Saturday, October 29, 2011

The IT era, the news media and the flow of social networks


သုတနည်းပညာခေတ်၊ သတင်းမီဒီယာနှင့် လူမှုကွန်ယက်များ စီးဆင်းမှု

ယနေ့ ကမ္ဘာနှင့် အ၀ှမ်းတွင် အင်တာနက် အသုံးပြု စီးဆင်းမှုသည် ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ လူတန်းစားပေါင်း များစွာတို့သည် အင်တာနက်ကို တကိုယ်ရည် တကာယအနေနှင့်သာမက အသင်းအဖွဲ့အစည်းများထိပါ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာနေပြီ ဖြစ်ပါသည်။ ကမ္ဘာကျော် သတင်းဌာနကြီးများ၊ ကုမ္ပဏီများနှင့် အသင်းအဖွဲ့ကြီးများစွာသည် အင်တာနက် ၀က်ဘ်ဆိုဒ်များ၊ ဘလော့ဂ်များနှင့် ယနေ့ကမ္ဘာကျော် လူမှုကွန်ယက် မီဒီယာဖြစ်သော ဖေ့ဘွခ်ကဲ့သို့သော ၀က်ဆိုဒ်များကို အသုံးပြုပြီး လူထုအတွင်းသို့ ပျံ့နှံ့စိမ့်ဝင်စေပါသည်။ 

ကျနော်တို့သည်လည်း တိုးတက်သောနည်းပညာခေတ်နှင့် လျော်ညီစွာ ၎င်း ၀က်ဆိုဒ်၊ ဘလော့ဂ်၊ လူမှုကွန်ယက်များကို အသုံးပြု၍ ၎င်းတို့၏ စီးဆင်းမှု အခြေအနေကို လေ့လာနေကြပါသည်။ သုံးစွဲရင်း စောင့်ကြည့်နေကြပါသည်။ ကျနော်တို့ ယနေ့ခေတ် အလွန်အသုံးများသော ဖေ့ဘွခ်ကဲ့သို့သော လူမှုကွန်ယက်တွင် အကြောင်းအရာပေါင်းများစွာကို အချိန်နှင့် တပြေးညီ တပြိုက်နက် ပြသလေ့ရှိပါသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ မိတ်ဆွေစာရင်းထဲမှ တဦးတယောက်သော်လည်းကောင်း ၊ အဖြစ်အပျက် အကြောင်းအရာပေါင်းများစွာကို မိနစ်မခြားပဲ လူမှုကွန်ယက်များမှ တဆင့် မျှဝေလေ့ရှိကြပါသည်။

သတင်းတိုက်တခုမှ လူတဦးနှင့် လူမှုကွန်ယက်တခုခုတွင် မိတ်ဆွေဖြစ်ထားပါက ထိုသူ မျှဝေသော တိုက်နှင့်ဆိုင်သော သတင်း၊ ပြင်ပသတင်းများကို အချိန်မကုန်စေပဲ လွယ်လင့်တကူ ကြည့်ရှု့လာနိုင်ပြီ ဖြစ်ပါသည်။ ယနေ့ မျက်မှောက် သတင်း မီဒီယာများ၏ တိုးတက်မှုနှင့် လူမှုကွန်ယက် ၀က်ဆိုဒ်များနှင့် အင်တာနက် အသုံပြုမှုနှုန်း မြင့်မာလာမှုသည် တိုက်ရိုက် အချိုးကျလျက်ရှိပါသည်။

သတင်းစာတိုက်ကြီးများ၊ သတင်းဌာနကြီးများနှင့် ကမ္ဘာကျော်အရောင်းပစ္စည်း ကုမ္ပဏီကြီးများကိုယ်တိုင် လူမှုကွန်ယက်များတွင် ကိုယ်ပိုင်စာမျက်နှာများ ပြုလုပ်ပြီး စာသုံးသူလူတန်းစားနှင့် ထိတွေ့မှု အမြဲရှိစေရန် ဆောင်ရွက် နေကြပြီဖြစ်ပါသည်။

ထို့ပြင် ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသော နိုင်ငံရေးသမားများ၊ အားကစားသမားများ၊ စာရေးဆရာများနှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များသည်လည်း ထို လူမှုကွန်ယက် ၀က်ဆိုဒ်များကို တွင်တွင်သုံးကာ ၎င်းတို့၏ လက်ရှိဖြစ်ပျက်နေသော အခြေအနေ အနေအထားတို့ကို ပရိတ်သတ် အချိန်နှင့် အမျှသိရှိစေရန် ဖော်ပြနေကြပြီဖြစ်ပါသည်။

အင်တာနက် အသုံးပြုမှုတွင်လည်း အရင်ကလို ကွန်ပျူတာပီစီရှေ့ ထိုင်နေရုံမဟုတ်တော့ပဲ နေရာတကာ အလွယ်တကူ ယူသွားနိုင်သော စမတ်ဖုန်းများ၊ တတ်ဘလက်သင်ပုန်းများနှင့် ၀ိုင်ဖိုင်ဆက်သွယ်ရေးနည်းပညာများကြောင့် ကမ္ဘာနှင့်အ၀ှမ်း သတင်းပေးပို့မှု၊ သတင်းဖတ်ရှု့မှု နှုန်းထားများ မြင့်မားတိုးတက်လာနေပါသည်။

ကျနော်တို့ မြန်မာ အင်တာနက် လူမှုကွန်ယက်သုံးစွဲသူများ ( အထူးသဖြင့် ဖေ့ဘွခ် ) သည်လည်း တနေ့တခြား တိုးတက် များပြားလာနေရာ ယနေ့အခါ တဦးနှင့် တဦး သတင်းပေးပို့မှု၊ သတင်းမျှဝေမှု၊ သတင်းတင်ပြမှု စသည်တို့ကို အတော်ပင် လုပ်ဆောင်လာကြပါသည်။ နိုင်ငံအရေးကိစ္စနှင့် ပတ်သက်သော အခြေအနေမျိုးတွင်လည်း ထို လူမှုကွန်ယက်များကို အသုံးပြု၍ အခြေအတင် ငြင်းခုံးဆွေးနွေးခြင်း၊ တင်ပြပြောဆိုခြင်း စသဖြင့် အပြုသဘောဆောင်သော ကိစ္စရပ်များကို ထင်ထင်ရှားရှား ပြုလုပ်လာကြသည်ကို တွေ့ရှိရပါသည်။

အနာဂတ် မဝေးလှသော နှစ်များတွင် ပုံနှိပ်ထုတ်ဝေသော သတင်းဂျာနယ်များ ပျောက်ကွယ်သွားပြီး လူတိုင်း (နီးပါး) တကိုယ်ရည်သုံး တတ်ဘလက်သင်ပုန်းများနှင့် အွန်လိုင်းမီဒီယာကို အသုံးချကာ သတင်းနှင့် အချက်အလက်များကို အချိန်နှင့် တပြေးညီ ပေးပို့ဖတ်ရှု့လာတော့မည်ဟု ယုံကြည်မိပါသည်။

ဖိုးသူတော်
၂၉.၁၀.၂၀၁၁
၁၂း၀၅မိနစ်

Photo Source : Internet

Friday, October 28, 2011

The sunset of 2011, The very first Blog post

၂၀၁၁ နေ၀င်ချိန် အစောဆုံး ဘလော့ဂ်ပိုစ့်

၂၀၁၁ ခုနှစ်ကလည်း လွန်ခဲ့ပီးသော နှစ်တွေလိုပဲ ကုန်ဆုံးပါတော့မယ်။ ဒီနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကလည်း မနဲမနောပါပဲ။ ကိုယ်ရေးကိုယ်တာ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အရေးအခင်း တွေကစလို့ အစုံပါပဲ။

နိုင်ငံရေးကတော့ စိတ်ဝင်စားတာလည်း တပိုင်း၊ ဒီမှာဘက် နှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ သမ္မတ နိုင်ငံနဲ့၊ လွှတ်တော် ပြန်လုပ်တာ တပိုင်း အတော်လေးအပြောင်းအလဲ ဖြစ်သွားပီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဒီလို အခြေအနေမျိုးမှာ နိုင်ငံသားတယောက်အနေနဲ့ တဖက်တလမ်းက ဝေဖန်တာ၊ စောင့်ကြည့် အကဲဖြတ်တာ၊ ရှုံချဆန့်ကျင်တာ ၊ ချီးကျူးဂုဏ်ပြုတာ စတာတွေကို လူအနည်းနဲ့အများဆိုသလို သိရှိအောင် ဖော်ပြပေးလို့ရတဲ့ မီဒီယာကတော့ ဘလော့ဂ်တွေလို့ ဆိုလိုချင်ပါတယ်။

ခေတ်ရဲ့ စီးကြောင်းအရ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်၊ စာနယ်ဇင်းများအပြင် အင်တာနက်ပါ ဒီမှာဘက်ပိုင်းတွေမှာ တော်တော်လေး သုံးလာတော့ လွယ်ကူသက်သာ အချိန်မကုန်တဲ့ အင်တာနက် မီဒီယာ ပိုင်းကို ကျနော်တို့ အနေနဲ့ ရွေးချယ်လာတာ မဆန်းပါဘူး။

ဟို တုန်းက သတင်းစာ တစောင်ရဲ့ အယ်ဒီတာဟာ အယ်ဒီတာ အာဘော်လို ဟာမျိုးနဲ့ ရေးသား ထုတ်ဝေလေ့ရှိပါတယ်။ ဥပမာ ပြရရင် ဦးသိန်းဖေမြင့်ရဲ့ ဗိုလ်တထောင်သတင်းစာ သောင်းပြောင်းထွေလာ ကဏ္ဍပေါ့လေ။ ဒါမျိုးကို သဘောကျပါတယ်။ သူက အယ်ချုပ်ဆိုတော့ သူ့သတင်းစာမှာ သူ့ဟာသူ သောင်းပြောင်းထွေလာ (ဘလော့ဂ်) ရေးနိုင်ပေမဲ့ ကိုယ်က ဘာမှ မချုပ်တော့ ကိုယ့် သတင်းစာမှာ ကိုယ်ရေးရတော့မပေါ့။း)

အခုလို အခြေအနေဖြစ်လာတဲ့ ခေတ်အခါသမယမှာ ကိုယ့်နေစဉ် သတင်းစာတိုက်က ဖော်ပြခွင့်ရနေပါပီ။ ၂၀၁၁ နေ၀င်ချိန်လောက်မှာ မှ ပြန်စ ရေးသေးလဲ အချိန် နောက်မကျဘူးလို့ ယူဆပါတယ်။ ကျနော့် သတင်းစာတိုက်လေး ပြန်ဖွင့်ပါပီလို့ ဖွင့်ပွဲလေး လုပ်ပါတယ်။

အရင်လို ခံစားချက် ကဗျာတွေ၊ အက်ဆေးတွေထက် အပြုသဘောဆန်တဲ့ နိုင်ငံရေး၊ လူမှုရေး ဝေဖန်ချက် (အလွတ်သဘော- ကိုယ်ပိုင်အာဘော်း) တွေ ပိုများလာမလားလို့ ကိုယ့်ဟာကိုယ် စောကြောမိပါတယ်။

ဘလော့ဂ်ဖတ် မိတ်ဆွေတွေလဲ ဖတ်ရှု့ဖြစ်ရင် သူ့အမြင် ကိုယ့်အမြင်လေးတွေကို ပွင့်လင်းမြင်သာစွာ ပြန်လည် ရေးသားနိုင်ပါပီ။

ခုတော့ ပဏမ မိတ်ဆက်ဆိုတော့ ဒီမှာပဲ တော်ပါဦးမယ်။

ကျေးဇူးတင်ပါတယ်။

ဖိုးသူတော်
၂း၂၀ မိနစ်
၂၈.၁၀.၂၀၁၁

Photo Source : Internet