Saturday, October 4, 2008

ကဗျာချစ်ပန်း

ကဗျာချစ်ပန်း

အရေခွံလဲပြီးစ ကောင်းကင်က

မအိပ်ချင်သေးတဲ့ ငှက်တစ်အုပ်ကို

အဖော်လုပ်ရင်း သူ့ဘ၀ကို

အနားယူချင်နေတယ်..


အရောင်တွေပြောင်းနေတဲ့

မီးပွိုင့်တွေက ၀ါစိမ်းနီလုပ်ရင်း

ခပ်မှောင်မှောင် လမ်းကို

ပြုံးကြည့်နေတယ်..


ကျွန်တော်ကလည်း

ချစ်သူကိုစောင့်နေရင်း

ခပ်တိုးတိုးလေး

ကဗျာတစ်ပုဒ်ကို

စပ်ဆိုနေမိတယ်..


ကျွန်တော်ချစ်တဲ့ကောင်းကင်ကတော့

အရေခွံမလဲ…

အရောင်တွေမပြောင်း..

ကဗျာတစ်ပုဒ်ကို ပေါင်းသင်ပြီး

အိပ်ခါနီး ငှက်တွေကို

သယ်ဆောင်သွားစေခဲ့တယ်

ချစ်သူလေးရဲ့ အိပ်မက်ထဲမှာ

ကဗျာချစ်ပန်းလေး

ပွင့်စေဖို့ပေါ့..


ဖိုးသူတော် ( ၄.၁၀.၀၈)

၁ နာရီ ၅၈ မိနစ်

No comments: