Sunday, September 21, 2008

သူ

သူ…..

သတိရမိနေတဲ့ စိတ်အလျင်

ငြိတွယ်မိတဲ့ ဒီရင်မှာ

သံယောစဉ်တွေသာ ခေါင်းပါးမနေဘူးဆိုရင်…

ချစ်ခဲ့တာ အပြစ်တော့ဖြစ်မယ် မထင်ပါဘူး…..


မြတ်နိုးမိတဲ့ မျက်ဝန်းထဲ..

အမုန်းတစ်စွန်းတစ တွေ့မလားလို့

နားလည်ရခက်တဲ့ တုံ့ပြန်မှုသာ..

သေချာစွာ မသိခဲ့ဘူး…


ရင်ခုန်မိတဲ့ အခိုက်အတန့်တွေများလွန်းလို့..

ကိုယ့်ရင်ဘက်တောင် ကိုယ် မသင်္ကာတော့ဘူး..

ဒီလိုဒီလိုတွေ့တိုင်း ဘယ်လိုပြောရမလဲ..

သေချာခြင်းရဲ့ နောက်ကွယ်က

မရေရာမှုဆိုတာ အတ္တပါးပါးလေးတော့ ရှိကောင်းရှိရဲ့..


နောက်ဆုံးတော့ ချစ်တဲ့သူသာ..

ဦးနှောက်ဆန်မှု ၀ါဒကိုငြင်းပယ်ရင်း

နှလုံးသားရဲ့ ရုပ်သေးအဖြစ်..

အလွမ်းဇာတ်တွေ ဆက်ကလို့နေတယ်..

သူသိပါစ………….


ဖိုးသူတော်( ၁၉.၉.၀၈)

2 comments:

လင်းဦး(စိတ်ပညာ) said...

ကျွန်တော်လည်း အလွမ်းဇာတ်တွေ ဆက်ကနေရဆဲပါ.. ခံစားမှုကို ဦးစားပေးလွန်းတယ်လို့လည်း ကိုယ့်ကိုယ်ကို ထင်မိတယ် .. ။ကဗျာလေးကို ထပ်တူ ခံစားလို့ရပါတယ်

မသက်ဇင် said...

ရင်ခုန်မိတဲ့ အခိုက်အတန့်တွေများလွန်းလို့..
ကိုယ့်ရင်ဘက်တောင် ကိုယ် မသင်္ကာတော့ဘူး..

ကဗျာလေးလှတယ်--- လွမ်းပါ ---ခံစားပါ--
အားပေးနေပါတယ်---
ခင်မင်လျက်
မသက်ဇင်