Tuesday, August 12, 2008

မသေချာခြင်း

မသေချာခြင်း

ပြာလဲ့လဲ့ မီးခိုးငွေ့တို့
လွင့်တက်သွား….
ဟိုးအဝေးမှာ ကျန်ခဲ့တဲ့ မြို့ငယ်..
အမှောင်ထဲကို တိုးဝင်သွားတဲ့
သင်္ဘောငယ်….

အနာဂတ်များစွာနဲ့
လူတွေလိုက်ပါသွားတယ်..
အနာဂတ်များစွာနဲ့
လူတွေ ကျန်ခဲ့တယ်..

လူးလွန့်တဲ့ လှိုင်းတွေလို..
လူ့ဘ၀ရဲ့ လှိုင်းတွေထဲ..
ငါတို့ ပစ္စုပန်ကို သေချာ ကိုင်ထား..

မှိုင်းပြပြ မီးရောင်အောက်မှာ..
ရေးနေတဲ့ ကဗျာက ငါ့အတွက်
ပစ္စုပန်လား..

သေချာပါတယ်..
အခုက ပစ္စုပန်ဆိုရင်
မနက်ဖန်က အနာဂတ်လား..
မနက်ဖန်သာ ပစ္စုပန်ရောက်သွားရင်
အခုက အတိတ်လား..

ဒီလိုပါပဲ…
သင်္ဘောငယ်လေး အမှောင်ထဲကို
တရွေ့ရွေ့သွားနေတယ်..
တချက်ချက် ဩဥဆွဲဖို့တော့
မမေ့နဲ့ပေါ့..

ဖိုးသူတော် ( ၄-၈-၀၈)

2 comments:

မျက်လုံး said...

ကိုသူတော် မိုက်သဗျာ ..။

Chaos said...

မသေချာခြင်း ပတ်လည်ဝိုင်းနေတဲ့ ပတ်ဝန်းကျင်မှာ သေချာမှုတစ်ခုကိုများ အမှတ်မထင်တွေ့လိုက်ရင် မလွတ်တမ်းဆုပ်ကိုင်ရင်း မရေရာနေတဲ့ လူ့ဘ၀လမ်းကြီးကို ပြီးအောင် လျှောက်နေရတယ်