Wednesday, March 12, 2008

အတွေးအမြင်များ


အလှ
ကျွန်ုပ်ဆုတောင်းပါ၏။
အို-ဘုရားသခင်၊
ကျွန်ုပ်၏ အတွင်းစိတ် လှပ ပါစေသား။
ဆော့ခရတ္တိ

အချစ်
အရွယ်ရောက်ပြီးစနှင့် အိုမင်းသောအရွယ်ကြားတွင်
အချစ်သည်အဆင့် (၃)ဆင့်ကို ဖြတ်သန်းရ၏။
မင်းအလှကို ငါချစ်တယ်။
မင်းစကားကို ငါချစ်တယ်။
မင်းအလုပ်ကို ငါချစ်တယ်။
တချို့လူများကတော့ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တတိယအဆင့်သို့ ကြိုး
ပမ်းအားထုတ်ခြင်းမရှိရ ပဲရောက်သွားကြ၏။ တချို့ကား ပထမအဆင့်အတွက်
ဆွဲဆောင်နိုင်သောအရွယ်လွန်သွားကြသော်လည်း ထိုအဆင့်မှာပင်
နစ်မြဲနစ်နေကြလေ၏။
လိုရက်ကာဝူဒက်
R.D ဖေဖော်ဝါရီ ၁၉၈၇
သိုး
သိုးများသည် ဘယ်တော့မှ မော့မကြည့်ပဲ မြက်များကိုစားရင်းစားရင်း
လမ်းလျှောက်ကြသည်ဟုဆို၏။
ထိုစကားလေးသည် ကျွန်တော်တို့အားလုံးအတွက်လည်းမှန်သည်။
ကျွန်တော်တို့လည်း မျက်စိရှေ့မှောက်ကိစ္စများကိုသာ အာရုံစိုက်ကြကုန်၏။
ဘ၀ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မကြည့်တက်တော့ပေ။
ဒိုနေးလ်ဘစ်ဘာရာ
R.D ဖေဖော်ဝါရီ ၁၉၈၇


တွေးစရာ
အောင်မြင်ခြင်းက လူကိုအချည်းအနှီးဖြစ်စေသည်။ အတ္တကြီးစေသည်။
ကိုယ့်ဖို့သာ ကြည့်စေသည်။ ထို့ကြောင့် အောင်မြင်ခြင်းက လူကို ဖျက်ဆီး
သည်ဟု လူအများက ထင်မြင်ကြ၏။ ယင်းအယူအဆကား မှားပေသည်။
ယင်းနှင့်ဆန့်ကျင်ဘက် အောင်မြင်ခြင်းက လူကိုများသောအားဖြင့် နှိမ့်ချစေ၏။
သည်းခံစေ၏။ ကြင်နာစေ၏။ လူအများ ခါးခါးသီးသီး
ရိုင်းစိုင်းကြမ်းကြုတ်လှသည်မှာ ကျဆုံးမှုကြောင့်သာဖြစ်လေ၏။
ဆမ်မားဆက်မော်မ်
R.D ဖေဖော်ဝါရီ ၁၉၈၇



အရွယ်
ကျွန်တော်တို့ မျက်နှာပေါ်မှာ ပါးရေနားရေ တွန့်ချင်တွန့်ပါစေ။
နှလုံးသားကိုတော့ ပါးရေနားရေ မတွန့်ပါစေနှင့်။
စိတ်ဓာတ်ဟူသည် အိုမင်းမသွားသင့်ပေ။
ဂျိမ်းအေဂါဖီး

ဘ၀မှာ အောင်မြင်ဖို့ နည်းကလေးတစ်ခုကတော့ ခင်ဗျားစားချင်တဲ့ အစာကိုစားလိုက်ပါ။ ပြီးတော့ အဲဒီ အစာက ၀မ်းထဲမှာ မတည့်တာ မဖြစ်ရအောင် ရောဂါကို တိုက်ခိုက်စေဖို့ပါပဲ။

( ရှေးခေတ် အမေရိကန်ဟာသစာရေးဆရာကြီး မာ့ခ်-တွိန်း)

1 comment:

Unknown said...

what a really nice post!!! Thanks for sharing your knowledge to everyone :)