တကယ်တော့…
တိတ်ဆိတ်မှုက ဆူညံနေတယ်
ငြိမ်သက်မှုက ၀ုန်းဒိုင်းကြဲပြီး
အမှောင်တွေကလည်း လင်းလိုက်တာလွန်ပါရော..
တကယ်တော့…..
ငါ့ဘ၀က စီးကရက်တစ်လိပ်လိုပါပဲ..
မသောက်ဘဲနဲ့တောင် တမြေ့မြေ့လောင်ကျွမ်း….
ရက်စက်မှုက နူးညံနေတယ်…
ဥပေက္ခာက မေတ္တာထားပြီး..
မုသားတွေက သစ္စာထားနေလိုက်တာ..
တကယ်တော့..
ဘ၀ဆိုတာ ဘ၀ပါပဲ…
အမှိုက်တွေနဲ့ပေါ့….
2 comments:
အမှောင်တွေက လင်းလွန်းနေ သတဲ့လား.........
ငါတို့ ဘဝတွေ က မီးမညှိရ သေး ခင် ကထဲက
အလှပ ဆုံး လောင်ကျွမ်း နေခဲ.ရတာ ပါ.......
ကြိုက်တယ်ဗျာ.......
ခံစားချက်ချင်းတူလွန်းတယ် ........
ဆန့် ကျင်ဘက်တွေနဲ့ ဖွဲ့ ထားတဲ့ ကဗျာလေး လှတယ်ဗျာ။
Post a Comment