Wednesday, July 30, 2008

ချစ်သူ အပြုံး

ချစ်သူ အပြုံး

မျက်နှာကျက် ဖြူဖြူကိုမော့ကြည့်

တွေးရင်းတွေးရင်း အာရုံမှာမင်းပဲမြင်..

လမင်းက အပြင်မှာသာလိုက်တာ…


လှိုင်းခေါင်းဖြူတွေကို ငေးကြည့်

တလိမ့်ပြီး တလိမ့်တက်လာ..

ဟိုးအဝေးမှာ ပင်လယ်ကပြာလိုက်တာ…


ချစ်တဲ့သူကို မေးကြည့်…

ချစ်ရဲ့လား ကိုယ့်ကို

ပြုံးပြကာ ခေါင်းညိမ့်..

လှလိုက်တာ ဆည်းဆာရာ…


လမင်းသာ ပင်လယ်ပြာနှင့်..

လှလိုက်တဲ့ ဆည်းဆာ..

ချစ်သူရဲ့ အပြုံးနဲ့ ယှဉ်ကာကြည့်

နေမင်းလာ အမှောင်တွေပျောက်သလို…

ငါ့ရင်မှာ ကဗျာတွေ ကြွေကာကျတယ်..

မိုနာလီဇာ ရှုံးတဲ့ည….


ဖိုးသူတော် ( ၃၀-၇-၀၈)

Tuesday, July 29, 2008

အမှတ်တရ


ညီလေး နန္ဒ ( 969) နဲနဲ ပြန်ပြင်ပေးထားတာပါ။ အမှတ်တရ အနေနဲ့ တင်ပေးထားခြင်းဖြစ် ပါသည်။



ဖိုးသူတော်


Thursday, July 24, 2008

ငါ့အတွက်မင်း

ငါ့အတွက်မင်း

ညရဲ့သခင် လရိပ်သွင်ဟာ
မင်းသာဆိုရင်
ဝန်းရံခစား
ကြယ်မင်းချင်းအလား
မော်ဖူးနေရင်း ကြွေပါရစေ…

ပြာကောင်းကင်က တိမ်လိပ်လွာဟာ
မင်းသာဆိုရင်
အကြင်နာမိုး
ရွာသွန်းဖြိုးဖို့..
ရွှေဖားလေးလို အော်ပါရစေ…

သော့သော့ခပ်နှင်း..လေပြေညင်းဟာ
မင်းသာဆိုရင်
အလိုက်သင့်နဲ့
မြေခကြွေတဲ့
သစ်ခြောက်တစ်ရွက် ဖြစ်ပါရစေ..

အရာရာ အပ်နှင်း
ဘာမဆိုမင်းပဲ..
လက်ညှိုးညွှန်ရာ..
စေပါလိုတိုင်း ..
အပြုံးမပျက်….
ထမ်းရွက်ပါမည်..
ငါ့အတွက်.. "မင်း"..
တစ်ယောက်ထဲပဲ..
"ထာဝစဉ်"
သာဖြစ်ပါရစေ…

ရှင်းသန့်ဖြူ ( ခေတ္တ- မီတ္ထိလာ)

မှတ်ချက်။

ညီမငယ်လေးတစ်ယောက် ရေးထားတဲ့ ကဗျာလေးကို သူ့ရဲ့ခွင့်ပြုချက်နဲ့ တင်ပြ ခြင်းဖြစ်ပါသည်။

ဖိုးသူတော်

Saturday, July 19, 2008

အာဇာနည်နေ့



အာဇာနည်နေ့ဟာ ယနေ့ဆိုရင် ၆၁ နှစ်မြောက် ရောက်ခဲ့ပါပီ။ မသမာသော လူတစ်စု ကြောင့် ကျဆုံးသွားရသော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား လေးစားစွာဖြင့် အလေးပြုပါသည်။ မြန်မာပြည်တွင် အာဇာနည် ပုဂ္ဂိုလ်များ ပေါ်ပေါက်ပြီး လောကပါလ တရားများထွန်းကား ပါစေ။

ယနေ့ အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်သို့ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား သွားရောက် ဂါရ၀ပြု အလေးပြုခဲ့ပါသည်။ ထို့နောက် နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်သို့ အောက်မေ့ဖွယ် အနေနဲ့ သွားရောက်ခဲ့ပါသည်။

ဗိုလ်ချုပ်အိမ်မှာတော့ အာဇာနည်အောင်ဆန်း သီချင်းများက လွင့်ပျံ့နေပါတယ်။ လမ်းတစ်လျှောက် လုံခြုံရေးများလည်းတင်းကြပ်စွာ ချထားပါတယ်။ ဒါပေမဲ့ အများပြည်သူများ အေးဆေးစွာ ၀င်ထွက်သွားလာနေကြပါတယ်။ အာဇာနည်နေ့အား နိုင်ငံသားတိုင်း အမှတ်တရ ရှိကြပြီး အာဇာနည် စိတ်ဓာတ်များ ထွန်းကားပျံ့ပွားအောင် ဆောင်ရွက်နိုင်ကြပါစေ။

ဖိုးသူတော် ( ၁၉-၇-၀၈)


Thursday, July 17, 2008

Happy Birthday mo mo lay


ဝါဆို လပြည့်နေတွင် ကျရောက်သော သူငယ်ချင်း ဒီမို ၏ မွေးနေ့မှ သည် နောက်နှစ်ပေါင်းများ စွာ ကျန်းမာ ချမ်းသာ ပျော်ရွှင်စွာ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေ လို့ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်။

ဖိုးသူတော်

Monday, July 14, 2008

ဆန္ဒ

ဆန္ဒ

ကြယ်ဖူးတွေရယ်..
အလင်းပွင့်လေးတွေ ဖြစ်လိုက်ပါတော့..

တိမ်တိုက်ညိုရယ်..
မိုးရေစက်လေးတွေ ဖြစ်လိုက်ပါတော့...

ပန်းလေးတွေရယ်..
ဥယျဉ်ငယ်လေးသာ ဖြစ်လိုက်ပါတော့..

လမင်းငယ်ရယ်..
ငါ့ကိုသာ သာလိုက်ပါတော့..

အို..ချစ်ခြင်းတွေရယ်..
သူ့အတွက်သာ အကုန်လုံးဖြစ်လိုက်ပါတော့...

ဖိုးသူတော်..
( ၁၄-၀၇-၀၈)

အတ္တ

အတ္တ

ကန်ရေပြင်ရယ် လေပြင်းကိုသယ်မလာပဲ..

လေညှင်းကိုသာ ငါ့ထံလွှတ်လိုက်ပါ..


ကျူးပစ်မောင်ရယ်.. ချစ်ခြင်းကိုသယ်လာပြီး..

သူမကိုသာ ငါ့ထံလွှတ်လိုက်ပါ..


ကြင်နာသူရယ်.. မေတ္တာနဲ့သစ္စာကိုသာ.

ချစ်တာနဲ့ ငါ့ထံလွှတ်လိုက်ပါ..


အိုလမင်းရယ်.. ဆုတောင်းလို့သာပြည့်မယ်ဆိုရင်..

ငါ့ရင်ခွင်ဟာ မင်းအတွက်ပါ..

လှမ်းလို့လာခဲ့ပါ...

ဖိုးသူတော်

(၁၄-၀၇-၀၈)

Saturday, July 5, 2008

မင်းပဲ

မင်းပဲ

အသက်ရှုမ၀တဲ့ ခုညရဲ့

အောက်ဆီဂျင်ဟာ..

မင်းပဲဖြစ်နေတော့...


ကြိုးပြတ်ဂစ်တာတစ်လက်ရဲ့..

တေးသွားသံစဉ်ဟာ..

မင်းပဲဖြစ်နေတော့..


ကာရန်မဲ့ ကဗျာတစ်ပုဒ်ရဲ့..

ရစ်သမ်တွေဟာ..

မင်းပဲဖြစ်နေတော့..


အသစ်မဟုတ်တဲ့ နှလုံးသားရဲ့..

ရင်ခုန်သံအသစ်ဟာ...

မင်းပဲဖြစ်နေတော့..


ငါ့ည.....ငါ့ဂီတ...

ငါ့ကဗျာ..... ငါ့ရင်ခုန်သံတွေဟာ..

မင်းပဲဖြစ်နေတော့..

မင်းကိုချစ်တာပေါ့.........


ဖိုးသူတော်( ၄-၇-၀၈)

Thursday, July 3, 2008

Code of Conduct For NGOs in Disaster Relif

The Code of Conduct for the International Red Cross and Red Crescent Movement and Non-Governmental Organizations (NGOs) in Disaster Relief
-
(The Sphere Project)
၁။ လူသားချင်းစာနာထောက်ထားမှုကို မရှိမဖြစ် ပထမ ဦးစားပေးဖြစ်စေရပါမည်။

၂။ ကူညီထောက်ပံ့မှုများသည် လက်ခံရရှိမည့် သူ၏ လူမျိုး၊ ဘာသာ သို့မဟုတ် နိုင်ငံသားတို့ အပေါ်တွင် မူတည်ခြင်း မဖြစ်စေပဲ ပေးအပ်ရမည်ဖြစ်ကာ ဆိုးကျိုးဖြစ်စေသော မည်သည့် အဆင့်အတန်း ခွဲခြားမှုမျိုးမျှ မရှိစေရပါ။

၃။ ကူညီထောက်ပံ့မှုများသည် နိုင်ငံရေး (သို့မဟုတ်) ဘာသာရေး သို့ အထောက်အပံ့ဖြစ်စေရန် အသုံးပြုခြင်း မဖြစ်စေရပါ။

၎။ ကျွန်ုပ်တို့သည် ပေးပို့လှူဒါန်းမှုပြုသူ အစိုးရ၏ နိုင်ငံခြားရေး မူဝါဒအတွက် လက်နက်ကိရိယာသဖွယ် ပြုမူခြင်း မဖြစ်စေရပါ။

၅။ ကျွန်ုပ်တို့သည် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ရိုသေလေးစားရပါမည်။

၆။ ကျွန်ုပ်တို့သည် ဘေးဒုက္ခဖြစ်ပွားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များကို ဖြစ်ပွားရာဒေသ၏ ထုတ်လုပ်နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းတို့ပေါ်တွင် အသုံးပြု၍ တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။ (ဒေသခံများကို ဝန်ထမ်းများခန့်အပ်ခြင်း၊ ဒေသခံများထံမှ လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ ဒေသခံလုပ်ငန်းများနှင့် ကုန်သွယ်ရောင်းဝယ်ခြင်း)

၇။ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသည် ခံစားခွင့်ရရှိထိုက်သူများသို့ ထိရောက် ပြည့်ဝစွာ ရောက်ရှိရေးအတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရမည်။
(ဘေးဒုက္ခကယ်ဆယ်ကူညီရေး ကူညီလုပ်ကိုင်သူများသည် ကူညီထောက်ပံ့ရေးပစ္စည်းများကို ခံစားခွင့်ရရှိထိုက်သူများထံမှ ဖြတ်တောက်ရယူခြင်းမျိုး မရှိစေရ)

၈။ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသည် အနာဂတ်တွင် ကြုံတွေ့နိုင်သော ဘေးဒုက္ခကပ်များမှ ခုခံကာကွယ်နိုင်စွမ်းရှိနိုင်စေရန် အခြေခံလိုအပ်ချက်များနှင့် ပြည့်စုံစေရန် စီစဉ်ဆောင်ရွက်သင့်သည်။

၉။ ကျွန်ုပ်တို့သည် ကူညီဆောင်ရွက်ပေးရမည့်သူများနှင့် ကူညီထောက်ပံ့ရေး အရင်းအမြစ်များ ပေးအပ်သူများသို့ တာဝန်ယူနိုင်မှု ရှိရမည်။


၁၀။ ကျွန်ုပ်တို့၏ သတင်းအချက်အလက်များ၊ ကြော်ငြာထုတ်ပြန်မှုများတွင် ကပ်ဘေးဒုက္ခဒဏ်ခံစားရသူများကို လေးစားသမှုပြုရမည်ဖြစ်ကာ မျှော်လင့်ချက်မဲ့နေသော အရာများအဖြစ် မဖော်ပြရ။

ဒါတွေကတော့ ခေါင်းစဉ်မှာ ပါတဲ့အတိုင်း NGO တွေအတွက် Code of Conduct လို့ခေါ်တဲ့ လိုက်နာစောင့်ထိန်းသင့်သော ကျင့်ဝတ်စည်းကမ်းလေးတွေပါ။ တစ်ခု သတိပြုစေလိုတာက ကျွန်တော်တို့လို Volunteer အဖွဲ့လေးတွေ အနေနဲ့ ဒီစည်းမျဉ်းတွေကို အပြည့်အဝ လိုက်နာဖို့ ဆိုတာ အချို့အချက်တွေမှာ ခက်ခဲပါသေးတယ်။ ဥပမာ နံပါတ် ၈ အချက်ကိုကြည့်ပါ။ နောင်ဖြစ်ပေါ်လာမယ့် ဘေးဒုက္ခကပ်ဆိုးတွေအတွက် ကာကွယ်ပြီးသားဖြစ်စေမယ့် အခိုင်အခံ့တည်ဆောက်ရေးဆိုတာ ငွေအား၊ လူအား၊ နည်းပညာအထောက်အပံ့ အများကြီးလိုအပ်ပါတယ်။ ကျွန်တော်တို့ကတော့ သစ်မရခင် ဝါးပေါင်းကွပ်ဆိုတာလို ကိုယ်တတ်နိုင်သလောက်သော လုပ်ဆောင်မှုလေးတွေကိုပဲ လုပ်နိုင်သေးတာပါ။ အခိုင်အခံ့ကြီးတွေ မလာခင်ပေါ့။ ကျန်တဲ့အချက်တွေအတွက်ကတော့ ချွင်းချက်မရှိ၊ ထောက်ခံပါ၏။ ဒီလိုမျိုး ကူညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ Volunteer တွေ၊ NGO တွေ၊ NGHA (Non-Governmental Humanitarian Agencies) တွေ အတွက် Humanitarian Charter and Minimum Standards in Disaster Response ဆိုပြီးတော့ SphereProject က Handbook တစ်ခု ရှိပါတယ်။ အဲဒီ စာအုပ်မှာ ပါဝင်တာတွေက အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

- Minimum Standards Common to All Sectors
- Minimum Standards in Water, Sanitation and Hygiene Promotion
- Minimum Standards in Food Security, Nutrition and Food Aid
- Minimum Standards in Shelter, Settlement and Non-Food Items
- Minimum Standards in Health Services
ကျွန်တော် အထက်မှာ ဘာသာပြန်ထားတာကလည်း အဲဒီ စာအုပ်ထဲက The Code of Conduct for the International Red Cross and Red Crescent Movement and Non-Governmental Organisations (NGOs) in Disaster Relief ဆိုတာကိုပဲ ကောက်နှုတ်ထားတာပါ။ ကျွန်တော်ဘာသာပြန်ထားတာ အတိအကျမဟုတ်ပါဘူးအပြည့်အစုံလည်း မဟုတ်ပါဘူး။ အတိအကျနဲ့ အပြည့်အစုံ ဖတ်ရှုချင်တယ်ဆိုရင် www.sphereproject.org ရဲ့ Download Page မှာ Download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ Chapter အလိုက် Download လုပ်လို့ရသလို တစ်အုပ်လုံးကိုလည်း Download လုပ်နိုင်ပါတယ်။ အခြားသော ဘာသာစကားတော်တော်များများနဲ့ ဖတ်ရှုလို့ရနိုင်ပါတယ်။ မြန်မာဘာသာကို ပြန်ဆိုပေးဖို့ စိတ်ဝင်စားသူများလည်း အဲဒီ website မှတဆင့် ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

အခြား အသုံးဝင်နိုင်မယ့် Link လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

- http://myanmar.humanitarianinfo.org/

- http://www.reliefweb.int/rw/rwc.nsf/db201ShortName/MIMU?OpenDocument

- http://www.reliefweb.int/rw/dbc.nsf/doc104?OpenForm&rc=3&cc=mmr

- http://myanmar.humanitarianinfo.org/map%20center/Pages/default.aspx
မှတ်ချက်။ ။ ကိုမျက်လုံး ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

Wednesday, July 2, 2008

ငါ့........

ငါ့…………

အမှောင်တွေထဲ ကြယ်တွေခုန်ဆင်း..

အလင်းမြစ်လေး စီးဆင်း..

ငါ့ အချစ်ပျိုးဥယျာဉ်လေး..လင်း..

လှလိုက်တာ……

အလင်းတွေခုန်ပေါက်..

ငါ့ရင်တွေ ခုန်လို့ပေါ့..


အရောင်တွေထဲ ဖြူနီပြာဝါတွေ ခုန်ဆင်း..

လေပြေညှင်းလေး ဖြေးဖြေးလေးတိုက်..

ငါ့ ပန်းချီကားလေး…….မင်း..

လှလိုက်တာ…

ငါ့ရင်တွေ ခုန်ပေါက်..

အရောင်တွေ လင်းလို့ပေါ့..


ငါ့…ဥယျာဉ်လေး… မင်း..

ငါ့.. ပန်းချီကားလေး… လင်း..

ငါ့…. ရင်တွေ…တုန်..

ငါ့.. အရောင်တွေ..ခုန်..

ငါ့…………….


ဖိုးသူတော် ( ၂-၇-၀၈)