အဲ့ဒီနေ့က
ကောင်းကင်ကြီးက မျက်နှာညိုမဲ
အံတွေကိုတင်းတင်းကြိတ်..
ပြီးတော့ ကြေကြေကွဲကွဲ
ငိုချလိုက်တယ်.
အဲ့ဒီနေ့က
ကောင်းကင်ကြီးရဲ့ မျက်ရည်စက်တွေကို ခံယူ
ဇာတ်သိမ်းခန်းရဲ့ နောက်ဆုံးတီးလုံးကိုနားထောင်
ပြန်မလှည့်တဲ့ခြေလှမ်းတွေနဲ့
အင်းလျားရဲ့ ကန်ဘောင်ကနေ
ကျောခိုင်းလာတယ်…..
အဲဒီနေ့က
ဝိုင်တစ်ခွက်ကို မသောက်ပေမယ့်
ဝီစကီအရက်ကိုတော့သောက်ခဲ့တယ်
စာတစ်အုပ်ကို မဖတ်ပေမယ့်
ကဗျာတစ်ပုဒ်ကိုတော့ ရေးလိုက်တယ်….
အဲဒီနေ့က
တော်တော်မမူးပေမယ့် အတော်ထူးတယ်
အသံမထွက်ပေမယ့် ရင်ထဲက ရှိုက်ငိုတယ်
ဟန်မပျက်ပေမယ့် မယိုင်အောင်ထိမ်းထားတယ်
အကြံမထွက်ပေမယ့် ဒီကဗျာကိုရေးလိုက်တယ်….။
ဖိုးသူတော်
1 comment:
အဲ့ဒီနေ့က
ဘလော့တကာဝင်လည်ရင်း
ဖိုးသူတော်ရဲ့ကဗျာလေးကို
တကယ်ကို တစ်ခုခု မြင်ယောင်ရင်း
ဖတ်လိုက်မိတယ်
Post a Comment