Tuesday, March 4, 2008

အိပ်မက် မက်ဝံ့သူများ

အိပ်မက်မက်ဝံ့သူများ ဆိုတာကို ရေးဖို့ ကြံနေတာကြာပါပြီး။ အလုပ်များရှုပ်နေတာက တစ်ကြောင်း၊ မီးမလာတာက တစ်ကြောင်းကြောင့် အခုမှ ပထမ အပုဒ်ကို တင်လိုက်တာပါ။ စုစုပေါင်း ၃ ပုဒ်ပါ။ ဖတ်ရတာ စိတ်ဓာတ် တက်ကြွဖွယ် အလွန်ကောင်းပါတယ်။ နောက်နှစ်ပုဒ် ကို ဆက်ရေးမှာပါ။

အိပ်မက်မက်ဝံ့သူများ

နိုင်ငံတို့၏ သမိုင်းတွင် `ပါရဂူ´ ဆိုသူတို့ကို ဂရုမစိုက်ပဲ မိမိတို့ စိတ်ကူးစိတ်သန်းဖြင့် တီထွင်ခဲ့ကြသော စီးပွားရေး လုပ်ငန်းရှင်များ၏ ဒဏ္ဍာရီ ပုံပြင် သဖွယ် အကြောင်းအရာများဖြင့် ပြည့်နှက်လျက်ရှိ၏။ သိပ္ပံ ပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်နှင့် ကွန်ပျူတာ ဉာဏ်ကြီးရှင် ဘီလ်ဂိတ်စ်တို့လို့ ပုဂ္ဂိုလ်မျိုးမှအပအခြားမထင်မရှား လုပ်ငန်းရှင်များ ထောင်ပေါင်းများစွာရှိကြ၏။ သူတို့သည် မိမိတို့၏ စိတ်ကူးအမြင်နှင့် ဇွဲလုံ့လတို့ကို အရင်းတည်ကာ အောင်မြင်မှုကို ဆွတ်ခူးရရှိသွားကြ သူမျာဖြစ်၏။

အောက်တွင် ယင်းသို့သော လူမသိသူမသိ အညတြ အောင်မြင်သူအချို့ အကြောင်းကိုဖော်ပြလိုက်ပါ၏။

ကြောက်ဖွယ့် နောက်ဆုံးရက်ချိန်း

၁၉၈၉ ခုနှစ်၊ တစ်ခုသောဆည်းဆာညတွင် ဖြစ်သည်။ စကော့မက်ဂရီဂေါ် (၄၅ ) နှစ်သည် ကယ်လီဖိုးနီးယားပြည်နယ် `ဝေါလ်နပ်စရီ´ မြို့ရှိ သူ၏နေအိမ်၌ ကွန်ပျူတာတစ်လုံးဖြင့် တကုပ်ကုပ် အလုပ်လုပ်နေ၏။ ကွန်ပျူတာဖန်သားပြင်ပေါ်မှ သူ၏ မောပန်းနွမ်လျနေသော မျက်စိအကြည့်ကိုလွဲဖယ်ပြီး မီးဖိုချောင်ထဲသို့ လှမ်းမျှော်ကြည့်လိုက်၏။ ထိုအခါသူ၏ ဆယ်ကျော်သက် အမြွာပူး သားနှစ်ယောက်ဖြစ်သော `ခရစ္စ´ နှင့် `ထရာဗစ်´ တို့အား သူတို့၏ မိခင် `ဒီအန်´ နှင့်အတူ နွားနို့ဝယ်ရန်အတွက် ရှိသမျှ ငွေအကြွေစေ့ကလေးများကို စုပုံနေကြသည်ကို မြင်တွေ့လိုက်ရ၏။

ယခုလို ချို့ငဲ့ ရခြင်းမှာ မိမိတွင် အပြစ်မကင်းသလို ခံစားလိုက်ရသော မက်ဂရီဂေါ် သည် သူတို့သုံးယောက် ရှိရာ မိဖိုးခန်းထဲသို့ ၀င်သွား၏။ `မင်းတို့ ခုလို ဖြစ်ရတာ ငါ့ကြောင့်ပဲ၊ နောက်တစ်ခါ ဒါမျိုး မဖြစ်ရအောင် ငါမနက်ဖန်ပဲ အလုပ်သွားရှာမယ်´ `ဖေဖေ မသွားရဘူး´ ဟုသားငယ် ထရာဗစ်က ကန့်ကွက်၏။ ခရစ္စကလည်း `ဖေဖေ့ ဟိုကစ္စအောင်မြင်ခါနီးပြီ မဟုတ်လား´ဟု ၀င်ပြော၏။

လွန်ခဲ့သော ၂- နှစ်လောက်က မက်ဂရီဂေါ် သည် မိမိတွင် ပေါ်လာသော စိတ်ကူးတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် လုံခြုံစိတ်ချရသော အတိုင်ပင်ခံအလုပ်မှ နှုတ်ထွက်လာခဲ့၏။ သူအလုပ်လုပ်ခဲ့သော ကုမ္ပဏီမှာ လေဆိပ်နှင့် ဟိုတယ်များ ခရီးသွား လုပ်ငန်းရှင်များအား ဆယ်လူလာဖုန်းများ ငှားရမ်းသော ကုမ္ပဏီတစ်ခု ဖြစ်၏။ သို့သော် ခေါက်ချိုး၍ရသော ယင်းဆယ်လူလာဖုန်းများတွင်ခေါ်ယူ ဆက်သွယ်မှုများအတွက် မှတ်တမ်းတင် `မီတာ´ မပါရှိကြချေ။ ထို့ကြောင့် အချို့ ကုမ္ပဏီများက မိမိတို့ အလုပ်သမားများအား ဆယ်လူလာဖုန်း ငှားရန်းအသုံးပြု ဆယ်သွယ်ခ များကို ပြန်လည်ထုတ်ပေးခြင်း မပြုကြချေ။ ယင်းအခက်အခဲကို ဖြေရှင်းရန်မှာ ဆယ်လူလာဖုန်းထဲ၌ ဆက်သွယ်မှုမှတ်တမ်းတင်ပေးမည့် ကွန်ပျူတာ `ချစ်´ကလေးတစ်ခုထည့်သွင်းတပ်ဆင်ပေးဖို့ပင်ဖြစ်၏။ သို့မှသာ ဆက်သွယ်ပြောကြားမှု တစ်ခုချင်းအတွက် `စာရင်း´ ပြုစုပြီး သက်ဆိုင်ရာ အလုပ်ရှင်က ငွေပြန်ထုတ်ပေးနိုင်မည် ဖြစ်၏။

မက်ဂရီဂေါ် အနေဖြင့် ကွန်ပျူတာ `ချစ်ပ်´ ကလေးအတွက် စိတ်ကူရရှိထား၏။ သေချာပေါက် အောင်မြင်မည်ကိုလဲ သူသိထား၏။ သူ့မိသားစုကလည်း နောင်ပိုင်းမှ ထောက်ခံအားပေးနေကြ၏။ ထို့ကြောင့် ငွေကြေးအရင်းအနှီ ထုတ်ပေးမည့် သူများထံ စတင်ချဉ်းကပ် ရှာဖွေတော့၏။ သို့သော် အောင်မြင်မှု မရသေး။

ဤသို့ဖြင့် ၁၉၉၀ ပြည့်နှစ် မတ်လထဲ ရောက်လာသောအခါ မက်ဂရီဂေါ် အတွက် အကြပ်အတည်းတစ်ခု ပေါ်လာ၏။ ရဲအရာရှိ၏ လက်ထောက်တစ်ဦး သူ့အိမ်တံခါးကိုလာခေါက်ပြီး အိမ်ငှားခကို တနင်းလားနေ့ နောက်ဆုံးထားပြီး မပေးနိုင်လျှင် အိမ်မှနှင်ချ မည်ဖြစ်ကြောင်း သတိပေးသွား၏။

မက်ဂရီဂေါ်ခမျာ ရက်သတ္တပတ်၏ နောက်ဆုံး ရက်အားကိုပင် အနားမယူနိုင်ပဲ အပြင်းအထန် အလုပ်လုပ်နေရ၏။ အရင်းအနှီးထုတ်ပေးမည့်သူများထံ ဆက်သွယ်စုံစမ်းနေရသည်။ တနင်္လာနေ့ည ၁၁ နာရီခန့်တွင် ရင်းနှီးမြုပ်နှံသူတစ်ဦးက ချက်လက်မှတ် ပို့လိုက်မည်ဟု ကတိပြု၏။

တနင်းလားနေ့ နောက်ဆုံးထားပြီး အိမ်ငှားခ ပေးရမည့် `နို့တစ်´ ကိုသတိရလိုက်သော မက်ဂရီဂေါ်က ဘဏ်ငွေလွှဲ ချက်လက်မှတ်ကို အီလက်ထရွန်နစ်ဖြင့် ပို့ပေရန် တောင်းပန်လိုက်၏။ ထိုငွေဖြင့် အိမ်ငှားခ ပေးချေရှင်းလင်းပြီး အတိုင်ပင်ခံ အင်ဂျင်နီယာတစ်ဦး ငှား၏။

သို့သော် လအတန်ကြာသောအခါ အင်ဂျင်နီယာက မက်ဂရီဂေါ် လိုချင်သော ကွန်ပျူတာစနစ်မှာ ဖြစ်နိုင်စရာ မရှိကြောင်းပြောတော့၏။ `ဆက်ကြိုးစားကြည့်ပါဦး´ ဟု မက်ဂရီဂေါ်က တိုက်တွန်းရသည်။ ၁၉၉၁ ခုနှစ် မေလထဲတွင် သူတို့မိသားစု ငွေကြေးအကျပ်အတည်းနှင့် ကြုံရပြန်၏။ ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော Bell South သို့ဆက်သွယ်ကြည့်ရာ ဂျွန်လ (၂၄)ရက်နေ့ နောက်ဆုံးထားပြီး နာမူနာပုံစံတစ်ခု တင်ပြနိုင်မလားဟု ကုမ္ပဏီမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြန်မေး၏။

မက်ဂရီဂေါ်၏ အာရုံထဲတွင် မဖြစ်နိုင်ပါဘူးဟု ပြောထားသော အင်ဂျင်နီယာ၏အသံ နှင့် သူ့အလုပ်စားပွဲပေါ်မှ ပြန့်ကြဲနေသော ကွန်ပျူတာ အစိတ်အပိုင်းများ၏ ရုပ်ပုံလွှာတို့ပေါ်လာကြ၏။ `စိန်လိုက်ဗျာ´ ဟုသူ့နှုတ်က ထွက်သွာ၏။ သူ့အသံတွင် ယုံကြည်မှု အပြည့်ရှိနေ၏။ ချက်ချင်းပင် သူ၏ သားကြီး ဂရက်ကို ခေါ်လိုက်သည်။ သားကြီးက တက္ကသိုလ်တွင် ကွန်ပျူတာ သိပ္ပံအဓိက ဘာသာဖြင့်တက်ရောက်သင်ယူနေသူ ဖြစ်၏။ မက်ဂရီဂေါ်က သားကြီးဂရက်အား သူကြုံတွေ့ရသော အခက်အခဲကို ပြောပြလိုက်၏။ ဂရက်သည် တစ်နေ့လျှင် ၁၈နာရီ အလုပ်လုပ်ကာ ဆယ်လူလာဖုန်းထဲမှ အလိုအလျှောက်လျှပ်ပတ်လမ်းကြောင်းလေးကို တီထွင်ဖန်တီးပေးလိုက်၏။ ယင်းကွန်ပျူတာချစ်ပ်မျိုးကို ပါရဂူများကပင် ပြုလုပ်နိုင်စွမ်း မရှိကြချေ။ ယင်းကိုခက်ခက်ခဲခဲ ပြုလုပ်ယူရခြင်းဖြစ်၏။ ဆယ်လူလာဖုန်းဖြင့်ဆက်သွယ်ပြောကြားမှုများကို `စာရင်း´ ပြုလုပ်ပေးသော ယင်းစနစ်တွင်အကြွေးကတ်ပြားမှတ်သားနိုင်သော စွမ်းရည်နှင့် မည်သည့်နေရာက ဖုန်းဆက်သည်ကိုခြေရာခံ နိုင်သော စွမ်းရည်နှစ်မျိုးပေါင်းစပ်ထည့်သွင်းထားသည်။ ယင်းလုပ်လန်းနှစ်မျိုးလုံးကို လက်သည်းခွံအရွယ် ကွန်ပျူတာ ချစ်ကလေးတစ်ခုတေည်းကလုပ်ဆောင်ပေးလိုက်ချင်းဖြစ်၏။ ဂျွန်လ ၂၃ ရက်နေ့တွင် သူတို့သားအဖ နှစ်ယောက် မိမိတို့ တီထွင်မှုကို ပိုက်ကာ Bell South ကုမ္ပဏီရှိရာ အတ္တလန္တာ မြို့သို့ ထွက်သွားကြ၏။

မက်ဂရီဂေါ်က သူ၏ ၂၂- နှစ်ရွယ် သားဖြစ်သူကို ကုမ္ပဏီ အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီးနောက် မက်ဂရီက သူတီထွင်ထားသည့် နမူနာ ဆယ်လူလာ ဖုန်းကို အုပ်ချုပ်ရေးမှူး တစ်ဦးလက် သို့ပေးအပ်လိုက်သည်။ အမျိုးသမီး အုပ်ချုပ်ရေးမှူးကို ‘ ကဲ စမ်းကြည့်ပါဦး’ ဟုပြောလိုက်၏။ သူမက ဆယ်လူလာဖုန်းထဲ သို့ အကြွေးကဒ်ပြားလေး ထိုးသွင်းပြီး ဆက်သွယ်လိုက်၏။ အထစ်အငေါ့ မရှိပဲ အဆင်ပြေ ချောမောစွာဆက်သွယ်နိုင်ချင်းဖြစ်သည်။ ဆယ်လူလာ ဖုန်းထဲမှ ထွက်လာသော စာရင်း စာရွက်ပိုင်းလေးကို Bell South အဖွဲ့ဝင်များထံ ဂရက်က ကမ်းပေးလိုက်၏။

ယနေ့အချိန်တွင် Tele-Mac Cellular Corp: သည် မက်ဂရီဂေါ် မိသားစုပိုင် ဒေါ်လာ သန်းပေါင်းများစွာ တန်သော ထိပ်တန်း ကုမ္ပဏီကြီး တစ်ခု အဖြစ် ရပ်တည်နေ၏။ စကော့မက်ဂရီဂေါ် သည် တစ်ချိန်က ဆုံးရှုံးတော့မည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော သူတို့ မိသားစုအကြောင်းကို ထိုသို့ ဂုဏ်ယူစွာ ပြောပြသွားသည်။ ‘ ကျွန်တော်တို့ မိသားစုဟာ အဲ့ဒီတုန်းက လောကဓံတရားရဲ့ အစမ်းသပ်ခံကို ခံလိုက်ရတာပါပဲ ကျွန်တော်တို့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြပါတယ်။

2 comments:

Anonymous said...

ဖတ်လိုက်ရတာ အားတက်သွားတယ်.. ပာုတ်တယ်နော်.. ဘယ်လောက်ခက်ခဲတဲ့ ကိစ္စဖြစ်ပါစေ.. ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ဇွဲ၊လုံ့လ၊ ၀ီရိယတို့ ပေါင်းစပ်လိုက်ရင် အောင်မြင်တာချည်းပဲ.. ဒီပို့စ်လေးအတွက် ကျေးဇူးပါ.. နောက်နှစ်ပုဒ်ကိုလည်း မျှော်နေပါတယ်. :)

MELODYMAUNG said...

နောက်နှစ်ပုဒ်လဲ စောင့်ဖတ်နေမယ်
သိုင်းခရု ဖိုးသူတော်ရေ