
ပင်လယ်အပြုံး....
ညနေခင်းဟာ ပယင်းရောင်တောက်နေတယ်
မင်းရဲ့အရိပ်ကိုလည်း မသည်းမကွဲမြင်နေရတယ်
ဟူး....ရွှေရည်တွေလွှမ်းခြုံထားတော့
ရင်မှာမူးဝေပြီပေါ့...။
တမြန်နေ့က တွေ့ခဲ့တဲ့ ချစ်သူရေ
ပြာနှမ်းနှမ်းပင်လယ်လို မရူးချင်ပါနဲ့
စိတ်ရှိတိုင်းသာ ရွက်လွှင့်မယ်ဆို
နောဧရဲ့လှေကို မှီတောင်မှီဦးမယ်
လမ်းပြကြယ်ကိုတော့ ကြည့်ထားဦး....။
ဂီတသံစဉ်ရဲ့ ပျော်ဝင်ပေါင်းစည်းမှု
တစ္ဆေအော်သံလို တဟူးဟူးမြည်ဟီး
ပင်လယ်ဟာကြမ်းပါတယ်ဆို
ဘာလို့ ဒုတ်ကိုခုန်တိုးချင်တာလဲ
လိမ္မာပါ ခွေးကလေးရယ်...။
ငါတို့ဟာ ပုစ္စုပန်မှာပဲ ပျော်သူတွေ
ကမ္ဘာပျက်မယ်ဆိုတဲ့ ရူးနှမ်းနှမ်းစကားကို
ရေခဲနဲ့ ရေသန့်လောက် မပြောဖြစ်ဘူး
တစ်ခါတစ်လေ ကြယ်ကြွေတာမြင်ရင်တောင်
ဆုတောင်းဖို့မေ့နေသူတွေ...။
မိုးလင်းလို့ မျက်စိဖွင့်ရသေးရင်
ငါ့ကမ္ဘာမပျက်သေးဘူး...
အပြုံးတွေကို လက်မခံချင်တော့ဘူးကွာ...
ဘာဖြစ်လို့လည်ဆိုတော့ ချိုချင်ယောင်ဆောင်နေတဲ့
ဓာတုဆေးထိုး အပြုံးတွေလေ...
ငါ့မနက်အလင်း အပြုံးကို
သဘာဝပဲ ဖြစ်ချင်တာပေါ့...
တနေ့တာ လူလောကထဲ
သဘာဝ အပြုံးတစ်ခုနဲ့ပဲဝင်ပါ
ကျန်တာတွေ အလိုလို လတ်ဆက်လာမှာပေါ့....
မိန်းခလေးရေ...
ပင်လယ်ကို မကိုးကွယ်နဲ့...
ပြာနှမ်းနှမ်းနဲ့ တည်ငြိမ်ချင်သယောင်...
ကမ္ဘာကိုတောင် အန်တုချင်သေးတာ...
ငါ့ပယင်းခွက်ထဲက ရွှေရည်လိုတော့
သူ ဟန်မဆောင်တက်သေးဘူး
တကယ်တော့ ......
ပင်လယ်ရဲ့ အပြုံးမှာ
သူငါတွေ ကျရှုံးတာများနေပြီ...
ပင်လယ် ပင်လယ်
အပြုံးတုတစ်ခုရဲ့ ရီသံ...
ဟိုး............အဆုံးမှာ....
လှိုင်း လှိုင်း လှိုင်း လှိုင်း.....။ ။
ဖိုးသူတော်
၅.၁၁.၂၀၀၉
၁၂ နာရီ ၅၂ မိနစ်။
Photo source : Internet
6 comments:
ပင်လယ်အပြုံး ကို
လာခံစားသွားတယ်ဖိုးသူတော်ရေ
း)
တနေ့တာ လူလောကထဲ
သဘာဝ အပြုံးတစ်ခုနဲ့ပဲဝင်ပါ
ကျန်တာတွေ အလိုလို လတ်ဆက်လာမှာပေါ့....
ဒီဒသနလေး ကြိုက်တယ် မောင်လေး
ကဗျာဖတ်သွားပါတယ်ဗျာ
ကမ္ဘာကြီးပျက်မယ် ဆိုတာကို မေ့ ထားပြီး ပင်လယ်ပြင်အကြောင်း
တွေကိုပဲ ဆက်ရေးသားစေချင်ပါတယ်လို့ ။အပြောကျယ်ကျယ်
အနက်စူးရှတဲ့ ဒီပင်လယ်ပြင်ကြီးမှာ ရေးဖွဲ့  တုနှိုင်းမကုန်နိုင်တော့ 
တဲ့  ကုန်ကြမ်းတွေ အများကြီးရှိနေပါတယ်။
လူ့ ဘောင်အဖွဲ့ ကြီးတွေနဲ့  အခြင်းခြင်းကျောခြင်းကပ် တည်
ဆောက်ထားတဲ့ ကမ္ဘာကြီးဟာ ဘယ်တော့ မှ ဂျောက်နက်ကြီး
ထဲ ထိုးဆိုက်ဆင်းမသွားနိုင်ပါလို့ ။
အရေးအဖွဲ့ တွေကတော့  ဂွတ်ရှယ်နေပါတယ်....။
ကဗျာလေးခံစားသွားပါတယ်ရှင်
Dude, juz want to let ya know abt this post - http://chenaddy.blogspot.com/2009/12/blog-post_03.html.
I believe someone took ya nick intentionally.
'Coz u won't be such person who like to criticize with rude words.
Post a Comment