Thursday, July 24, 2008

ငါ့အတွက်မင်း

ငါ့အတွက်မင်း

ညရဲ့သခင် လရိပ်သွင်ဟာ
မင်းသာဆိုရင်
ဝန်းရံခစား
ကြယ်မင်းချင်းအလား
မော်ဖူးနေရင်း ကြွေပါရစေ…

ပြာကောင်းကင်က တိမ်လိပ်လွာဟာ
မင်းသာဆိုရင်
အကြင်နာမိုး
ရွာသွန်းဖြိုးဖို့..
ရွှေဖားလေးလို အော်ပါရစေ…

သော့သော့ခပ်နှင်း..လေပြေညင်းဟာ
မင်းသာဆိုရင်
အလိုက်သင့်နဲ့
မြေခကြွေတဲ့
သစ်ခြောက်တစ်ရွက် ဖြစ်ပါရစေ..

အရာရာ အပ်နှင်း
ဘာမဆိုမင်းပဲ..
လက်ညှိုးညွှန်ရာ..
စေပါလိုတိုင်း ..
အပြုံးမပျက်….
ထမ်းရွက်ပါမည်..
ငါ့အတွက်.. "မင်း"..
တစ်ယောက်ထဲပဲ..
"ထာဝစဉ်"
သာဖြစ်ပါရစေ…

ရှင်းသန့်ဖြူ ( ခေတ္တ- မီတ္ထိလာ)

မှတ်ချက်။

ညီမငယ်လေးတစ်ယောက် ရေးထားတဲ့ ကဗျာလေးကို သူ့ရဲ့ခွင့်ပြုချက်နဲ့ တင်ပြ ခြင်းဖြစ်ပါသည်။

ဖိုးသူတော်

1 comment:

Chaos said...

ကဗျာလေးက ချစ်စရာလေး