Saturday, July 5, 2008

မင်းပဲ

မင်းပဲ

အသက်ရှုမ၀တဲ့ ခုညရဲ့

အောက်ဆီဂျင်ဟာ..

မင်းပဲဖြစ်နေတော့...


ကြိုးပြတ်ဂစ်တာတစ်လက်ရဲ့..

တေးသွားသံစဉ်ဟာ..

မင်းပဲဖြစ်နေတော့..


ကာရန်မဲ့ ကဗျာတစ်ပုဒ်ရဲ့..

ရစ်သမ်တွေဟာ..

မင်းပဲဖြစ်နေတော့..


အသစ်မဟုတ်တဲ့ နှလုံးသားရဲ့..

ရင်ခုန်သံအသစ်ဟာ...

မင်းပဲဖြစ်နေတော့..


ငါ့ည.....ငါ့ဂီတ...

ငါ့ကဗျာ..... ငါ့ရင်ခုန်သံတွေဟာ..

မင်းပဲဖြစ်နေတော့..

မင်းကိုချစ်တာပေါ့.........


ဖိုးသူတော်( ၄-၇-၀၈)

2 comments:

ပန်းခရေ said...

မိုက်တယ်ကွာာာ....
း)

ZawZaw said...

မော့သိုင်မော့ဘလိုင်ဆရယကြီး - ဒီတလော ကဗျာကောင်း ကောင်းတွေထွက်လှချေလား