Saturday, December 5, 2009

ဖိုးသူတော် မရှင်းချင်ပဲ ရှင်းရသည်..

ဖိုးသူတော် မရှင်းချင်ပဲ ရှင်းရသည်..

ဒီနေ့ မနက် ရုံးရောက်ကတည်းက တစ်နေ့ကုန် ရုံးမှာပဲ နေနေတာ။ ဘယ်မှ လည်းသွားဖို့ စိတ်ကူးမရှိဘူး။ ညနေကျတော့ မိတ်ဆွေ တစ်ယောက်ခေါ်တာနဲ့ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တာလေးတွေ ဈေးဝယ်ပြီး ပြန်လာတယ်။ ခဏနေတော့ အွန်လိုင်းပေါ်တက်တော့ သူငယ်ချင်းတစ်ယောက်အမျိုးသမီး မီးဖွားခါနီးမို့လို့ ဆေးရုံသွားရမယ်ဆိုပြီး သွားလိုက်တယ်။ ကလေးမက တော့ ဖွားခန်းထဲမှာ။ ကျွန်တော်တို့က အပြင်တစ်နေရာမှာပေါ့လေ။

အဲ့ဒါနဲ့ အင်တာနက် ၀င်သုံးတော့ ကျွန်တော့် ဘလော့ဂ်နဲ့ပတ်သက်ပြီး ကွန့်မန့်တစ်ခုရောက်နေတာနဲ့ ဖတ်ကြည့်လိုက်။ ကွန့်မန့်က အောက်ပါအတိုင်းဖြစ်ပါတယ်။

SmithEver has left a new comment on your post "ပင်လယ်အပြုံး":

Dude, juz want to let ya know abt this post - http://chenaddy.blogspot.com/2009/12/blog-post_03.html.
I believe someone took ya nick intentionally.
'Coz u won't be such person who like to criticize with rude words।

သူပေးထားတဲ့ လင့်က်မှာ ပါတဲ့ ဟာကို သွားဖတ်ကြည့်လိုက်တော့ အဲ့ဒီဘလော့ဂ်ပိုင်ရှင်ဟာ အန်တီချမ်းဆိုသော ပုဂ္ဂိုလ်တစ်ဦး ရေးထားသော သူ၏ ပါဆင်နယ် ဘလော့ဂ်တစ်ခုဖြစ်တယ်ဆိုတာ သိရပါတယ်။ ကျွန်တော် အန်တီချမ်းဆိုသော ပုဂ္ဂိုလ်ကို မသိဘူးတဲ့အပြင် မကြားဘူးပါ။ ဘယ်မှာသိဘူးသလဲဆိုတော့ လွန်ခဲ့တဲ့ လ အနည်းငယ်က ကျွန်တော့် သူငယ်ချင်း(ညီမလေး) နန်းညီ က ကိုဖိုးသူတော် နဲ့ အန်တီချမ်း ဘယ်လိုဖြစ်ကြတာလဲ ဘာလဲဆိုပြီး မေးကာမှ ကျွန်တော်က ဘာလဲ ညီညီ ဘာဖြစ်တာတုန်း ဘယ်သူလဲ အန်တီချမ်းဆိုတာ ဆိုပြီး မေးယူရပါတယ်။ သူက အဲ့ဒီတော့ ဒီမှာ ဒီပို့စ်ကို ဖတ်ကြည့်ဆိုပြီး လင့်က် တစ်ခု ပေးတယ်။ အဲ့ဒါနဲ့ သွားကြည့်လိုက်တော့ အန်တီချမ်းဆိုသူနဲ့ ဖိုးသူတော် ဆိုပြီး အမည်ခံထားသူ တစ်ယောက် အပြန်အလှန် ရေးထားတာတွေ တွေ့တယ်။ ခေါင်းစဉ်က ဖိုးသူတော်နှင့် ဘာဆိုလား ဗျာ မေ့သွားပြီ။ သိချင်သူများ ရှာဖွေဖတ်ကြည့်။ အဲ့မှာ ရေးထားသော ဖိုးသူတော် အမည်ခံလူက ကျွန်တော် ဖိုးသူတော် နာမည်နဲ့ အင်တာနက် အွန်လိုင်း စာမျက်နှာမှာ ဘလော့ဂ်ရေးမှန်း တခြား လှုပ်ရှားမှုများ လုပ်မှန်း သိပုံ မရလောက်ပါဘူး။

သိသိ နဲ့လုပ်တယ်ဆိုရင်တော့ ကိုယ့် အနေအထား ကိုယ် နားလည်တော့ဗျာ။ ဒီလို နာမည်တူ ကိစ္စများက ပြင်ပ ပရင့်တက် စာပေ မီဒီယာ အသိုင်းအ၀ိုင်းများမှာပါ သူတို့ချင်းချင်း လိုက်ရှင်းနေရတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ကျွန်တော်က ကဲ... အွန်လိုင်းဆိုတော့ သေချာ သုံးဖူးရင်သိကောင်းမှာပဲ ဆိုပြီး ဘာမှ မလုပ်ပဲ ထားပါတယ်။ ခုလိုမျိုး ကျွန်တော့် ဘလော့ဂ်ဖတ် ပရိတ်သက်က ယုန်ထင်ကြောင်ထင် ဖြစ်ပြီး အထင်လွဲမှုမျိုးကို လုံးဝ လက်မခံနိုင်ပါ။

အဲ့ဒီတော့ ............
အန်တီချမ်းဆိုသူ၏ ဘလော့မှာ ရေးသားနေသော ဖိုးသူတော်။

နောက်ကျွန်တော် Googling လုပ်ပြီး ရှာဖွေတွေ့သော နေပြည်တော်နေ အသက် ငယ်ငယ်လေး ရှိသော ဖိုးသူတော်။

ကျန်သော ကျွန်တော် မသိသေးသော ဖိုးသူတော်များ...

ကိုယ့်ဟာကိုယ် ကြိုက်သလို နာမည်ပေးခွင့် ရှိသည်ဆိုသော်လည်း သူများ ပေးပြီးသားနာမည်ဖြစ်ပါက မတူအောင် ကိုယ့်အတွက် ထူးခြားသော ၀ိသေသ တစ်ခု ထည့်ပါ။ အကယ်၍ ငါက ဒီနာမည်ပေးတာကြာပြီ။ မင်းက ဘယ်တုန်းက ပေးထားလို့ ဒါမျိုးလည်း ဆိုတာတော့ ရှင်းချင်သပ ဆိုသေချာ အတိအလင်း ရှင်းပါ။ ကျွန်တော်ရှင်းပါမည်။ ကျွန်တော် အွန်လိုင်းတွင်ဖိုးသူတော် နာမည်နဲ့ ဘလော့ဂ်ရေးခြင်း အခြားသော အွန်လိုင်းလှုပ်ရှားမှု (activities) များလုပ်ဆောင်နေသည်မှာ သိသူအတော်များများ လည်း သိကြပါသည်။

ဒီလို မျိုးပို့စ် မရေးချင်သော်လည်း နောက်များ ဆိုလျင် ဒီထက်ပိုပြီး ယုန်ထင်ကြောင်ထင် မခံနိုင်ပါ။ ကျွန်တော်က အွန်လိုင်းတွင် profile သာမက Facebook တွင်လည်း ရာ နှင့်ချီသော ဓါတ်ပုံများ တင်ထားသော သူတစ်ယောက်ဖြစ်သည်။ ကျန်သောသူများ ဘာဆိုသည်ကို မသိပါ။ ကျွန်တော် အခါအားလျော်စွာ Google အစရှိသော search engine များတွင် ဖိုးသူတော်ကို မြန်မာလို အင်္ဂလိပ်လို ရှာဖွေပါသည်။ အဲ့သည်မှာ ကျွန်တော် မဟုတ်သော သူများ အထက်တွင် ဖော်ပြသော သူများကို တွေ့ရပါသည်။

ထို့အတွက်ကြောင့် အွန်လိုင်းအင်တာနက်ဆိုသည်မှာ ရေးချင်ရာလုပ်ချင်ရာလုပ်လို့ရသည်ဟုထင်မြင် ယူဆနေသော သူများ အားလုံး သတိပေးလိုပါသည်။ အင်တာနက်ကို တန်ဖိုးရှိစွာ အကျိုးရှိရှိ အသုံးချနေသောကြောင့် ကျန်သော ကိစ္စများကို သိပ် ခေါင်းရှုပ်မခံနိုင်ပါ။ ခင်ဗျားတို့ အနေဖြင့် တနပ်စား တခါလုပ်ရုံဆိုလျှင် တခြားအမည် ပြောင်းလုပ်ပါ။ ဖိုးသူတော်နာမည် မခံပါနဲ့ ။ ဒီနာမည် သုံးချင်လျှင်လည်း ဖိုးသူတော် (xxxxx) ဆိုပြီး ထပ်သုံးဖို့ တိုက်တွန်းပါသည်။ အားလုံးကိုကျေးဇူးတင်နေပါမည်။

ကျွန်တော်၏ ဖိုးသူတော် နာမည်နှင့် ကျွန်တော် မဟုတ်ပဲ ထုတ်ဖော်ရေးသား ပြောဆိုခြင်းများသည် ကျွန်တော် မဟုတ်ပဲ တစ်စုံတစ်ရာ ပတ်သတ်မှုရှိလာသော် ကျွန်တော် မည်ကဲ့သို့ ရှင်းရတော့မည်နည်။ ကျွန်တော်ရှင်းနိုင်မည့် နည်းလမ်းများစွာရှိပါသည်။ သို့သော အဲ့ဒီအတွက် အချိန်မကုန်ခံလိုပါ။ ကျွန်တော် အွန်လိုင်းတွင် လူမှုရေးနှင့်ပတ်သက်သော လှုပ်ရှားမှုများစွာလည်း ရှိပါသည်။ ကျွန်တော်နှင့် ပတ်သက်ဆက်နွယ်သော သူများ အားလုံးသိပါသည်။ ထို့အတွက်ကြောင့် ကျွန်တော် အကြောင်းအကျိုး တစ်စုံတစ်ရာ အကယ်၍ ကျွန်တော်နှင့် တိုက်ရိုက်မပတ်သက်ပါက မဖြေရှင်းချင်ပါ။ အတက်နိုင်ဆုံး တောင်းပန်ပါသည်။ နာမည်တူ ကိစ္စကို နည်းနည်းများ ဂရုစိုက်ကြပါ။ ကိုယ်က သဘောကျလို့ ပေးလိုက်ပေးမယ် သူများက ဒီနာမည်သုံးပြီး ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာ အင်တာနက်တွင်အလွယ်တကူ ရှာနိုင်ပါသည်။

အန်တီချမ်းဆိုသူလည်း ကျွန်တော်ဟာ ဖိုးသူတော် ဆိုသော ဘလော့ဂ်ဂါတစ်ဦးဟု သိမည် မထင်ပါ။ သိလျှင်လည်း ကျွန်တော်သည် သူ့အား ကွန့်မန့်လာလာရေးနေသော ဖိုးသူတော် ဟုထင်ပါမည်။ သူပေးသော ကွန့်မန့်၏ အီးမေးလ် တွင်သေချာကြည့်ပါ ကျွန်တော် ကြည့်လိုက်ပါသည်။ ကျွန်တော့် မေးလ် လိပ်စာမဟုတ်ပါ။ နားလည် သဘောပေါက်စေလိုပါသည်။

ဖိုးသူတော် ကိစ္စများကို ရှင်းရှင်းလင်းလင်း သိစေလိုပါသည်။ တောင်ဝှေးလဲရင် ဖိုးသူတော်ထူနိုင်သည်။ ဖိုးသူတော် လဲပါက တောင်ဝှေးမထူနိုင်ပါ။


အားလုံး မုဒိတာပွား နားလည်သဘောပေါက်နိုင်ကြပါစေ။

ကျွန်တော့် အသိမိတ်ဆွေအများ သူငယ်ချင်းများခေါ်သော ဒါ့အပြင် မသိသေးသူများ ထပ်မိသိရန် ကျွန်တော် အမည်များ ရေးပေးပါမည်...

ဖိုးသူတော် ၊ သူတော်လိမ် ၊ ကီးစိန်

သင်တို့အားလုံး၏

ဖိုးသူတော် (၅.၁၂.၂၀၀၉)
Myanmar Blogger Society
၁ နာရီ ၄၅ မိနစ်

7 comments:

khin oo may said...

အန်တီချမ်းမှာဖတ်လိုက်တိုံက အံသြွားသေးတယ်။ဒီဖိုးသူတော်ဘဲထင်လို့ နောက်တော့ မဖြစ်နိုင်ပါဘူးလေလို့။

khin oo may said...

http://kothudaw.blogspot.com/

ဒါလဲဖတ်ဘူးသေးတယ်။ သူတော်တဲ့. လူကြို့က်ျများကြတယ်ထင်တယ်။

မမသီရိ said...

ဖိုးသူတော် ၊ သူတော်လိမ် ၊ ကီးစိန်
း)
http://kothudaw.blogspot.com/

မခင်ဦးမေပြောတဲ့ တယောက် လေ
မမ လဲ ပြောမလို့

အတော်လူကြိုက်များတဲ့ နာမည်ပဲ ..း)

phoe thu taw said...

http://kothudaw.blogspot.com/ ဘလော့ဂ်ပိုင်ရှင် ကိုသူတော် ဆိုသည်မှာလည်း ကျွန်တော် ဖိုးသူတော် မဟုတ်ရပါကြောင်း ထပ်လောင်း အသိပေးပါသည်။ သူက ကိုသူတော် နာမည်ဖြင့် ရေးသားသောကြောင့် ကျွန်တော် ဖိုးသူတော်နာမည်နှင့် ရေးသားချင်းအား မထိခိုက်ဟု ယူဆမိပါသည်။

နောက်ထပ် သူတော် နာမည်နှင့် ရေးသော အပြာဘလော့ဂ် တစ်ခု လည်း အွန်လိုင်းတွင် ရှိနေပါသေးကြောင်း အသိပေးအပ်ပါသည်။

:P said...

အန်တီချမ်းဆီက ဖိုးသူတော်ကို ဒီဖိုးသူတော်မှတ်နေတာ။

http://kothudaw.blogspot.com/ကိုတော့ ဖိုးသူတော် မဟုတ်လောက်ဘူးထင်မိတယ်။

Tesla said...

အမည်-- ဖိုးသူတော်..။
ကိုးကွယ်သည့်ဘာသာ-- အချစ် နဲ့ ဘီယာ..။
အသက်-- အတက် ထွက်ပြီး..။
လိင် နဲ့ ၀ါသနာ-- အထီးမပါ. အို.. ဘာလာလာ ရတယ်..။
အလုပ်အကိုင်-- ဖုံးပြော. ပြီးတော့. ထကိုင်.. (ဖုံး ကို ပြောပါတယ်)..။
ပြင်ညာအရေချင်း- ငပျင်း..။
လူမျိုး-- လူဆိုး..။ ဟွန့်...။
( ဒီလို ကြေညာလိုက်ပါလား.. )

BEACH said...

Tesla ဆိုသူရေ အပြင်မှာလည်း မောင်ဖိုးသူတော်
က ဒီအတိုင်းပါပဲ

(နောက်ထပ် သူတော် နာမည်နှင့် ရေးသော အပြာဘလော့ဂ် တစ်ခု လည်း အွန်လိုင်းတွင် ရှိနေပါသေးကြောင်း အသိပေးအပ်ပါသည်။)

ဖိုးသူတော် သွားဖတ်နေကြထင်တယ်။
လင့်ပေးလေ