ် အတွေးများ
၁၆။ သပြေရွှက်ရေ၊ ဆည်းဆာအလွမ်း
၁၇။ ဇရာ၊ သမ္ဘာ၊ ဝေဒနာနှင့် အလှကို ရှာကြည့်ခြင်း
၁၈။ မန္တလေး ဆေးကျောင်းဘေးက ပါရီကဖီးဆိုင်အိပ်မက်
၁၉။ ရွှေအမြုတေ၊ ပေါ်ပြူလာနှင့် ရောက်တက်ရာရာအတွေးများ

လူများ (Profiles and Interviews)

၂၀။ လွတ်လပ်မှု ခရုဆိတ်တာ
၂၁။ နိုဘယ်ဆုရှင်၏ ဒရမ်မာဇာတ်လမ်း
၂၂။ အစိမ်းရောင်သူရဲကောင်းများ
၂၃။ အပြောင်းအလဲနှင့် ခေါင်းဆောင်မှု
၂၄။ သမိုင်းထဲက လူနှင့် စကားပြောခြင်း
၂၅။ အိုင်ဒီအိုလိုဂျီသားကောင်လော- သမိုင်းတရားခံလော
၂၆။ သူတို့ သုံးယောက် ( သို့မဟုတ်) ၂၀၀၉ ကမ္ဘာစီးပွားရေး ကံကြမ္မာကို စီရင်ဆုံးဖြစ်ကြမည့် သူများ
၂၇။ ဟူကျင်တောင် (သို့မဟုတ်) လျှော့တွက်မရသော မာလိမ်မှူး

စာအုပ်များ (Books Reviews)

၂၈။ နဂါးနှင့်ဆင် ဆင်နှင့်နဂါး
၂၉။ ပထ၀ီနိုင်ငံရေး၏ ဂဲသြမေတြီ
၃၀။ မဟာဗျူဟာမြောက် အံ့ဖွယ်ခုနှစ်ပါး မထင်မှတ်သော ရိုက်ချက်များနှင့်
၃၁။ စာနှစ်အုပ်၊ ခေတ်ပြိုင်သမိုင်းနှင့် ပထ၀ီနိုင်ငံရေးတူရူချက်များ
၃၂။အိပ်မက်များ၏ နိဂုံးလော၊ အိပ်မက်ဆိုးကို ပြန်ဖော်ခြင်းလော
၃၃။ ကောင်းတဲ့ အရင်းရှင်စနစ်၊ ဆိုးတဲ့အရင်းရှင်စနစ်နှင့်.....
၃၄။ အိုဘားမားစန်းနှင့် လစ်ဘရယ်လှိုင်း
၃၅။ သမိုင်းဆရာရဲ့ အသပြာခရီး
၃၆။ သားအဖနှစ်ယောက်၊ ဂိုဏ်းနှစ်ဂိုဏ်းနှင့် စစ်ပွဲနှစ်ပွဲ
၃၇။ အမေရိကန်လွန် ကမ္ဘာ
၃၈။ ဟန်တင်ဟန်နှင့် တတိယလှိုင်း
၃၉။ နှစ်ကူးတွင် စစ်သားဟောင်းကြီးတစ်ဦးနှင့် ပြန်တွေ့ခြင်း

လေးစားစွာဖြင့်...

ဖိုးသူတော်
၁၀.၁.၂၀၁၀
၂၀နာရီ ၁၅ မိနစ်

Photo Source : Internet


Sunday, November 1, 2009

ဧဒင်ကို စွန့်ခွာပြီးနောက်


ဧဒင်ကို စွန့်ခွာပြီးနောက်

ဒီနေ့ မြေနီကုန်းဘက်ရောက်တာ နဲ့ စာအုပ်ဆိုင်တစ်ဆိုင်ဝင်ကြည့်ဖြစ်ရင်း စာအုပ်တစ်အုပ်ဝယ်လာတယ်။ သုံးပွင့်ညီညာစာအုပ်တိုက်က ထုတ်ဝေတဲ့ တင်ဦးခက်(နိုင်ဦး) ရဲ့ ဧဒင်ကိုစွန့်ခွာပြီးနောက် ဆိုတဲ့ စာအုပ်။ စာအုပ်က တွေးခေါ်ဆင်ခြင်သောအလုပ်ကို နှစ်ခြိုက်ခုံမင်သူများအတွက် အကူအညီအထောက်အပံ့များစွာ ရရှိပြီး သဘောကျမဲ့ စာအုပ်ဖြစ်တယ်လို့ ထုတ်ဝေသူအဖွဲ့က ပြောထားတယ်။ အထဲမှာပါတဲ့ အကြောင်းအရာများကလည်း ကောင်းမဲ့ခေါင်းစဉ်တွေဖြစ်တယ်။ မာတိကာ အညွှန်းလေးနဲ့ ညွှန်းပေးထားမယ်။


ပုံနှိပ်မှတ်တမ်း


စာမူခွင့်ပြုချက်အမှတ် - ၄၀၁၀၆၅၀၆၀၈

မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၄၀၀၉၄၀၀၆၀၉

စီစဉ်သူ - သုံးပွင့်ညီညာစာပေ

ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်

ထုတ်ဝေသည့်ကာလ - ဇန်န၀ါရီလ၊ ၂၀၀၇ ခုနှစ်

ကွန်ပျုတာစာစီ - သုံးပွင့်ညီညာ၊ ရွှေပြည်တန်

မျက်နှာဖုံးပန်းချီ - မောင်နေကြည်

မျက်နှာဖုံးဒီဇိုင်း - သန့်ဇင်ထွန်း

အဖုံးဖလင် - EMPIRE

အတွင်းဖလင် - အေဇက်

စာအုပ်ချုပ် - ဖူးပွင့်မွှေး

အတွင်းပုံနှိပ်နှင့် - ဒေါ်ခင်အေးမြင့် ( ၀၅၉၀၁)

မျက်နှာဖုံးပုံနှိပ် - ရာပြည့်ပုံနှိပ်တိုက်

တိုက်ခွဲ ၁၉၉၊ လမ်း ၅၀၊

ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။

ထုတ်ဝေသူ - ဦးတင်ကိုဦး

ရွှေရည်မြင့်မြတ်စာပေ ယာယီ (၁၀၇၃)

အမှတ် ၅၈၀/ ခ၊ အောင်ရတနာလမ်း။

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ၁၈၀၀ ကျပ်

မာတိကာ

- စာရေးသူ၏ အတ္တုပ္ပတ္တိအကျဉ်း

- သုံးပွင့်ညီညာစာပေ၏ အမှာ

ဧဒင်ကိုစွန့်ခွာပြီးနောက်

- ဘ၀နှင့်ဒဿန

- စိတ်ကူးထည်နှင့်ဝေါဟာရ

- ဒဿနမိုးကောင်းကင်

အပိုင်း (၁)

ကျွန်ုပ်တို့ ငေးနေကြသည်

- ကြယ်ငေးသူများ

- ဆော့ကရေးတီး

- ပလေတို

- အရစ္စတိုတယ်

- ရယ်ဒီမိတ်ဒဿန

အပိုင်း (၂)

ကျွန်ုပ်တို့ ခေါင်းညိတ်နေကြသည်

- ခရစ်ယာန်ဂျူး

- ပလေတိုလက်သစ်များ

- အလက်ဇန်းဒရီးယား၊ဘက္ကဒက်၊ ကိုင်ရို

- ဘုရားကျောင်းသူရဲကောင်းများ

အပိုင်း (၃)

ကျွန်ုပ်တို့ ရှာဖွေနေကြသည်

- စွန့်စားရေးသမားများ

- စာပေ

- အနုပညာ

- နိုင်ငံရေးသုခမိန်

- သိပ္ပံဒဿန သမားတွေ

- စွယ်စုံကျော်စွာ

အပိုင်း (၄)

ကျွန်ုပ်တို့ တွေးခေါ်နေကြသည်

- ရူပဗေဒသူရဲကောင်း

- ပဒေသရာဇ်ဘက်တော်သား

- ထို့ကြောင့်ကျွန်ုပ်ရှိသည်

- ပါ့(စ်)ကယ်

- နိတိအဘိဓမ္မာ

အပိုင်း (၅)

ကျွန်ုပ်တို့ ဆင်ခြင်နေကြသည်

- ဂျွန်လော့

- ဂျော့ဗာကလေ

- ဒေးဗစ်ရှူး(မ်)

- လစ်ဘရယ်ချန်ပီယံများ

- ဆယ့်ကိုးရာစုပျက်လုံး

- လူမှုရေးပဋိဉာဉ်

- ဒဿနလမ်းဆုံ

- ဖစ်တေ

- ရှယ်လင်

- အနန္တ၀ိဉာဉ်တော်

အပိုင်း (၆)

ကျွန်ုပ်တို့ ဖျက်စီးနေကြသည်

- ရှိုပင်ဟော

- စိတ်ကူးယဉ်ဆိုရှယ်လစ်

- အချိန်မတိုင်မီရောက်လာသူ

- ဒဿနမဲ့ပစ္စည်း

အပိုင်း (၇)

ကျွန်ုပ်တို့ အလုပ်,လုပ်နေကြသည်

- သဘာဝဟာမိုနီ

- ကွန်းကော့ရသေ့

- လောဂျစ်သမား

- ပရမက်တစ်

- ပညာရေးအတွေး

- အနှစ်သာရ

- ဖီနိုမီနိုလောဂျီ

- ဒဿနာစက်ရုပ်

အပိုင်း (၈)

ကျွန်ုပ်တို့ ဖြစ်တည်နေကြသည်

- ဘ၀စွမ်းအား

- ဒဿနလူကြမ်း

- ဖြစ်တည်မှုတမန်တော်

- ယန်းပေါဆတ်

- ဂါဘရီရယ်မာဆယ်

- ဟိုက်ဒေးဂါး

- ဂျိုးဆေးအော်တေးဂါးဂတ်ဆက်


Sources



1. FMI (MD), Tales of Philosophy.

2. Will Durant, Story of Philosophy

3. Dana Lee Thomas, Living Biography of Great Philosophers.

4. Bertand Russell, A History of Philosophy

5. D.D Runes, Dictionary of Philosophy

6. Nietzche, Thus Spoke Zarathusra

7. BerLin, The Age of Enlightenment

8. Hampshire, The Age of Reason.

9. White M, The Age of Analysis.

10. ဒေါ်ခင်ဆက်ရီ (ကထိက) , အနောက်တိုင်းဒဿနပညာ အတွဲ (၂)

ဒေါ်တင်တင်ထွန်း (ဌာနမှူး)

11 မောင်ကြည်သစ်,ငြင်းပယ်ခြင်းအလှ ( ၁၉၉၆ )

12 မောင်ကြည်သစ်, ဒဿနဂန္တ၀င် ( ၂၀၀၀ )

13 စာပေဗိမာန်, စာတမ်းငယ်စာပေစာတမ်းများ (ပ)တွဲ


စာအုပ်ဖတ်ပြီးသူများကို မရည်ရွယ်သောလည် မဖတ်ရသေးသော ဖတ်ဖို့စိတ်ဝင်စားသောသူများအတွက် အမြည်းသဘောပေးခြင်းဖြစ်ပါသည်။


ဖိုးသူတော်

၁.၁၁.၂၀၀၉

၁၈နာရီ ၃၅ မိနစ်။


Photo source : Internet