Tuesday, December 25, 2007

ခရီးသွားမည်

၂၇ ရက်နေ့ ပျဉ်းမနား( နေပြည်တော်) ကို အလုပ်ကိစ္စ နှင့်သွားစရာ ရှိပါတယ်။ ဒါကြောင့် ဘလော့ကော အင်တာနက် ကော သုံးနိုင်မယ် မထင်ပါ။ ပြန်ရောက်လာရင် သူငယ်ချင်း အပေါင်းအသင်းများကို ပြောပါမယ်။ ကျေးဇူးတင်ပါတယ်။

ဖိုးသူတော်

Thursday, December 20, 2007

ချစ်ခွင့်

ချစ်ခွင့်

ည…

ဘာလို့မှောင်နေတာလဲ…

မမေးနဲ့လေ နေမရှိလို့ဖြစ်မှာပေါ့..

လ…

ဘာလို့လင်းနေရတာလဲ..

မမေးနဲ့လေ နေ၀င်သွားလို့ဖြစ်မှာပေါ့..

သိပ်..

ဘာလို့သိပ်ထည့်နေရတာလဲ..

မမေးနဲ့လေ ပြည့်ပြီးလျှံမှာစိုးလို့ပေါ့..

ချစ်…

ချစ်တယ်လို့ဘာလို့ပြောတာလဲ..

မေးပါကွာ ကိုယ်အရမ်းချစ်နေလို့ပါ..

လသာတဲ့ ညမှာ

သိပ်ချစ်တဲ့မင်းကို စဉ်းစားရင်း

သတိရ ရာတာကိုယ့်အတွက်

ခံစားရ မှုတစ်မျိုးပါ…

သိပ်ချစ်တဲ့ မင်းကို

ညမှာ လကိုကြည့်ရင်း

စဉ်းစားရတာ ကြည်းနူးစရာပါ…

ဒါပေမဲ့…..

ကိုယ့်ကိုချစ်ခွင့်ပေးပါ…

Overall PLC

Overall PLC system.

PLC စနစ်တစ်ခုမှာ အဓိက အစိတ်အပိုင်းကြီး ၄ ခုရှိပါတယ်။ အဲဒီအစိတ်အပိုင်းကြီး ၄ ခု ကတော့

1. Central Processing Unit (CPU)

2. Programmer/ Monitor (PM)

3. I/O Module

4. Racks and Chassis တို့ဖြစ်ကြပါတယ်။

Central Processing Unit (CPU) မှာအောက်ဖော်ပြပါ အစိတ်အပိုင်းငယ် ၃ ခု ပါဝင်ပါတယ်။

အဲ့ဒါတွေကတော့…

1. Processor

  1. Memory
  2. Power supply တို့ပဲဖြစ်ပါတယ်။

PLC စနစ် ရဲ့ optional use အနေနဲ့ သုံးလို့ ရတဲ့ ပစ္စည်းတွေကတော့ Printer နဲ့ program Recorder/Player တို့ဖြစ်ကြပါတယ်။

PLC စနစ် အကြောင်းကို ဒီထက်ပိုရေးချင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ဘာသာပြန်နိုင်မှု စွမ်းရည် ညံ့ဖျင်းသောကြောင့် အချိန်ရမှ အေးအေးဆေးဆေး လုပ်ပါမယ်။ ဒါကအခြေခံ စလုံးရေစ ပါ။ ကျေးဇူးတင်ပါတယ်။

Monday, December 17, 2007

တစ်နေ့တာ

မောင်လေး ဖိုးသူတော် ဆိုပြီး မခေးရောစ့် ကတက်ထားတော့ ရေးရပြန်တာပ။ ဒီတက်တဲ့ ကိစ္စက ကျွန်တော့် အတွက် ထူးထူးဆန်းဆန်း တိုက်တိုင်ဆိုင်ဆိုင် ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့ ဘလော့လေး ၃လပြည့်တဲ့နေ့မှာ tag လုပ်ခြင်းခံရ လို့ပါ။ ကျွန်တော့ အတွက် အခြား ဘလော့ရေးတဲ့ သူတစ်ယောက်က ပထမ ဆုံးအကြိမ် တက်ခြင်းကို ကြုံရတာပါ။

ကျွန်တော့ရဲ့ လက်ရှိတစ်နေ့တာက သူများနဲ့မတူ ကွဲပြားကောင်း ကွဲပြားပါလိမ့် မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ရန်ကုန်လေဆိပ်ကြီးရဲ့ operation ပိုင်းတွေရဲ့ ပြုပြင်ထိန်းသိမ်းမှု စနစ်ကို တာဝန်ယူထား ရတဲ့ လက်ရှိ ပုဂ္ဂိုလိက ဌာန တစ်ခုက ၀န်ထမ်းတစ်ယောက် ဖြစ်လို့ပါ။ ကျွန်တော် တာဝန်ယူထား ရတဲ့ အပိုင်းတွေ က လေယာဉ် ဆိုက်ရောက်ချဉ်းကပ် ထိန်းချုပ်မှု အချက်ပြစနစ်၊ လေယာဉ် ပေါင်းကူးဆက်သွယ်တံတား၊ ခရီးသယ်အိတ်ဝန်ဆောင်မှုစနစ်နဲ့ လေယာဉ်ဆီ ဖြည့်စီးခြင်း စနစ်တို့ ဖြစ်ပါတယ်။ အဲ့ဒီစနစ်တွေက လေဆိပ်တစ်ခုရဲ့ မရှိမဖြစ် ၀န်ဆောင်မှု စနစ်တွေဖြစ်ပါတယ်။ ဒီလို စနစ်တွေကို ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ယူ ထားရတဲ့ လူတစ်ယောက်ရဲ့ တစ်နေ့တာကို ပြောပြပါမယ်။

ကျွန်တော်တို့ ပြုပြင်ထိမ်းသိန်းရေး ၀န်ထမ်းတွေမှာ Plan Maintenance တို့ Emergency Call တို့ရှိပါတယ်။ ကျွန်တော့မှာ ၂၄ နာရီ အသင့်စောင့် အနေအထားရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့ရဲ့ သာမန် တစ်နေ့တာ အနေအထား ကို ပြောပြပါမယ်။

ကျွန်တော် မနက် 8:30 am သို့မဟုတ် 9:00 am အိပ်ရာက ထပါတယ်။ ဒါကပုံမှန်ပါ။ သို့သော် တစ်ခါတစ်ရံ နံနက် 6:00 am လောက်လဲ ဖုန်းဆက်ပြီး နိုးခံရပါတယ်။ လေဆိပ် operation ကြောင့်ပါ။ အိပ်ရာထပြီ်း မျက်နှာသစ် သွားတိုက်ပါတယ်။ ရေချိုးချင်မှ ချိုးပါတယ်။ စိတ်ကူးမရှိရင် မချိုးပါဘူး။ ပြီးရင် စီမံရုံး မှာ လက်မှတ်သွားထိုးပါတယ်။ ကျွန်တော့် ရုံးခန်းမှာ လက်မှတ် နောက်တစ်ခါထက် ထိုးပါတယ်။ ပြီးရင် ဂျီတော့ ၀င်ပါတယ်။ မေးလ်စစ်ပါတယ်။ ဂျီတော့မှာ အပေါင်အသင်းများကို နှုတ်ဆက်ပါတယ်။ ပြီးရင် နံနက်စာသွားစားပါတယ်။ အချိန်ကို မှန်းကြည့်ကြပါ။ အဲ့ဒီမှာ ကျွန်တော့ရဲ့ တစ်နေ့တာ တာဝန်တွေပေါ် လာပါပြီ။ ဆိုဒ်ထဲ ( ကျွန်တော်တို့ နှုတ်ကျိုး၍ ခေါ်သောမည်) လေဆိပ် ထဲမှ အကြောင်းကိစ္စထူးမရှိ၍ ကျွန်တော်ရှိ ဖုန်းမဆက်ပါက ကျွန်တော် နံနက်စာ စားပြီး ရုံးခန်းထဲကို အေးအေးဆေးဆေး ပြန်လာပါတယ်။ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ပါတယ်။ ပြီး ကွန်ပျူတာများ အားနေပါက ဂျီတော့ ၀င်ပါတယ်။ ဘလော့တွေကို ဖတ်ဖို့ ဖွင့်ပါတယ်။ အဲ့ဒီမှာ ဂျီတော့ရင်း ဘလော့ဖတ်ရင်း ထမင်းစားချိန် ရောက်သွားပါတယ်။ ထမင်းစားပြီးပါက အပေါင်းအသင်းများကို ကော်ဖီ သွားသောက်ဖို့ နှိုးဆော်ပါတယ်။ အိုခေပါက သွားသောက်ကြပါတယ်။ ပြီးရင် ရုံးခန်းထဲ ပြန်ဝင်ပြီး ကွန်ပျူတာ ကိုင်ပါတယ်။ ဂျီတော့ ထဲကသူငယ်ချင်းတွေ ကိုကြည့်ပါတယ်။ အင်တာနက်ထဲ ဟိုဝင်ဒီဝင် လုပ်ပါတယ်။

ကျွန်တော့ အထက် အင်ဂျင်နီယာ က ဆိုဒ်ထဲသွားဖို့ပြောပါက သွားပါတယ်။ ဆိုဒ်ထဲ မှာ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ စနစ်များက အော်ပရေတာ များနဲ့တွေ့ပါတယ်။ သူတို့ကို စက်ပစ္စည်းတွေရဲ့ အခြေအနေ မေးပြီး အလုပ်အကြောင်း အနည်းငယ်ပြော ပါတယ်။ ပြီးရင် လေဆိပ် duty free ဆိုင်များကိုသွားပါတယ်။ (အဲ့ဒီမှာ ကောင်မလေး တွေရှိလို့ပါ) :P အဲ့ဒီမှာ ရောက်တက်ရာရာ စကားများပြောပြီး ရုံးပြန်လာပါတယ်။ ရုံးပြန်ရောက်ရင် ကော်ဖီဆိုင် သွားဖို့ အပေါင်းအသင်းများကိုညှိပါ တယ်။ အိုခေ ရင်သွားပါတယ်။ မအိုခေရင် ရုံးခန်းထဲ မှာ မှတ်တမ်း စာအုပ်များကို ဖြည့်စွတ်ပါတယ်။ ပြီးရင် ကွန်ပျူတာသုံးဖို့ အဆင်ပြေရင် သုံးပါတယ်။ အဲ့ဒီမှာ သုံးလိုက်တဲ့ ကွန်ပျူတာ အင်တာနက်က ည ၇ နာရီ လောက်ထိ ဖြစ်သွားတက် ပါတယ်။

ပြီးရင် ထမင်းစားဆောင်မှာ ထမင်းသွားထုတ်ပါတယ်။ ရုံးဝင်းအပြင် ဘက်တွင် ရှိသော ဆိုင်မှာ ထမင်းသွားစားပါတယ်။ ထမင်းစားပြီးပါက TV လေးနဲနဲ ပါးပါးကြည့် ဖုန်းလေးဘာလေး ဆက်စရာ ရှိဆက် လုပ်ပါတယ်။ ပြီးရင် ကွန်ပျူတာ ပြန်ကိုင်ပါတယ်။ ကွန်ပျူတာ နဲ့ သိမ်းထားတဲ့ စာအုပ်တွေ ဖတ်ချင် ရင်ဖတ်ပါတယ်။ အဲ့ဒီနောက် အဆောင်ကို ပြန်ပါတယ်။ အဆောင်ပြန်ရောက် တော့ မအိပ်သေးပါဘူး။ ရှိပြီးသား စာအုပ်ဖတ်ချင်ရင်ဖတ် မဟုတ်ရင် ကဗျာလေး ဘာလေးရေးချင် ရေးပါတယ်။ ဒါကျွန်တော့ရဲ့ ရိုးရိုးလေးတစ်နေ့တာပါ။

ဒါပေမယ့် ဆိုဒ်ထဲကနေ emergency call ခေါ်တဲ့နေ့တွေ၊ အရေးကြီး အကြောင်းကိစ္စ တစ်စုံတစ်ရာ ဖြစ်တဲ့နေ့တွေဆိုရင် ချက်ချင်း သွားရောက် ဖြေရှင်းရပါတယ်။ စက်ပစ္စည်းဆိုတာ ယုံစားလို့မရပါဘူး။ ဒါကြောင့် ၂၄ နာရီ အမြဲအသင့်လို အနေအထားရှိ နေရပြီး ဖြစ်လာတဲ့ အချိန်မှာ ဖြစ်တဲ့ စနစ်ကို အမြန်သွားရောင် ဖြေရှင်းပေးရပါတယ်။ လေဆိပ် တစ်ခုရဲ့ operation ကို မထိခိုက်အောင် ဆောင်ရွက်ရပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ တစ်နေ့တာက အေးအေးဆေးဆေး ပြီးနိုင်သလို တစ်ခါတစ်လေ လူပင်ပန်း စိတ်ပင်ပန်း ဖြစ်တက်ပါတယ်။ ဒီပိုစ့် အတွက် တက်ထားတဲ့ မခေးရောစ့် လဲကျွန်တော့ရဲ့ တစ်နေ့တာတွေကို ဖတ်ပြီးကျေနပ်နိုင်ပါစေ။ လာဖတ်တဲ့ သူတွေလဲ စိတ်ချမ်းသာ ပါစေ။

ကျွန်တော်ဆက်ပြီး တက်ချင်တဲ့ သူကတော့ ကိုစိုးထက်ပါ။ ကိုစိုးထက်ရေ လုပ်ပါအုံး အစ်ကိုရဲ့ တစ်နေ့တာလေး…။ အားလုံးပျော်ရွှင်ကြပါစေ။

ဖိုးသူတော်….

Sunday, December 16, 2007

၃ လပြည့်

ဒီနေ့ 16.12.07 ဆိုရင်ကျွန်တော့် ဘလော့ လေး ၃ လ ပြည့်ခဲ့ပါပြီ။ ပထမဆုံး ဖတ်ဖူးတဲ့ ဘလော့ က ချစ်သူလေးရဲ့အိပ်မက်များ ဖြစ်ပါတယ်။ အဲ့ဒီက မှတဆင့် ပင့်ဂိုး နောက်ပြီးတော့ ကိုရန်အောင် ဆိုသူတို့ရဲ့ ဘလော့တွေ ကိုဖတ်ဖြစ်လာတယ်။ ချစ်သူလေး နဲ့ ပင့်ဂိုး တို့ ဘလော့တွေ ဖတ်တုန်းက ကျွန်တော် ဘလော့ ကိုမလုပ်ဖြစ်သေးပါဘူး။ စက်တင်ဘာလ မှာ ဘလော့ တွေတော်တော်လေး ဖတ်ဖြစ်လာတယ်။ ဘလော့တစ်ခုက ပေးတဲ့ အင်ဖော်မေးရှင်းဟာ အခြေအနေ မှန်ကလာတဲ့ သတင်းအမျိုးအစား ဖြစ်နိုင်ပါတယ်။ ဘလော့တွေနဲ့ ဘလော့ဂါတွေ ရဲ့ သဘောထားတွေကို တဖြည်းဖြည်း သိမြင်လာပါတယ်။ ဘလော့ဆိုတာ ကျွန်တော်အမြင် လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ note book စာအုပ်တစ်အုပ်ပါ။ အဲ့ဒီ note book ကို အခြားသူများကို ဖွင့်ဖတ်စေခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီလူနဲ့ အဲ့ဒီ အချိန်ဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေ ပါနိုင်ပါတယ်။ note book ထဲမှာ သူရဲ့ ခံစားချက် စိတ်ကူးစိတ်သန်း တွေပါမယ်၊ ကဗျာတွေပါမယ်၊ မှတ်သားစရာလေးတွေ ပါမယ်၊ သီချင်းအတိုအထွာ လေးတွေပါမယ်၊ ရုပ်ပုံကားချက်လေးတွေ ပါမယ်၊ နေ့စဉ်မှတ်တမ်းလို ဟာလေးတွေပါမယ်၊ သူနဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ် ဖြစ်တဲ့ဟာ စတာလေးတွေ ပါနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီထက်ကျယ်ပြန့်တဲ့ လုပ်ဆောင်ချက် တွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဖန်တီးမှု တွေဖြစ်လာနိုင်ပါတယ်။

ဒီလိုပဲ ဘလော့ဖတ်တဲ့သူတွေကလည်း ရေးတဲ့သူရဲ့ အကြောင်းအရာလေး တွေကို သိမြင်နိုင်မယ်။ မျှဝေခြင်းကို ခံစားနိုင်မယ်၊ မှတ်သားနိုင်မယ်။ ဘလော့ရေးတဲ့ သူအချင်းချင်းလည်း တစ်ဦးနဲ့တစ်ဦး ခံစားနားလည် နိုင်ပြီး ရင်းနှီးမှုတွေ ဖြစ်လာစေနိုင်တယ်။ ဘလော့ရေးတဲ့ သူအချင်းချင်းမြင်ဖူးချင်မှ မြင်ဖူးကြလိမ့်မယ်။ ဒါပေမဲ့ သူမှတ်တမ်းစာအုပ် ကိုယ်ဖွင့်၊ ကိုယ့်မှတ်တမ်းစာအုပ်သူဖွင့် ရင်းနဲ့ ရင်းနှီးလာကြလိမ့်မယ်။ အဲ့ဒီမှာ ပိုကောင်းတဲ့ အကြံအစည်တွေ ဖြစ်ထွန်း လာနိုင်တယ်။ သူ့သန်ရာသန်ရာ တူရာတူရာပေါ့။ ပညာရေးကို စိတ်ဝင်စားတဲ့သူတွေ များလာရင် အနာဂတ် ပညာရေးကို ဘယ်လိုပုံဖော်ကြ မလဲဆိုတဲ့ အတွေးသစ်စိတ်ကူး တွေရလာနိုင်တယ်။ ထိုနည်းတူ ကျမ်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ အနုပညာအားလုံးတူရာတူရာလူတွေ စုစည်းမိမယ်ဆိုရင် သူ့အမြင်ကိုယ့်အမြင် ဖလှယ်ကြမယ်ဆိုရင် ပိုကောင်းတဲ့ အတွေးအခေါ် အယူအဆ အသစ်တွေဟာ ဒီဘလော့တွေ ထဲကိုပဲထွက်လာနိုင်ပါ တယ်။ အဲ့ဒီအတွက်ကြောင့် ပိုမိုကြီးမားကျယ်ပြန့် တဲ့ blog sphere တစ်ခုဖြစ်လာ ဖို့လိုအပ်ပါတယ်။ ကျွန်တော် အရင်ဘလော့ရေးတဲ့သူတွေ ကျွန်တော်နဲ့အတူတူ ရေးတဲ့သူတွေကော ကျွန်တော် နောက်မှ ရေးတဲ့သူတွေ ကိုကောလေးစားပါတယ်။

ကျွန်တော့် ရဲ့မှတ်တမ်း စာအုပ် ကိုဖတ်တဲ့သူ တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ၃ လ သားမှတ်တမ်း စာအုပ်ပါးပါးလေးမှသည် အများအတွက် အသုံးဝင်သော မှတ်တမ်းအထူကြီးဖြစ်အောင်ကြိုးစားသွားပါမည်။

ဖိုးသူတော်

Friday, December 14, 2007

သီချင်းနဲ့နှင်း

သီချင်း နဲ့ နှင်း

သီချင်းတွေကို ဆိုနေတဲ့နေ့မှာ

နှင်းတွေ ငိုနေတယ်..

သီချင်းသံကို ကြားတော့

နှင်းတွေ ရင်မှာ လွမ်းလို့….

နှင်းတွေဝေနေ တဲ့နေ့မှာ

သီချင်းသံ တွေနေတယ်

နှင်းတွေဝေ တာငေးနေလို့…

ငိုနေတဲ့ နှင်းတွေလဲဖွေး..

ဆိုနေတဲ့ သီချင်းသံလည်း ဆွေး..

အဲ့ဒါ…

ကိုယ့် ရင်ခွင်မှာ မင်းမရှိလို့…

ချစ်သူသိစေ

ချစ်သူသိစေ

ည…

ညတွေကို ယစ်မူးသွားစေတယ်..

လ…

လရောင်မှာ ပျော်မြူးရရှာတယ်..

စစ်…

စစ်မှန်တဲ့ ချစ်မေတ္တာကို

ရမ်း..

ရမ်းရော်ကာ မျှော်မှန်းမိလို့..

ချစ်..

ချစ်သူကို ရှာချင်တယ်..

ပန်း..

ပန်းတွေရယ် ဖူးပွင့်လို့နေတယ်..

နှင်း..

နှင်းတွေရယ် ကျလို့နေတယ်..

ညဟာညမှာ ယစ်မူးသွားတယ်

လဟာလရောင်မှာ ပျော်မြူးရတယ်

စစ်မှန်တဲ့ ချစ်မေတ္တာကို

မျှော်မှန်းကာ တမ်းတမိလို့

ချစ်သူကို ရှာနေမိတယ်..

နှင်းစက်တွေ ကြွေကာကျတော့

ပန်းပွင့်တွေ ဝေကာလှတယ်

ချစ်မိတဲ့ အချစ်အကြောင်းကို

ခင်းကျင်းကာ ပြမိနေတော့

ချစ်ရတဲ့ သူသိပါစေ ။

Sunday, December 9, 2007

ဟိုး....အဝေး

ဟိုး….အဝေး

စိတ်ကူး အတွေးတွေနဲ့

အိပ်မရတဲ့ ညပေါင်း

ထပ်ပြီးမတွေးပေမဲ့

ခွဲရတဲ့ ရက်ပေါင်း ဘယ်လောက်တောင်ရှိပြီလဲ..

ရက်စွဲတွေကို မှန်းဆ တမ်းတ

လွမ်းရတာ စိတ်ပင်ပန်းတယ်…

လွမ်းရတဲ့ ရက်ပေါင်းများစွာ

ပြက္ခဒိန် သာသိပါတယ်…

သိပ်မထူးခြားတဲ့ည

ငါ့အတွက် ထူးခြားတယ်..

မင်းကိုချစ်ရတာ အလွမ်းတွေနဲ့ရူးရတယ်..

ကျိတ်မှိတ်စွာ မလွမ်းနိုင်တော့တဲ့ ငါ

တိတ်တစွာ ထွက်ခွာသွားတဲ့ သူအတွက်

နှိပ်စက်တဲ့ အလွမ်းဒဏ်ကို အံတုရင်း

သိပ်မက်တဲ့ ကဗျာများကို

အိပ်ပျက်စွာနဲ့ ရေးရတယ်

ဩော်….. သူသိပါစေ.

GUINNESS BOOK OF WORLD RECORDS (ENGINEERING FEATS)

လက်ရှိ အနေအထား မှာအကြီးဆုံး အမြင့်ဆုံး ဆိုတဲ့ ဟာတွေပါ။

တနည်းအား ဖြင့်ဆိုရင်လဲ လူသားတွေရဲ့ အောင်မြင်မှု အသီးအပွင့်

တွေပါ။ မုဒိတာ ပွားခံစား နိုင်ကြပါစေ။

ဖိုးသူတော်


WORLD BIGGEST INDOOR SWMMING- POOL

World Water Park…..Edmonton, Albert, Canada…………..SIZE….5 Acres


WORLD'S BIGGEST SHOPPING MALL


South China Mall, Dongguan, China………892,000 meter-square
Shops on 6 floors



WORLD'S BIGGEST OFFICE COMPLEX ………… CHICAGO


Chicago Merchandise Mart…..Illinois, USA


WORLD'S BUSIEST AIRPORT …………… NEW YORK


J.F.K International Airport , New York……..USA


WORLD'S WIDEST BRIDGE ……… AUSTRALIA


Sydney harbor bridge, Australia….16 lanes of car traffic….

8 lanes in the upper floor, 8 in the lower floor


WORLD'S LONGEST BRIDGE …………… CHINA

Donghai Bridge , China ……………………32.5 kilo meters


WORLD'S BIGGEST PASSENGER-SHIP

MS Freedom of the Seas……4300 passenger Capacity Inside


WORLD'S BIGGEST PLANE …………… AIRBUS


Airbus A380………..555 Passengers


WORLD'S BIGGEST BUS

Neoplan Jumbo - cruiser…..2 in 1 bus….

double deck bus…170 passenger capacity


WORLD'S HIGHEST STATUE…………….BRAZIL


CHRIST THE REDEEMER STATUE…..RIO.D.J………BRAZIL


WORLD'S TALLEST BUILDING ………DUBAI


Burj Dubai……….900 meters high. To be finally completed 2008


WORLD'S LARGEST PALACE ………………… .ROMANIA


Palace of the Parliament…..Bucharest, Romania more than 500 bedrooms,

55 kitchens,120 sitting rooms


WORLD'S BIGGEST STADIUM ……… .BRAZIL

MARACANA STADIUMRIO DJBRAZILCAPACITY199,000


WORLD'S COSTLIEST STADIUM ……… ENGLAND


New WEMBLEY STADIUM, London….90, 000 capacities…….cost…..$1.6 billion


MOST COMPLEX INTER-CHANGE ……… TEXAS


nterstate 10 Highways Interchange……Houston, Texas.


WORLD'S BIGGEST EXCAVATOR

Built by KRUPP of Germany……

.45,500 tons……95 meters high……215 meters long


WORLD'S LARGEST MOSQUE ……………… PAKISTAN


Shah Feisal mosque…Islamabad……Pakistan Inside hall capacity ….35, 000 outside

overflow capacity…… 150,000


WORLD'S BIGGEST HOTEL ……… LAS VEGAS

MGM Grand Hotel….Las Vegas….6, 276 rooms


WORLD'S BIGGEST CHURCH BUILDING……… NIGERIA




Wi nners` C hapel…….Canaanland ………. Otta…..…Nigeria

Inside Sitting Capacity……50,000 Outside Overflow Capacity……250,000


WORLD'S MOST EXPENSIVE HOTELDUBAI U.A.E


Burj Al Arab Hotel, Dubai….only 7 Star Hotel in the World
Cheapest room…$1000 per night.…..Royal suit…$28,000 per night



WORLD'S BIGGEST ROMAN-CATHOLIC CATHEDRAL IVORY-COAST


Tuesday, December 4, 2007

Passenger Boarding Bridge

Airport Specialist System တွေထဲက တစ်ခုဖြစ်တဲ့ Passenger Boarding Bridge (PBB) ဖြစ်ပါသည်။ Twin Bridges တစ်ခုဖြစ်ပါသည်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ဂိတ် အမှတ် (၄) တွင်တပ် ဆင်ထားခြင်းဖြစ် ပါသည်။ Docking ပြုလုပ်ထား သောလေယာဉ်ပျံ မှာ Air-bus အမျိုးအစား A300-600 ဖြစ်ပါသည်။ PBB များကို အသုံးပြုခြင်း အားဖြင့် ခရီးသည် များ လေဆိပ် အဆောက်အဦ အတွင်းသို့ လွယ်ကူ လျှင်မြန်စွာ ၀င်ထွက် သွားလာနိုင်ပါသည်။ ရာသီဥတု ကြောင့်ဖြစ်သော ဖုန်မှုန့်များ၊ နှင်းကျခြင်း၊ မိုးရွာခြင်း အစရှိတဲ့ weather effect များကို ကာကွယ်ပေးပါသည်။ ခေတ်မှီလေဆိပ် အဆောက်အဦ တိုင်းတွင် မပါမဖြစ် အရေးပါသော စနစ်တစ်ခု ဖြစ်ပါသည်။

Monday, December 3, 2007

ခြားနားချက်

ဖတ်တဲ့သူများ သဘောကျမယ် ထင်ပါတယ်။

အင်တာနက် ထဲကပဲရ ထားတာပါ။

ဖိုးသူတော်



အရှေ့ဘက်သို့ခရီးသွားမှတ်တမ်း

အရှေ့ဘက်သို့ ခရီးသွားမှတ်တမ်း

ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တော့ တောင်တန်းကြီင်္း တစ်ခုကိုမှိုင်းပြပြမြင်ရတယ်။ ရင်ထဲမှာတစ်ခုခုကို လွမ်းသလိုလို.. အဲ့ဒီတောင်တန်းကြီး ဆီကိုပဲ ရောက်အောင်သွားချင် သလိုလိုဖြစ်လာတယ်။ မြေနီလမ်းကနေ ပအို့ပ် တိုင်းရင်းသူအချို့ တောင်းတွေကို ကျောမှာပိုးပြီးလာနေတာကို မြင်နေရတယ်။ သဘာဝပန်းချီကား တစ်ခုလိုပါပဲ။ တောင်ကြီးမြို့ကို လှမ်းကြည့်လိုက်တော့ ဟိုးအဝေးအမြင့်မှာ အေးဆေးငြိမ်သက်နေတယ်။ လေထဲကနေမိုးရွာမဲ့ အငွေ့အသက်ကိုရနေတယ်။ နှာခေါင်းကိုရေငွေ့ပါတဲ့လေအေးကလာတိုက်တယ်။ စီးကရက်တစ်လိပ်ကို မီးညှိပြီးဖွာလိုက်တယ်။ စိတ်ထဲမှာ သီချင်းလေးတစ်ပုဒ်ကို တိုးတိုးလေရွတ်နေတယ်။ စီးကရက်မကုန်ခင်မိုးကရွာချတယ်။ မှန်ပြတင်းကိုပြန်ပိတ်ပြီး အထဲကနေမိုးရွာတာကို ကြည့်နေတယ်။ အရာအားလုံးဟာမိုးသံမှတပါး တိတ်ဆိတ်နေတယ်။

ဒီလိုနဲ့ပဲ ကုတင်ပေါ်လှဲပြီးအတွေးတွေကိုဖြန့်ကျက်နေမိတယ်။ နှိုးသံကြားမှ ထလိုက်တော့ညနေစောင်းနေပြီ။ လှဲနေရင်းနဲ့အိပ်ပျော်သွားတာကိုး။ ထပြီးရေချိုးထမင်းစားပြီး သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ထွက်ခဲ့ကြတယ်။ လက်ဖက်ရည်ဆိုင်လဲ သွားရင်းနဲ့ပေါ့။ မိုးရွာထားလို့ လမ်းတွေအနည်းငယ် စိုစိုစွတ်စွတ် ဖြစ်နေတာ လွဲလို့လျှောက်ရတာ အဆင်ပြေပါတယ်။ မြေနီလမ်းက အရောင်တောက်နေတယ်။ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းပြီးပြန်လာတော့ ၇နာရီထိုးနေပြီ။ မနက်စောစောထရမှာမို့ စာအုပ်တစ်အုပ်ဖက်ပြီး အိပ်လိုက်တယ်။ ဒါတောင် ၉ နာရီထိုးသွားသေးတယ်။

မနက်ခင်းရောက်တော့ အေးသာယာဈေးကို အရင်သွားတယ်။ ဈေးထဲမှာ ရှမ်းခေါက်ဆွဲစား ၀ယ်စရာရှိတာတွေ ၀ယ်ပြီး ညောင်ရွှေကိုထွက်လာခဲ့တယ်။ ညောင်ရွှေ အင်းလေး မော်တော်ဆိပ်ကိုရောက်တော့ မော်တော်ငှားပြီး နာမည်ကျော် အင်းလေးဖောင်တော်ဦး ဘုရားကိုသွားဖူးတယ်။ လမ်းမှာကျွန်းမျှော စိုင်ခင်းတွေကို တွေ့တယ်။ အရင်ကစာထဲမှာပဲ သင်ရတာ တစ်ခါမှမတွေ့ဖူးဘူး။ အခုမှတွေ့ဖူးတာပါ။ ညောင်ရွှေမော်တော်ဆိပ်ကနေ အင်းလေးဖောင်တော်ဦး ဘုရားကို မော်တော်စီးရတာ ၅၅ မိနစ်ကြာတယ်။ ဘုရားရောက်တော့ ဘုရားဝတ်ပြုပြီး ဘုရားကိုရွှေသင်္ကန်း ကပ်လှူပူဇော်တယ်။ ပြီးတော့ဘုရားပုရ၀ုဏ် ကိုတစ်ပတ် ပတ်တယ်။ နေ့လည်စာကို ဘုရားမှာပဲ စားလိုက်တယ်။ နေ့လည်စာစားပြီး ဗိုလ်တဲဘက်ကို သွားကြည်တယ်။ ထူးထူးဆန်းဆန်း ဘာမှမတွေ့ခဲ့ပါဘူး။ ငါးတွေမွေးထားတာပဲ တွေ့တယ်။ မော်တော်စီးရင်း ရှေးဟောင်းဘုရားတစ်ဆူ ကိုဝင်ဖူးခဲ့သေးတယ်။ အင်းထဲမှာပဲ ကျွန်းတိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်း ကိုလဲဝင်သေးတယ်။ ဆရာတော်ကို ဒါနပြုပြီး ဘုန်းကြီးကျောင်းကို လျှောက်ကြည့် တယ်။ ဘုန်းကြီးကျေင်းမှာ ကြောင်လိမ္မာလေးတွေ အများကြီးရှိတယ်။ မုန့်ဗူးလေးကို ဂလောက်ဂလောက် လုပ်ရင် ပြေးလာကြတယ်။ ပြီးတော့ သူတို့မေးစေ့လေးကို ကွင်းပါတဲ့ တုတ်တံလေးနဲ့ ပွတ်ပေးရင် ကွင်းထဲကို ခုန်ခုန်ဝင် သွားကြတယ်။ ဆက်ကပ်ထဲက အတိုင်းပဲ။ ဒါနဲ့ပဲ ဘုန်းကြီးကျောင်းက ပြန်လာခဲ့တယ်။ အင်းလေးဈေးနေ့ မဟုတ်လို အင်းထဲမှာ သိပ်စည်စည်ကားကား မဟုတ်ဘူး။ ဓာတ်ပုံထဲမှာမြင်ဘူးတဲ့ ခြေထောက်နဲ့ လှေလှော်ပြီးကွန်ပစ် နေတဲ့ပုံလိုမျိုး လှေတစ်စင်း တွေ့တယ်။ အင်းလေက ပြန်လာပြီး ပင်းတယ ရွှေဥမင်လိုဏ်ဂူ ကိုသွားတယ်။ လိုဏ်ဂူထဲ မ၀င်ခင် အလှူငွေထည့်ပြီး ဧည့်လမ်းညွှန်တစ်ယောက် ကိုခေါ်ခဲ့တယ်။ ဧည့်လမ်းညွှန်က တော်တော်လေး ရှင်းပြပါတယ်။ လိုဏ်ဂူထဲမှာ ခေတ်အဆက်ဆက်က တည်ထားခဲ့တဲ့ မုဒြာအမျိုးမျိုး နဲ့ဆင်းတုတော်ပေါင်း ၈၀၉၄ ဆူရှိပါတယ်။ ကျောက်စက်ပန်းဆွဲ၊ နတ်ရေတွင်း၊ ဆင်ခြည်တိုင် မြင်းခြည်တိုင်၊ ကျောက်မောင်း စတာတွေကို လည်းတွေ့ခဲ့တယ်။ လိုဏ်ဂူတစ်လျှောက် မီးချောင်းတွေ ထွန်းထားပြီး ကြမ်းပြင်က ကြွေပြားတွေ ခင်းထားတယ်။ သွားတဲ့ရာသီက မိုးတွင်းဆိုတော့ လိုဏ်ဂူထဲ မှာအစိုပြန်ပြီး ကြွေပြားတွေက ရေတွေနဲ့ ချောစိစိဖြစ်နေပါတယ်။ ထူးဆန်းတာက လိုဏ်ဂူထဲမှာ တစ်ခြားဘုရားဖူး အဖွဲ့မရှိပဲ ကျွန်တော်တို့ တစ်ဖွဲ့ပဲရှိပါတယ်။ လိုဏ်ဂူအဆုံးမှာ အင်္ဂတေနဲ့ ပိတ်ထားတဲ့ နေရာတစ်ခု ရှိပါတယ်။ ဟိုတုန်းက အပြောအရဆိုရင် အဲ့ဒီနေရာက ၀င်သွားရင် ပုဂံပြည်အထိ လမ်းပေါက်သတဲ့။ ဟုတ့်မဟုတ် တော့မသိပါဘူး။ အဲ့ဒါကို စမ်းတဲ့အနေနဲ့တဲ့ ကိုရင်လေးတစ်ပါး ခွေးတစ်ကောင်နဲ့ အတူဝင်သွားဖူးတယ်တဲ့။ ပြန်တော့ထွက်မလာဘူးတဲ့။ ဒေသခံဧည်လမ်း ညွှန်ကပြောပြတာပါ။ ဒဏ္ဍာရီတစ်ခုလိုထင်ပါတယ်။ အခုတော့ အင်္ဂတေ တွေနဲ့ပိတ်ထားတယ်။ အပြန်မှာဈေးတန်း တွေခဏ၀င်ပြီး ခေါပုတ်ကြော်နဲ့ ရေနွေးကြမ်း ၀င်စားလိုက်ပါတယ်။ ကုံလုံဆရာတော် ကြီးရဲ့ကျောင်းတိုက်ကို သွားရောက်ပါသေးတယ်။ စံကျောင်းကို သွားတဲ့ ပင်းတယ အ၀င်လမ်းဟာအရမ်း ကဗျာဆန်ပါတယ်။ ကျွန်တော်ကတော့ သဘောကျပါတယ်။ ဆရာတော်ကြီး ကျောင်းကို ရောက်တော့ ဆရာတော်ကြီးကျိန်းနေတယ် ဆိုတာကြောင့်မဖူးခဲ့လိုက် ရပါဘူး။ ဆရာတော်ကြီးကျောင်းက အပြန်နာမည်ကျော် ပုတ်တလုပ် ရေကန်နား မှာ ကားခဏ ရပ်ပြီးငေးလိုက်ပါ သေးတယ်။ စိတ်ကူးထဲ မှာတော့ ဒွေးမယ်နော် တို့ ညီအမ တွေရေချိုးနေတာ တွေ့ပါတယ်။

အေးသာယာ ပြန်ရောက်တော့ မိုးချုပ်နေပါပြီ။ နောက်နေ့ မှာအေးသာယာ ဂေါက်ကွင်းကို သွားလည်ပါတယ်။ လည်လို့ကောင်းတဲ့ နေရာလေးပါ။ တောင်ကြီးကိုတော့ ညနေပိုင်းတွေ သွားဖြစ်ပါတယ်။ ဆိုက်ကယ် လျှောက်စီးတာ ပါ။ စူဠာမဏီ ဘုရားကို သွားအဖူး ဘုရားကုန်းတော်ပေါ် မရောက်ခင် မော်တော်ပီကယ် တွေ့လို တစ်ယောက်က ဆင်းလျှောက်ရသေးတယ်။ ဦးထုပ်လည်း ဆောင်းမထားဘူးလေ။

အေးသာယာ မှာထိုင်နေကြ လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရှိတယ်။ ကားဝင်းဘက်မချိုးခင် ညာဘက်ကဆိုင်လေးပါ။ ဆိုင်ကကြီးပါတယ်။ ထိုင်ခုံတွေက ရန်ကုန်ကလို မဟုတ်ပါဘူး။ ခြေထောက်တိုင်တွေ ကိုပွတ်လုံးတွေနဲ့ လုပ်ထားပါတယ်။ ပေါလစ်တွေ သုတ်ထားတယ်။ အသစ်တွေပါ။ တစ်ခုထူးဆန်းတာက လက်ဘက်ရည်ဆိုင်က အမျိုးသမီးလေးတွေ လက်ဘက်ရည်မှာ တာပါ။ ကျွန်တော်က ပေါ့ဆိမ့် လို့မှာရင် သူတို့က ကျွန်တော်နားမလည်တဲ့ စကားတစ်မျိုးနဲ့ မှာတယ်။ ဘာစကားလည်းတော့ မသိဘူး။ ဒါပေမဲ့ လာချတော့ ပေါ့ဆိမ့် ပါ။ အေးသာယာ မှာနေတာ ၂ ပါတ်ကြာတယ်။ နေလို့ကောင်းတဲ့မြို့လေး တစ်မြို့ပါ။ အတွေ့အကြုံ ဗဟုသုတ တွေ အများကြီး ရပါတယ်။ ကျွန်တော်နေထိုင် စဉ်အစစအရာရာ အကူအညီပေး ခဲ့ တဲ့ ပုဂ္ဂိုလ်တွေအားလုံး ကိုအထူးကျေးဇူးတင် ရှိပါတယ်။

ခရီးသွားဆောင်းပါးလေးကို ဖတ်သော မိတ်ဆွေတွေကို လည်း ကျေးဇူးတင်ပါတယ်။

၂၀၀၂ ခုနှစ် မိုးတွင်းကြီး သွားခဲ့တဲ့ ခရီးတစ်ခု ဖြစ်ပါသည်။

ဖိုးသူတော်

Saturday, December 1, 2007

အဖေ့မွေးနေ့

ဒီနေ့ ဒီဇင်ဘာ (၁) ရက်နေ့က အဖေရဲ့ ( ၅၂ )နှစ်မြောက်မွေးနေ့ပါ။

အဖေ အသက်ရှည်ကျန်းမာပြီးပျော်ရွှင်ပါစေ။

Thursday, November 22, 2007

ဒီမိုကရစီ ၂

ဥပဒေမဲ့ ဒီမိုကရေစီသည် မင်းမဲ့စရိုက်ဖြစ်သည်။

ဒီမိုကရေစီမဲ့ ဥပဒေသည်အာဏာရှင်စရိုက်ဖြစ်သည်။

ဒီမိုကရေစီရဲ့ မူလအဓိပ္ပယ်မှာ ဒီမို့စ် ( လူထု) နှင့် ကရေးတပ်စ် ( စိုးမိုးမှုအာဏာ)

လူထုရဲ့စိုးမိုးမှုအာဏာ ဖြစ်သည်။

ဒီမိုကရေစီ ရဲ့မူလဦးတည်ချက်ကတော့ လူအများဆုံးအတွက် အကောင်းဆုံးချမ်းသာသုခ

ပေးစွမ်းနိုင်ရန် ဖြစ်တယ်။

" The greatest happiness of greatest number "

Tuesday, November 20, 2007

ဒီမိုကရေစီ

“ အစိုးရဆိုတဲ့ အာဏာဟာအင်မတန်အဖိုးတန်တယ်။အသုံးဝင်တယ်။

ဒီအာဏာကို ပစ္စည်းအားကောင်းတဲ့သူတွေအချင်းချင်းလုကြတယ်။

ရရင်လဲ လက်မလွတ်ချင်ဘူး။တိုင်းသူပြည်သားတွေဆိုတာကတော့

ဒီအထဲမှာ တုတ်လုပ်အရိုက်ခံမဲ့အခါကျတော့မှပါရတာပဲ။ဒီလိုအာဏာ

လုကြတဲ့အခါ ‘ဒီမိုကရေစီ’ ဆိုပြီး ပြည်သူ့ဆန္ဒ ပြည်သူ့အာဏာလို့

ကြွေးကြော်အော်ဟစ်ပြီး ညာတဲ့စနစ်လဲရှိတယ်။လူတွေက တိုင်းသူ

ပြည်သားတွေက အစိုးရအာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်

ကောင်းအောင်လုပ်ပေးပါဆိုပြီးအပ်လိုက်တာပဲ။ဒါပေမဲ့လို နောက်တော့

ကျုပ်တို့ကို ခင်ဗျားတို့အုပ်စိုးတဲ့လူတွေကနှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်

သာဖြစ်နေခဲ့တယ်။လူတွေကမြှေက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့ အစိုးရ

သာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ် “

ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားပါ။

နှင်းဆီနှင့်စကားနိုင်လုခြင်း

နှင်းဆီနှင့် စကားနိုင်လုခြင်း

နှင်းဆီကကြွေးကြော်

သည်ကမ္ဘာ သူသာအလှဆုံး

ဘယ်ပန်းမှ သူ့မမှီ

သူ့အထင် သူ့အမြင်..

ကျွန်တော်ကတော့

သည်ကမ္ဘာ ချစ်သူသာ အလှဆုံး

ဘယ်သူမှ သူ့မမှီ

ကျွန်တော်အထင်..ကျွန်တော်အမြင်..

နှင်းဆီကကြွေးကြော်

ပန်းများစွာရနံ့

ဘယ်ရနံ့မှ သူ့မမှီ

သည်ကမ္ဘာ သူသာအမွှေးဆုံး..

ကျွန်တော်ကတော့

ချစ်သူပါးဝယ်

လိမ်းခြယ်သနပ်ခါး

ရနံ့ကသာ သည်ကမ္ဘာအမွှေးဆုံး..

နှင်းဆီကကြွေးကြော်

သူ့အလှ သူခင်တွယ်

သူ့ဘ၀င် သူမြင့်

သည်ကမ္ဘာ သူ့ကိုသူအချစ်ဆုံး

ကျွန်တော်ကတော့

ချစ်သူကိုခင်တွယ်

သူ့အပေါ် အချစ်ထုံး

သည်ကမ္ဘာ သူ့ကိုသာအချစ်ဆုံး…..

ဖိုးသူတော်

Sunday, November 18, 2007

ထိပ်ဆုံးသို့



ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ကဗျာလေးပါ။ အခက်အခဲအတားအဆီးတွေ ဘယ်လောက်ပဲကြုံပါစေ ရင်ဆိုင်ကျော်လွှားရင်းဘ၀အမောတွေ ပြေပြောက်နိုင်ကြပါစေ။ ဖိုးသူတော်

Saturday, November 17, 2007

အဲဒီနေ့က

အဲ့ဒီနေ့က

ကောင်းကင်ကြီးက မျက်နှာညိုမဲ

အံတွေကိုတင်းတင်းကြိတ်..

ပြီးတော့ ကြေကြေကွဲကွဲ

ငိုချလိုက်တယ်.


အဲ့ဒီနေ့က

ကောင်းကင်ကြီးရဲ့ မျက်ရည်စက်တွေကို ခံယူ

ဇာတ်သိမ်းခန်းရဲ့ နောက်ဆုံးတီးလုံးကိုနားထောင်

ပြန်မလှည့်တဲ့ခြေလှမ်းတွေနဲ့

အင်းလျားရဲ့ ကန်ဘောင်ကနေ

ကျောခိုင်းလာတယ်…..


အဲဒီနေ့က

ဝိုင်တစ်ခွက်ကို မသောက်ပေမယ့်

ဝီစကီအရက်ကိုတော့သောက်ခဲ့တယ်

စာတစ်အုပ်ကို မဖတ်ပေမယ့်

ကဗျာတစ်ပုဒ်ကိုတော့ ရေးလိုက်တယ်….


အဲဒီနေ့က

တော်တော်မမူးပေမယ့် အတော်ထူးတယ်

အသံမထွက်ပေမယ့် ရင်ထဲက ရှိုက်ငိုတယ်

ဟန်မပျက်ပေမယ့် မယိုင်အောင်ထိမ်းထားတယ်

အကြံမထွက်ပေမယ့် ဒီကဗျာကိုရေးလိုက်တယ်….။

ဖိုးသူတော်