Wednesday, October 15, 2008

လက်တလော

လက်တလော

သီတင်းကျွတ်လပြည့်နေ့မှာ ထူးထူးခြားခြား ဘာမှမလုပ်ဖြစ်ဘူး။ ထူးခြားတယ်လို့ ပြောလို့ရတဲ့ဟာ တစ်ခုကတော့ ကိုမျက်လုံးနဲ့ စမ်းချောင်းလမ်းထဲက ရွှေစည်တော် ဆိုတဲ့ ဆိုင်မှာ တွေ့ပြီး လက်ဘက်သုပ် တစ်ပွဲ လက်ဘက်ရည် ပေါ့ဆိမ့်တစ်ခွက်စီ နဲ့ ထွေရာလေးပါလေး စကားစမြည်ပြောခဲ့တယ်။ ဟတ်ဟတ် အရင် ဒီလူနဲ့ ဒီလိုဆိုင် ထိုင်မှ မထိုင်တာ.. ဟုတ်တယ်နော် ကိုမျက်လုံး…။ ပြောဖြစ်တာတွေကတော့ ထုံးစံအတိုင်း သတင်းတွေ၊အတင်းတွေ၊ စာအုပ်တွေအကြောင်း၊ အစရှိသဖြင့်ပေါ့လေ။ ခရီးလေး ဘာလေးလဲ သွားချင်တယ်ဗျာ။ ဥပမာ ချင်းပြည်ဘက်ပေါ့။ ရန်ကုန်သားတွေ အတွက် တောင်ပေါ်ဆိုတာ အရမ်းကို လှပတဲ့နေရာ တစ်ခုပါ။ မျက်စီရှေ့မှာ တိမ်တွေ မျှောနေတာတွေ၊ တောင်တွေနဲ့ အေးစက်တဲ့ အငွေ့အသက်တွေ၊ တောင်ဇလပ်တွေ၊ ထင်းရှုးပင်တွေ၊ တိုင်းရင်းသူမလေးတွေ အားလုံးဟာ မျက်စီထဲ မှာ ဆန်းသစ်ပြီး လှပနေမှာပါ။ ကျွန်တော် အဲ့လို မြင်ကွင်းမျိုး အရမ်းနှစ်သက်တာ။ ဒါပေမဲ့ ချင်းပြည်ဘက်ကို တစ်ခါ မှ မရောက်ဘူးဘူး။ သွားချင်လည်း ပိုက်ပိုက်က မရှိ၊ အလုပ်က မအားတော့လည်း စိတ်ကူးပဲ ယဉ်ရတာပါ။

ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေတာနဲ့ တွေ့နေ့ကျ သူငယ်ချင်းတွေနဲ့တောင် မတွေ့နိုင်ပါဘူး။ စာလည်းမရေးဖြစ်၊ ကဗျာလည်းမရေးဖြစ်၊ အင်တာနက်တောင် တစ်ခါတစ်လေ လေးမှ ၀င်သုံးဆိုတော့ ဘယ်လိုမှ ချိတ်ဆက်လို့ မရဖြစ်နေတာ။ ဘလော့ဂ်တွေလဲ မလည်ဖြစ်။ လစ်ထဲမှာ ရှိတဲ့ သူတွေပဲ ဘာအသစ်တင်လည်း တင်တယ်ဆို သွားဖတ်လိုက် အဲ့လောက်ပဲ လုပ်နိုင်တယ်။ ခုလည်းရေးနေရင်းနဲ့ ဘလော့ဂ်လင့်ခ်လေး တစ်ခု ရလို့ သွားဖတ်နေတာ ဖတ်ကောင်းနေတာနဲ့ ဆက်ဖက်ဖြစ်လိုက်တယ်။

ဒီရက်ပိုင်း ပြဿနာလေးတစ်ခု လည်းဖြေရှင်းဖို့ ရှိတယ်။ အဲ့ ကိစ္စအတွက်လည်းစဉ်းစားရသေးတယ်။ ကဗျာဆိုရင် လုံးလုံးကို မရေးဖြစ်ဘူး။ ခံစားချက်တွေ ခေတ္တဆွံ့အနေသလိုဖြစ်နေတယ်။ အားလုံးပဲ ကောင်းသောနေ့လေးတွေ ဖြစ်ကြပါစေ….

သူတော်

(၁၅.၁၀.၀၈) ၂ နာရီ

No comments: