Thursday, June 12, 2008

အချစ်အတ္တ

အချစ်အတ္တ
အတ္တမြစ်ကစီးဆင်း အလင်းတချို့တ၀က်
အကွေ့အကောက်နဲ့ အမှောင်တ၀က်တပျက်
လင်းမှာလား မှောင်မှာလား..

အချစ်လှေတစင်းမျှော.. ပဲ့တွေနဲ့
မှောက်မှာလား.. လှော်မှာလား..
ဘယ်တွေ ညာတွေ ရမ်းမနေနဲ့..

ရေဆန်လား လေဆန်လား…
မျှောမှာလား… မြောမှာလား…
ကကြိုးမညီတဲ့ တေးသွားများ

အတ္တရဲ့ အချစ်
စစ်..မစစ်.. မင်းရဲ့အချစ်က..
အရေးကြီးသည်…တဲ့..

ဖိုးသူတော် + ဘလာဂေါက် ( ၁၁.၀၆.၀၈)

No comments: