Sunday, September 21, 2008

အသိအမှတ်

အသိအမှတ်

မမျှော်လင့်ဘဲ သူ့အသံ

ကြားလိုက်ရတဲ့

အခိုက်အတန့်တော့

ပျော်ရွှင်မှုတွေ..

ရင်နဲ့ အပြည့်..


ချစ်ခြင်းတွေက သူ့အပေါ်သာ

အကုန်ပေးထားလေတော့

တခါတရံ ကိုယ့်ဟာကိုယ်တောင်..

ချစ်ဖို့ မေ့နေလေရဲ့..


ရူးတယ်လို့ပြောပြော

ပထမဦးဆုံး ချစ်မိခဲ့လေတော့

ရင်နဲ့တောင် မဆန့်ချင်ဘူး..


ထားခဲ့မိတဲ့ သံယောစဉ်ကြိုးက..

လွန်းတင်ကာ ရစ်ပတ်..

ဒီရင်ကို နှောင်ဖွဲ့နေလေတော့..

ပြန်မချစ်နိုင်ဘူးဆိုတောင်..

ကိုယ့်ရဲ့ချစ်ခြင်းကိုတော့

အသိအမှတ်ပြုပေးပါ..

ချစ်သူ………..


ဖိုးသူတော်(၁၉.၉.၀၈)

No comments: