Friday, October 24, 2008

ဂန္တ၀င်လမ်းနဲ့ အိမ်အပြန်

ဂန္တ၀င်လမ်းနဲ့ အိမ်အပြန်

လမ်းမီးရောင်တွေ ခြောက်ကပ်..

ညအလင်းရောင် တ၀က်တပျက်နဲ့

ငါပြန်မဲ့ ဂန္တ၀င်လမ်းက

အော်ခေါ်သံတွေ တိတ်ဆိတ်နေတယ်…

အလင်းရောင်တွေ ရှားနေတာလား.

ငါ့အာရုံတွေေ၀၀ါးနေတာလား

ငါပြန်မဲ့ ဂန္တ၀င်လမ်းရဲ့

အရိပ်တွေက မဲလို့လား..

အော်ခေါ်သံတွေရဲ့ နောက်ဆုံး

အသပြာကို ဘီးတက်

အသာအရာ ထွက်ခဲ့တယ်

ငါပြန်မဲ့ ဂန္တ၀င်လမ်း..

ဒီဘက်က မှောင်နေလို့

ဟိုဘက်က လင်းနေတယ်..

အမှန်တရားဆိုတာ ဘာလဲ

ငါဦးတည်တဲ့ ဘက်လား..

ငါပြန်မဲ့ ဂန္တ၀င်လမ်းလား…

ဘယ်ဆီကိုမှန်းမသိတဲ့

စိတ်ကူးနဲ့ ငါ့လမ်းကို ငါတွေးနေမိတယ်

ငါ သွားခဲ့တာ ဘာလမ်းလဲ..

ပြောပြောနေတဲ့ ဂန္တ၀င်လမ်းလား…..

ဖိုးသူတော် (၂၄.၁၀.၀၈)၂ နာရီ ၃၆ မိနစ်

2 comments:

မျက်လုံး said...

အလင်းတု ထွန်းညှိထားတဲ့ည
မြို့ပြ လမ်းမများရဲ့အပေါ်
အသိမဲ့ သန်းခေါင်ယံ အို လူသား
ဘယ်နေရာ အိပ်စက်နားမယ်
မရေရာ ဘဝရဲ့ ဝဲဂယက်ထဲ
ငါကြွေကာ ကျခဲ့ သစ်ရွက်လို

နိုင်းနိုင်ရဲ့ စာသား အငဲရဲ့ "ဇစ်မြစ်"

အဲဒီအတိုင်းပဲ..

Nyein Nyein Zaw said...

ဘယ်ဆီကိုမှန်းမသိတဲ့

စိတ်ကူးနဲ့ ငါ့လမ်းကို ငါတွေးနေမိတယ်

ငါ သွားခဲ့တာ ဘာလမ်းလဲ..

ပြောပြောနေတဲ့ ဂန္တ၀င်လမ်းလား…..

ဟုတ်လား .. ငါ.တူ