Saturday, September 22, 2007

ရင်ဆိုင်မယ်

ရင်ဆိုင်မယ်
ချစ်ခဲ့တယ်ချစ်သူ
မြတ်နိုးမှုကဋ္ဋေကဋ္ဋာ
ပွင့်လင်းမှုများစွာနဲ့
ရင်နင့်အောင်ချစ်ခဲ့တယ်..

ကံကြမ္မာရဲ့လည့်ကွက်
အထိုးအနက်နဲ့ဘ၀ပျက်
ချစ်သူနဲ့နီးစက်မယ်မကြံသေး
ကွေကွင်းလို့
ဝေးခဲ့ရတယ်...

ဘ၀ရဲ့ကံကြမ္မာ
ရွံရှာလို့ထိတ်လန့်
သွေးပျက်မတက်
ခံစားခဲ့ရတယ်

အဆုံးသက်မှာ
နီးဆက်မယ်ကြံတွေး
ကံကြမ္မာရဲ့ရှေ့ရေး
မှန်းဆလို့မရနိုင်.....

ကြုံလာတဲ့ဘ၀ရဲ့လောကဓံ
အံကြိတ်ကာ ရင်ဆိုင်ဖို့စိတ်တွေး
ချစ်ရသူနဲ့ပေါင်းဖတ်ဖို့အရေး
ရင်ဆိုင်မယ် စိတ်မှာမနှေး......

PLC

PLC အကြောင်းတစ်စေ့တစ်စောင်း

Control System တွေထဲကတစ်ခုဖြစ်တဲ့ Programmable Logic Controller (PLC)

အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။

PLC တစ်ခုဟာ ရှုပ်ထွေးမှုအဆင့်ဆင့်နဲ့ ထိန်းချုပ်မှု (control) အမျိုးမျိုးကို microprocessor

အခြေခံ အထူးပြုလုပ်ထားတဲ့ computer ကနေထုတ်ပေးတဲ့ device တစ်ခုဖြစ်ပါတယ်။

Computer operating ကိုသိပ်မကျွမ်းကျင်တဲ့သူတောင် PLC ကိုအသုံးပြုနိုင်၊ ထိန်းချုပ်မှုနဲ့

ပရိုဂရမ်သွင်းမှုတွေကိုလုပ်နိုင်ပါတယ်။

PLC ပရိုဂရမ် တစ်ခုမှာ မျဉ်းကြောင်းတွေနဲ့ Ladder diagram ရေးဆွဲမှုဟာ မရှိမဖြစ်အရေးပါ

ပါတယ်။ဒီလိုရေးဆွဲမှုဟာ ထိန်းချုပ်မှု (control) ဖြစ်စဉ်တစ်ခုအတွက် အပြင်ပိုင်းဝါယာကြိုး

ဆက်သွယ်ခြင်းများလို အတွင်းပိုင်း ပရိုဂရမ် ထဲမှာပြုလုပ်ခြင်းဖြစ်ပါတယ်။

On off ပြုလုပ်နိုင်သော output device ရှိတဲ့ဘယ်စနစ်မျိုးကိုမဆို PLC ဟာ operate

ပြုလုပ်နိုင်ပါတယ်။ Output မျိုးစုံရှိသောစနစ်မျိုးကိုလည်း operate လုပ်နိုင်ပါတယ်။

Input ပိုင်းအနေနဲ့တော့ on off input device သာမက variable device တွေကိုပါ

PLC ဟာ operate လုပ်နိုင်ပါတယ်။

ပထမဆုံး PLC စနစ်ဟာ conventional computer များမှ ၁၉၆၀ နှစ်ကုန်ပိုင်း နဲ့ ၁၉၇၀

အစောပိုင်းတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ၎င်း ပထမဦးဆုံး PLC များကို automotive plants

တွေမှာအများဆုံးတပ်ဆင်သုံးစွဲခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ PLC ထုတ်လုပ်မှုဟာ ကျယ်ပြန့်လာပြီး PLC ဈေးကွက်ဟာ ၁၉၇၀ မှာ အမေရိကန်

ဒေါ်လာ သန်း ၈၀ ကနေ တစ်နှစ်ပြီးတစ်နှစ်ကြီးထွားလာရာ ၁၉၉၀ မှာ ဒေါ်လာ သန်းတစ်ထောင်

ထိဖြစ်လာခဲ့ပါတယ်။ယနေ့ခေတ်မှာ PLC အသုံးပြုမှုဟာ ပိုမိုတိုးတက်လာပြီး အဆင့်မြင့် စက်ရုံ၊

အလုပ်ရုံ တွေနဲ့ အဆောက်အအုံတွေရဲ့ထိန်းချုပ်ပိုင်းများမှာ မရှိမဖြစ်သုံးစွဲနေကြပါတယ်။

PLC ရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများ

ပစ္စည်းတစ်ခုကို စတင်တီထွင်ထုတ်လုပ်ပြီဆိုတာနဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိလာပါတယ်။

ထို့ကြောင့် PLC ရဲ့ကောင်းကျိုး၊ဆိုးကျိုးများကိုဖော်ပြလိုက်ပါတယ်။

PLC ရဲ့ကောင်းကျိုးများ

  1. Flexibility
  2. Implementing Changes and Correcting errors
  3. Large Quantities of Contacts
  4. Lower Cost
  5. Pilot Running
  6. Visual Observation
  7. Speed of Operation
  8. Ladder programming Method
  9. Reliability and Maintainability
  10. Simplicity of Ordering Control System Components
  11. Documentation
  12. Security
  13. Ease of Changes by Reprogramming တို့ဖြစ်ကြပါတယ်။

ဆိုးကျိုးတွေအနေနဲ့ကတော့

  1. Newer Technology
  2. Fixed Program Application
  3. Environmental Consideration
  4. Fail – Safe Operation
  5. Fixed-circuit Operation တို့ဖြစ်ကြပါတယ်။

Thursday, September 20, 2007

တိမ်

၁၀တန်းတုန်းက ကဗျာလေးတစ်ပုဒ်သင်ခဲ့ရတယ်။ Cloud Zoo တဲ့။ရေးတဲ့သူက NormaGillettပါ။အဲဒီမှာကဗျာဆရာကတိမ်တွေကိုကြည့်ပြီးပုံစံတွေပြောတယ်။
ဝေလငါးပုံ၊မြွေပုံအစရှိသဖြင့်ပေါ့။ကျွန်တော်လဲတစ်ခါတစ်ခါအဲ့လိုပဲတိမ်တွေကို
မော့ကြည့်ပြီးပုံစံတွေဖော်ဖူးတယ်။အမျိုးမျိုးပေါ့။တိမ်တွေကိုကြည့်ရတာ
ပြောပြလို့မရတဲ့ခံစားချက်မျိုးကိုခံစားရတယ်။သူတို့ကိုအကြာကြီး
ကြည့်နေရင်သူတို့ရွေ့သွားသလိုကိုယ်ပါလိုက်ရွေ့သွားတယ်။
တစ်ခါတစ်ခါအတိတ်ဆီ…
တစ်ခါတစ်ခါအနာဂတ်ဆီ….
ဒါပေမဲ့ကောင်းကင်မှာတိမ်မရှိပဲ
ကြည်ပြာရောင်ကောင်းကင်ကြီးပဲဖြစ်နေရင် တော့ဟာတာတာနဲ့…တစ်ခုခုလိုနေသလိုလို..
တိမ်ညိုတိမ်မဲကြီးတွေနဲ့
ညိုတိုတိုတိမ်တွေ အလိပ်လိပ်အများကြီးဖြစ်နေရင်တော့
စိတ်ထဲမှာအုံ့အုံ့ဆိုင်းဆိုင်းနဲ့ မသက်မသာခံစားရတယ်။
တစ်ခါတစ်လေ ကံကောင်းရင်တိမ်တောက်တာတွေဘာတွေမြင်ရတယ်။နေ၀င်ခါနီး တိမ်တောင်တွေနောက်မှာနေမင်းကြီးကလင်းနေတယ်..ဒါပေမဲ့မမြင်ရဘူး။
အရှေ့ကတိမ်ကအရမ်းလှတာ။အဲဒါမျိုးတွေပေါ့။နေရောင်ခြည်တောက်တောက်..
ကောင်းကင်ပြာပြာမှာတိမ်ဖြူုဖြူတွေထွေးလိုက်ထွေးလိုက်သွားနေတာကိုမြင်ရင်
အရမ်းပျော်တယ်အရမ်းသဘောကျတယ်။CloudZoo ဆိုတဲ့ကဗျာလေးကိုရေးပေးလိုက်တယ်။

Cloud Zoo

I thought I saw a cloud whale

Sail through a sea of blue:

It changed into an elephant

Of most unusual hue,

And even as I marveled,

It split itself in two.

I watched a long white serpent

Winding its cloudy way,

To pounce upon a cloud frog

That unsuspecting lay.

The little frog became a bird

And slowly flew away.

All afternoon I watched them,

Such magic as they Knew!

I saw a white rhinoceros,

And white flamingos, too,

Till evening shut her deep blue tent

Over my private zoo.

[Norma Gilett]




ချစ်ကြသည်

ကျွန်တော်သိပ်မကြာခင်က ကြားခဲ့ရတဲ့ဟာသတစ်ပုဒ်ဖြစ်ပါတယ်..

ကျွန်တော်တို့ခေါင်းဆောင်ကြီးဟာကျန်းမာရေးအခြေနေမကောင်းလို့ ဆေးရုံတက်
နေရတယ်တဲ့။ အောက်ဆီဂျင်တွေဘာတွေပေးထားရပါတယ်။
အခြေနေမကောင်းဘူးပေါ့ဗျာ။ တစ်နေ့ဆေးရုံကို ဒုတိယခေါင်းဆောင်ကြီး
ရောက်လာပြီးခေါင်းဆောင်ကြီးကိုအဘသက်သာရဲ့လားအဘ..အဘဘာဖြစ်ချင်လဲ..
ဘာလုပ်ချင်လဲပြော တဲ့။ အဘဖြစ်ချင်တဲ့ဆန္နရှိရင်ပြော..ကျွန်တော်အားလုံးလုပ်
ပေးမယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာခေါင်းဆောင်ကြီးပြောလိုက်တာက…
ဟေ့ကောင်..မင်းနင်းထားတဲ့ငါ့အောက်ဆီဂျင်ပိုက်ကိုလွှတ်လိုက်တဲ့။

ရင်ကွဲခြင်း

တဖြောက်ဖြောက်ရွာနေတဲ့ မိုးစက်တွေအောက်

ကဗျာတစ်ပုဒ်ကိုပေါင်းသင် အလွမ်းတွေကိုရေလောင်း

သူ့အကြောင်းကိုတွေး ကဗျာသစ်ပင်ကိုစိုက်ပျိုး

ရက်တိုးလို့ကြီးရင့်လာ ဒီကဗျာသစ်ပင်ဟာ

အလွမ်းတွေနဲ့ပွင့်ဖူး ရူးခဲ့တဲ့စိတ်ကူးတွေ…..

မိုးစက်တွေနဲ့မျှော အလွမ်းတွေကြွေကျ

ကဗျာသစ်ပင် ပေါင်းမြက်တွေထ..

ရင်တစ်ခုလုံး ဘုံးဘုံးကြွေကျ…….

နားလည်ပေးပါ

နှလုံးသားရဲ့ ချစ်ခြင်းနေရာ

ဖြည်းဖြည်းလေး ချင်းနင်းလို့ဝင်လာ

တစ်စတစ်စနေရာယူ သူဘယ်သူလဲ…..

ရေရာစွာ အဖြေရှာကြည့် ကိုယ်ကသိနေသော်လည်း

တွေဝေကာနေမိ သေချာစွာ

ကိုယ်ကိုကိုယ်ရင်မဆိုင်ရဲမင်းဘယ်လိုလဲ…

သူ့အတွက်ကိုပေးဆက်ချင်

သူ့လိုအင်ဟူသမျှ ဖြည့်ဆည်းဖို့ကိုယ် အသင့်ရှိ

နှလုံးသားရဲ့ဆန္န ဘ၀နဲ့အံမကျရင်

ဝေမျှလို့နားလည် သူနားလည်နိုင်ပါမလား….

တောင်းပန်ခြင်း

တောင်းပန်ခြင်း

လေညှင်းလေးနဲ့တူတဲ့အချစ်ရယ်
ငါ့နှလုံးသားပန်းခင်းလေးကို
ခဏတာတိုက်ခက်ပြီး
တစ်ဘ၀စာအတွက် အလွမ်းတွေချန်မထားခဲ့ပါနဲ့..
နှလုံးသားကနုနုလေးမို့ပါ…

လေညှင်းလေးနဲ့တူတဲ့အချစ်ရယ်
ငါ့အနာဂတ်မနက်ဖန်ကို
မုန်တိုင်းတွေအဖြစ် ပြောင်းလဲမပြစ်ပါနဲ့
မနက်ဖန်မှာ လေပြင်းတွေကို
နှလုံးသားကခံနိုင်ရည်မရှိလို့ပါ….

လေညှင်းလေးနဲ့တူတဲ့အချစ်ရယ်
ငါ့အချစ်တွေရှိတဲ့နှလုံးသားကို
လေပွေဝဲလိုဝေ့လို့မသွားပါနဲ့
နှလုံသားလေး ဆက်ဆက်ခါသွားမှာစိုးလို့ပါ…


လေညှင်းလေးနဲ့တူတဲ့အချစ်ရယ်
ငါ့နှလုံးသားကို ဖြည်းဖြည်းလေးတိုက်ပြီး
တိုးတိုးလေးသာထွက်သွားပါ..
နှလုံးသားက တိတ်တိတ်လေးလွမ်းပြီးကျန်ခဲ့မှာပါ……..

နှလုံးသားရဲ့ဖြစ်စဉ်

နှလုံးသားရဲ့ဖြစ်စဉ်

ရင်ခုန်ရင်အချစ်လို့ပြောကြတယ်
ရင်ခုန်သူကိုချစ်ချင်တဲ့ နှလုံးသား
နှလုံးသားရဲ့ရင်ခုန်သံကို
ရင်ခုန်သူကို ကြားစေချင်တယ်
နှလုံးသားက အသစ်ဆက်ဆက်ပါ…..

နူးညံ့တဲ့နှလုံးသားပါ သန့်စင်တဲ့ချစ်မေတ္တာ
ကြင်နာတဲ့နှလုံးသားပါ အေးမြတဲ့ချစ်မေတ္တာ
ချစ်တက်တဲ့နှလုံးသားပါ စာနာတဲ့ချစ်မေတ္တာ
အရောင်မဆိုးတဲ့နှလုံးသားပါ ဖြူစင်တဲ့ချစ်မေတ္တာ..

နှလုံးသားရဲ့ချစ်ခြင်းတရား
အသွားအပြန်ရှိတဲ့ မေတ္တာကို
အလျားအနံရှိတဲ့ ပေတံနဲ့
တိုင်းတာချင်ရင်တော့ ရလဒ်က
ကိန်းသေတန်ဖိုးတစ်ခုဖြစ်မှာပေါ့…

နှလုံးသားရဲ့ကိန်းသေ
ရင်ခုန်သံကိုတည်ချစ်ခြင်းနဲ့စား
ရလဒ်ကိုသတ္တူ့ချကြည့်
အလွမ်းတွေကြွင်းရင်တော့….

အကြွင်းတွေကိုချန်ထား
ချစ်ခြင်းမေတ္တာတရားနဲ့
ရင်ခုန်သံကိုထက်တူပြု
အလွမ်းတွေကိုစုရင်
သတိရခြင်းတွေတော့ကျန်နေလိမ့်မယ်
ချစ်သောနှလုံးသားရေ…….

ချစ်တယ်..

ချစ်တယ်

ချစ်တယ်
တိတ်ဆိတ်စွာညရဲ့စက္ကန့်တံတွေဟာ
အာရုဏ်ဦးဆီသို့ရွေ့လျားသွားတယ်
အချစ်တွေဟာ မိနစ်တံတွေနဲ့အတူ
မနက်အလင်းဆီသို့ လိုက်လာတယ်…

ချစ်တယ်
နံနက်ခင်းရဲ့တေးသီငှက်တွေဟာ
နေခင်းအလင်းဆီသို့ ပျံသွားကြတယ်
နူးညံ့တဲ့တိမ်တိုက်တွေနဲ့အတူ
အချစ်ငှက်ဟာမင်းဆီပျံသန်းလာတယ်…

ချစ်တယ်
လှပတဲ့တိမ်တိုက်တွေဟာ မွန်းလွဲစရဲ့နေကို
တောက်ပစွာတန်ဆာဆင်ကြတယ်
ကိုယ့်ရဲ့အချစ်ငှက်ဟာမွန်းလွဲစနေကို
ကာရံမဲကဗျာတစ်ပုဒ်ဖန်ဆင်းခိုင်းတယ်….

ချစ်တယ်
သိပ်ချစ်တဲ့အကြောင်းကို အိပ်တန်းဝင်ငှက်တွေက
အဖော်ခေါ်ရင်းဆိုညည်းကြတယ်
ကိုယ့်ရဲ့တေးသီငှက်က ချစ်တေးတွေဆိုကျုးရင်း
နှလုံးသားရဲ့ရင်ခွင်နန်းကို ခိုနားလို့ပျံလာတယ်..

သိပ်ချစ်လို့သံစဉ်ကျုးမိတယ်
တကယ်ချစ်ခဲ့တဲ့ ချစ်သူရယ်…..

Wednesday, September 19, 2007

ဘလော့ဂ်စတင်ခြင်း

ဘလော့ဂ် တွေနဲ့ရင်းနှီးတာမကြာသေးပေမဲ့ ဘလော့ဂ်တွေရဲ့အနှစ်သာရနဲ့ ဘလော့ဂ်ဂါ တွေရဲ့သဘောထားတွေကိုသိလာရတယ်။ပထမဦးဆုံးဖတ်မိတဲ့ဘလော့ဂ်ကတော့ကျွန်တောသူငယ်ချင်း
ချစ်သူလေး ရဲ့ဘလော့ဂ် ဖြစ်ပါတယ်။နောက်ဖတ်ရတာကကိုရန်အောင်၊ပြီးတော့မရွှေထက် အားလုံး ဘလော့ဂ်ဂါ ကောင်းတွေဖြစ်ပါတယ်။နောက်ကျန်တဲ့သူတွေလဲအများကြီးရှိသေးတယ်။
အမ အရင်းလိုခင်တဲ့မိုးချစ်သူကလည်းအားပေးတယ်။ဒါနဲ့ကျွန်တော်အရင်ပဒုံမာ မှာသုံးတဲ့ဖိုးသူတော်ဆို
တဲ့နာမည်နဲ့ပဲကျွန်တော် ဘလော့ဂ် ကိုဖန်တီးလိုက်တယ်။အလုပ်ကတစ်ဖက်ရှိတော့အရင် သူများဟာတွေကိုဖတ်တယ်။c-box မှာရေးပေးသွားတယ်။ခုတော့ကျွန်တော်ဒီအတွက်ကိုအချိန်ပေးပြီး
ရေးပါမယ်။ ပို့စ် အသစ်တင်တာကြာရင်လည်းစိတ်မဆိုးကြပါနဲ့။အားလုံးကိုလေးစားခင်မင်လျက်ပါ။