Monday, September 29, 2008

နေညိုရင်

နေညိုရင်

သူငယ်ချင်းတို့ရေ နေစောင်းပြီ

လေအောင်းတော့ မခံနဲ့

သွားကြစို့ ဆုံနေကြနေရာ

‘အေ့’ ခနဲ့လေတက်

အဖြေအတွက်တော့ ဘာမှမပူနဲ့

ဝက်မြီးရောက်ရင်

ချက်ချင်းပျောက်စေရမယ်….


ထုံးစံအတိုင်း ရေခဲရေသန့်

ဖန်ခွက်နဲ့ အပြားကြီးတစ်ပြား

ကစွန်းပလိန်းနဲ့ ရုံးနှစ်ကင်

ရူဘီတစ်ပွဲလောက်တော့ ဆွဲခဲ့ဦး


ဖန်ခွက်တွေတိုက်လိုက်

အောင်မြင်ပါစေတလှည့်

စော်ကြည်အကြွေးကြေ အသက်ရှည်တလှည့်

စလိုက်ကြတဲ့ပွဲ နဲနဲမှကို မစဲဘူး


ဆွေးနွေးတာတွေလည်းပါတယ်

ငြင်းခုန်တာတွေလည်းပါတယ်

အတင်းချတာတွေလည်းပါတယ်

သတင်းရတွေလည်းပါတယ်


ပွဲသိမ်းလို့ အိမ်အပြန်

ကားခတွေတော့မျှကြဦး

ဘုရင်မ နှစ်ရာဖိုးနဲ့

ရူဘီလေးတော့ ဆွဲလိုက်ဦး

ကဲ.. အားလုံးပဲ

ဂွဒ်ညတဲ့….


ဖိုးသူတော်(၂၉.၉.၀၈)

၁၉နာရီ၁၄မီနစ်

6 comments:

ZawZaw said...

မောင်ဖော်ရေ

ခင်ဗျားကဗျာတွေထဲမှာ ဒီတကောင်က အတွေ့အကြုံ အပြင် ခင်မင်ရင်းနှီးမှုကိုပါ ထည့်ထားတာဘဲဗျ။ သိပ်ကောင်းတဲ့ ကဗျာတပုဒ်လို့ ချီးကျူးမယ်ဗျာ။

Thet Htoo@Myat Lone said...

အေ့...

Kaung Kin Ko said...

ကောင်းတယ်ဗျာ။ နေညိုရင် လိုက်ခဲ့မယ်ဗျို့ ။

အောင်မျိုးဟန် said...

အောင်မျိုးဟန် : : ကိုသူတော်ရ ခင်ဗျားက ကျွန်တော်ပြောတာက ဒီလိုဗျ
ကိုဂေါက် : : နေဦး 4 eyes ရ ဒါကဒီလိုဗျ

ဟတ်ဟတ်ဟတ်......
ကိုမျက်ဆံကြီးလာမှာလား??????

အောင်မျိုးဟန် said...

ဒီကဗျာ ကိုဖတ်ရတော့ အဲဒီညတွေပြေးမြင်တာပဲဗျာ။
သူတော်မိုက်တယ်ဗျာ

Chan Mya Soe said...

နေညိုရင် ဆုံချင်သေးတယ်ဗျာ။ နောက်တစ်ခါပေါ့ :)