Sunday, October 4, 2009

နှုတ်ခမ်းထောင့်မှာ ခိုတွဲသီနေတဲ့ ချစ်ခြင်း

နှုတ်ခမ်းထောင့်မှာ ခိုတွဲသီနေတဲ့ ချစ်ခြင်း.


နှုတ်ခမ်းထောင့်မှာ

အချစ်ဆိုတာလေး သီတန်းနေတယ်..


တံစမြိတ်အောက်မှာ

ရေစက် ကလေးတွေ ခိုတွဲနေသလို

အချစ်ဆိုတာလေးတွေ ခိုနေတယ်

ထွက်ကျတဲ့ စကားလုံးတိုင်း

နှုတ်ခမ်းထောင့်မှာ

အချစ်ဆိုတာ တွေ ပါနေတယ်..


ကျွန်တော့် နှုတ်ခမ်းဖျားမှာ ခိုတွဲနေတဲ့

အချစ် စကားလုံး ရေစက်လေးတွေက

တပေါက်ပေါက် ကျနေတယ်

သက်တန့်တွေပေါ်လို့ မိုးတွေစဲသွားချိန်ထိပေါ့....


နှုတ်ခမ်းထောင့်မှာခိုတွဲသိနေတဲ့

ချစ်ခြင်းရေစက်တွေ

လေတွေတိုက်လို့ နှုတ်ခမ်းထောင့်စွန်းကနေ

အောက်ကို ကျကုန်ပြီ...

ဒါကို မသိတဲ့ သူတွေက

သွားရည် တမြားမြား ကျတယ်ထင်မယ်


ခု အောက်ကျလုကျခင် နှုတ်ခမ်းထောင့်မှာ

သီတွဲခိုနေတဲ့ ချစ်ခြင်းရဲ့

အကြောင်းတွေပြောချင်လို့ပါ..

မလုပ်ပါနဲ့ ဒီလို လှောင်ပြောင်မှုလေးတော့

နှုတ်ခမ်းထောင့်လေး ကွေးရုံလေး

ပြုံးသွားတယ်


အဲ့ဒီ နှုတ်ဖျားမှာ သီတွဲခိုနေတဲ့ ချစ်ခြင်းတွေဟာ ..

ဟိုး.. စကြာဝဠာ အဝေးဆီက လွင့်စင်လာတဲ့

နူးညံ့မှုတွေ အားလုံးရဲ့ ကမ်းဆုံး..

တိကျ ရုပ်နာမ်မရှိတဲ့ မေတ္တာဆိုတာနဲ့ ပေါင်းစုံမိပြီး

ငါမင်းကို ချစ်တယ်လို့ ပြောထွက်ခဲ့တာပါ


နှုတ်ခမ်းထောင့်က တွဲခိုနေတဲ့

ချစ်ခြင်းရေစက်ငယ်ဟာ

လွင့်စင်လာတဲ့ မေတ္တာနဲ့ပေါင်းပြီး

သံယောစဉ်ဖြစ်စေမဲ့ နားစည်ရဲ့

အာရုံကြောကို ရိုက်ခက်စေပြီးမှ

ငါ့ရင်ထဲက ချစ်ခြင်းတွေကို ထုတ်ပြခဲ့တာပါ...


ဒီချစ်ခြင်း ရေစက်ကလေးရဲ့ အဆုံး..

နားစည်ရဲ့ အကြောထုံး..

နှလုံးသားရဲ့ သွေးကြော..

ဦးနှောက်ရဲ့ အာရုံခံအင်္ဂါ

ဒါတွေ ပေါင်းစုံပြီးမှ ချစ်ခြင်းကိုလက်ခံ တုန့်ပြန်မှုတော့ ပေးပါ..

နှုတ်ခမ်းထောင့်လေး ကွေးရုံ ပြုံးသွားတယ်.

အချစ်ရေပေါက်လေး တစ်စက်ကျသွားတယ်.

ကြယ်ကလေး လက်ခနဲ့ တစ်ချက်ဖြစ်ပြီး..

ပန်းတစ်ပွင့် အစွမ်းကုန်ပွင့်လိုက်တယ်.

နှုတ်ခမ်းထောင့်လေး လှုပ်သွားတယ်.

ချစ်တယ်….။

ဖိုးသူတော်

၎.၁၀.၂၀၀၉

၃ နာရီ ၁၅ မိနစ်..။ ။

Photo Source : Internet

4 comments:

မောင်သီဟ said...

နှုတ်ခမ်းထောင့်မှာခိုတွဲသီနေတဲ့ချစ်ခြင်း
ကဗျာနာမည်ကိုက နုနုရွရွလေးဗျာ
း) ကြိုက်တယ်

မမသီရိ said...

ချစ်စရာ အချစ်ကဗျာလေး တပုဒ် ..း)

ရောင်ပြန် said...

နှုတ်ခမ်းထောင့်မှာခိုတွဲသိနေတဲ့ ချစ်ခြင်းရေစက်တွေ လေတွေတိုက်လို့ နှုတ်ခမ်းထောင့်စွန်းကနေ အောက်ကို ကျကုန်ပြီ... ဒါကို မသိတဲ့ သူတွေက သွားရည် တမြားမြား ကျတယ်ထင်မယ်

ကယ်ကလေး လက်ခနဲ့ တစ်ချက်ဖြစ်ပြီး.. ပန်းတစ်ပွင့် အစွမ်းကုန်ပွင့်လိုက်တယ်. နှုတ်ခမ်းထောင့်လေး လှုပ်သွားတယ်. ချစ်တယ်….

မိုက်တယ် (ကဗျာလေးကို ပြောပါတယ်)

Unknown said...

oh my god
u can write will phoe thu taw
try try :P