Sunday, June 22, 2008

လမင်းငယ်ထွန်းလင်းပေးပါ

လမင်းငယ်ထွန်းလင်းပါ


ရက်စွဲတွေတိုပေမဲ့ သံယောစဉ်တွေရှည်လျားသွား..

ချစ်ခြင်းရယ် ဒီရင်ကိုဝင်လာတော့.

လမင်းငယ် လင်းနေလိုက်တာ..

ငါ့ရင်ခွင် အရောင်တွေတောက်လို့ပေါ့


ရက်စွဲရယ်တိုပေမဲ့ ချစ်ခြင်းတွေရင်ကိုဖမ်းစား..

လမင်းငယ် လင်းနေလိုက်တာ..

နေမင်းတောင် ခေါင်းငုံနေရ..

ငါ့ရင်မှာ ပန်းတွေပွင့်ပေါ့...


ရက်စွဲရယ်တိုပေမဲ့ ငါမင်းကိုချစ်တာ..

ငါ့ရင်ခွင် ငါပြန်မေး ချစ်ခြင်းတွေရင်မှာပြည့်လို့..

ငါမင်းကိုချစ်သွား..

ငါ့နှလုံးသားပန်းခင်း.. ချစ်ပန်းတွေဝေပေါ့


လမင်းရယ် ဒီရင်မှာ..

ထွန်းလင်းပါ အမြဲတန်း..

ငါ့ကမ္ဘာ ငါ့မလည်..

အမြဲတမ်း မင်းလင်းဖို့..

ငါ့ကမ္ဘာ ငါရပ်ထားပါ့မယ်..

လမင်းရယ် နှလုံးသားမှာ..

အမြဲတမ်း ထွန်းလင်းထားပါ..


ချစ်ခြင်းများစွာဖြင့်..

ဖိုးသူတော် ( ၂၂-၆-၀၈)

No comments: