Saturday, September 13, 2008

ဆရာသစ္စာနီနှင့် စကားစမြည်း

ဆရာသစ္စာနီနှင့် စကားစမြည်း

ကျွန်တော်တို့လူငယ်ဘလော့ဂ်ဂါများနှင့် ဆရာသစ္စာနီ တခုသော မိုးဖွဲဖွဲ ညနေခင်းတွင် ခပ်လှောင်လှောင် လ္ဘက်ရည်ဆိုင်တစ်ခုတွင် ဆုံမိကြသည်။ ဆရာ၏ ပုံသဏ္ဍာန်မှာခင်မင်နှစ်လိုဖွယ်ကောင်းသော ပုံဖြစ်ပါသည်။ တွေ့ဆုံပြီး အဓိကပြောဖြစ်သော အကြောင်းအရာများမှာ စာပေစီးမျှောမှုနှင့် ကဗျာများ ကွဲပြားမှုတို့ဖြစ်ပါသည်။ ယနေ့ခေတ် တိုးတက်လာသော အင်တာနက် အသုံးပြုမှုများလည်း အနည်းငယ်ပါ ပါသည်။ စာပေသမားပီသသော ဆရာက စာပေသဘောတရားများကို သူ့၏ အမြင်နှင့်တောက်လျှောက်ပြောသွားပါသည်။ ကျွန်တော်တို့အားလုံး ကြားသိရသည်မှာ ကောင်းလှပါသည်။ ဆရာ၏ မာန်မာန ကင်းမဲ့သော စကားလုံးများနှင့် အပြုအမှုအပြောအဆို များကိုလည်း သဘောကျပါသည်။ ကျွန်တော်တို့ကိုလည်း ချာတိတ်တွေ ဆိုပီတော့လည်း မထင်သည့်ပုံဖြစ်ပါသည်။ ကျွန်တော်တို့၏ ပြန်လှည်ပြောဆိုချက်များကိုလည်း သေချာနားထောင်ပြီး ပြောပါသည်။ တချို့သော ကဗျာနှင့်ဆိုင်သော အတွေးသစ်များကိုလည်း ချပြသွားပါသည်။

ကျွန်တော်ကြိုက်သော တစ်ခုမှာ ဆရာ လွန်ခဲ့သော နှစ်၃၀ လောက်က ဖန်တီးခဲ့သော ပါဖော့မန့်အက် တစ်ခုဖြစ်ပါသည်။ ခေါင်းစဉ်မှာ ကဗျာကိုကိုယ်တိုင်ဖန်တီးခြင်းဟု့ဖြစ်ပါသည်။ ၂ ပေ ပတ်လည် သစ်သားတုံးများကို လေးထောင့်တုန်းများဖြစ်အောင် ပထမလုပ်ပါသည်။ ထို့နောက် အံစာတုန်းများလို ဖြစ်အောင် ဘေးစောင်းများကို ပွတ်စားပြစ်လိုက်ပါတယ်။ ထိုအံစာတုန်းမျက်နှာပြင်မှာ ပေါ်မှာ စကားလုံးများ ရေးထားခြင်းဖြစ် သည်။ ထိုကဲ့သို့ စာလုံးများပါသော အံစာတုန်းပေါင်း ၂၂ တုန်းကို ဇလားတစ်ခုထဲ ထည့်၍ပြခြင်းဖြစ်ပါသည်။ ကဗျာဖန်တီးခြင်သူက ဇလားကိုမကာ ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်လျှင် စကားလုံးများနှင့် ကဗျာတစ်ပုဒ် ဖြစ်ပေါ် လာမည်ကို ရည်ညွှန်းခြင်းဖြစ်သည်။

အဲ့ဒီနေ့က ကဗျာဆရာများနှင့် သူတို့၏ကဗျာအမြင်များကို ဆရာသစ္စနီက သူ့၏ အမြင်များနှင့် သုံးသက်ပြောဆိုသွားပါသည်။ စာပေရေးသားခြင်းအပေါ် ဆရာမရှိသော ဆရာ သစ္စာနီက ပုဂ္ဂိုလ်စွဲ မရှိပဲ သုံးသက်ပြောဆိုချက်များမှာ ကောင်းမွန်လှပါသည်။ ဆရာသစ္စာနီနှင့် ပထမဆုံးအကြိမ်တွေ့ဆုံးဖူးခြင်းဖြစ်ပါသည်။ သို့ပေမဲ့ သူ၏စာများကို ဖတ်ဖူးသည်မှာ ကြာပီဖြစ်ပါသည်။ ကျွန်တော် ဆရာသစ္စာနီ၏ အခြားအရာများနှင့် လူ ဆိုသည့် စာအုပ်ကို သဘောကျပါသည်။

လူငယ်လူရွယ်များ ထိုသို့ စာရေးဆရာများနှင့် တွေ့ဆုံဟောပြောပွဲများ များများ လုပ်နိုင်လျင်ဖြင့် ကောင်းမွန်ပါသည်။ စာရေးဆရာများကလည်း သူတို့၏ အတွေးအမြင်များကို ဝေငှနိုင်သည်။ လူငယ်များမှာလည်း အတွေ့အကြုံ သဘောတရားများကို နားလည်သဘောပေါက်နိုင်ပါသည်။ စာပေချစ်စိတ်များလည်းတိုးပွားလာနိုင်ပါသည်။ ဆရာပြောသလို မြန်မာနိုင်ငံ၏ စာပေအဆင့်အတန်းကို နိုင်ငံတကာကို ဘယ်လိုထိုးဖောက်လဲ ဆိုတဲ့ အတွေးများနှင့် လက်တွေလုပ်ဆောင်မှုများလည်း ဖြစ်ထွန်းလာနိုင်ပါသည်။ အနာဂတ် နိုင်ငံ၏စာပေအဆင့်အတန်းသည် လက်ရှိလူငယ်များနှင့် များစွာသက်ဆိုင်နေပါသည်။ ထို့ကြောင့်ကျွန်တော်တို့ လူငယ်များများစွာ ကြိုးစားရန်လိုအပ်ပါသည်။

ဖိုးသူတော် ( ၁၁-၉-၀၈)

1 comment:

နန်းညီ said...

ဆရာသစ္စာနီနဲ့ ဘလော့ဂါတွေနဲ့ ဘယ်လိုများတွေ့ကြတာလဲ .. အဲလို ဘလော့ဂါတွေ တူတူလှုပ်ရှားနိုင်ဖို့ ဘယ်မှာဆုံရ ဆက်သွယ်ရမှာလဲ.. စာပေစကားဝိုင်းတွေကို စိတ်ဝင်စားတဲ့အတွက် နောက်တစ်ခါကျရင် လက်တို့ပါဦးနော်..