Friday, October 10, 2008

အချစ်ဆိုသည်မှာ

ကိုဖုန်းမြင့်က Tag ထားတယ်ဆိုလို့ ဘာအကြောင်းလဲဆိုတော့ အချစ်ဆိုသည်မှာ တဲ့။ အားပါး ဒီခေါင်းစဉ်က ခေါင်းစဉ်ကြီးတယ် လို့ပြောလို့ရသလို ရေးစရာအချက်အလက်တွေ များစွာ ထည့်လို့ ရပါတယ်။ ကိုယ်ခံစားမိတဲ့ ချစ်ခြင်းတွေကို ရေးလို့ရသလို သမီးရည်းစားအချစ် ကိုလည်း ရေးနိုင်ပါတယ်။ ကျွန်တော်ကတော့ သာမန်ပါပဲ ကျွန်တော့်ရဲ့ အချစ်အမြင်နဲ့ အချစ်ဆိုသည်မှာ ကို ခုလိုပဲ ရေးလိုက်ပါတယ်။ ကိုဖုန်းမြင့်ရော စာဖတ်သူများရော ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ (ဖိုးသူတော်)

အချစ်ဆိုသည်မှာ

‘တကယ်ဆိုရင် အချစ်ဟာဘာမှန်းမသိတဲ့ ပုစ္ဆာ၊ အချစ်ဟာ အဖြေရှာ မရတဲ့ ပြဿနာ၊ ကိုယ်ကိုတိုင် အချစ်ဟာ ဘာမှန်းမသိလို့’ ပါဆိုပြီး နိုင်ငံကျော် အဆိုတော် တစ်ဦးဆိုခဲ့တာ ကို သွားသတိရပါတယ်။ တကယ်တော့ အချစ်ဆိုတာကို ရာစုနှစ်အဆက်ဆက် ကဗျာဆရာတွေ၊ သီချင်းရေးဆရာတွေနဲ့ အနုပညာရှင်များစွာကလည်း ဖွင့်ဆိုခဲ့ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားချက်ခြင်းမတူသလို အချစ်အပေါ်ခံစားချက်နဲ့ အချစ်ဆိုတာကိုလည်း မြင်တာ တူချင်မှ တူမှာပါ။ အချစ်ဆိုတာ မြင်နိုင်တွေ့နိုင်ခြင်းမရှိပေမဲ့ ခံစားရတဲ့ ခံစားချက်တွေ ထဲမှာတော့ အပီပြင်ဆုံး ခံစားချက်တစ်ခု ဖြစ်ပါတယ်။ သက်ရှိကမ္ဘာကြီးကိုကလည်း အချစ်ဆိုတာနဲ့ တည်ဆောက်ထားတာပါ။ ဒီအချစ်တွေ ရှိခဲ့လို့ လည်း ကမ္ဘာကြီးဟာ စည်ပင်သာယာလာတာပါ။ အချစ် မှာ ခံစားချက် ခံစားမှု အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး အချစ် ဆိုတဲ့ စာလုံးအောက် မှာ အချစ်တွေ အများကြီး ကွဲပြားချားနားသွားပါတယ်။

လင်မယားချင်းချစ်ကြတယ်။ ချစ်သူချင်း ချစ်ကြတယ်။ မိဘသားသမီးချစ်ကြတယ်။ မိသားစု မောင်နှမ ချစ်ကြတယ်။ မိတ်ဆွေ သူငယ်ချင်း ချစ်ကြတယ်။ ဆွေမျိုးအသိုင်းအ၀ိုင်းချစ်ကြတယ်။ သွေးမတော် သားမစပ် မသိကျွမ်းပဲ သနားဂရုဏာနဲ့ ချစ်ကြတယ် စသဖြင့် အချစ်ဆိုတာ ကွဲပြားခြားနားသွားပါတယ်။ ၀ီကီပီးဒီးယားရဲ့အချစ် ဆိုတဲ့ စာမျက်နှာမှာလည်း အချစ်ဆိုတာကို ဒီလိုပြောထားပါတယ်။

( ဘာသာပြန်ရင်မှားနေမှာစိုးလို့ ဟီး ကိုယ့်ဟာကို ပြန်လိုက်နော် :P )

Love is any of a number of emotions and experiences related to a sense of strong affection. The word love can refer to a variety of different feelings, states, and attitudes, ranging from generic pleasure ("I loved that meal") to intense interpersonal attraction ("I love my girlfriend"). This diversity of meanings, combined with the complexity of the feelings involved, makes love unusually difficult to consistently define, even compared to other emotional states.

As an abstract concept, love usually refers to a deep, ineffable feeling of tenderly caring for another person. Even this limited conception of love, however, encompasses a wealth of different feelings, from the passionate desire and intimacy of romantic love to the nonsexual emotional closeness of familial and platonic love to the profound oneness or devotion of religious love. Love in its various forms acts as a major facilitator of interpersonal relationship and, owing to its central psychological importance, is one of the most common themes in the creative art.

ကျွန်တော်ရဲ့ ခံစားမှုနှင့် ဆိုင်တဲ့ အချစ်က တော့ ခံစားမှုပေါ် အလေးထားပေမဲ့ ချစ်တာ သက်သက်ထက် မြတ်နိုးယုံကြည်နားလည်မှုကို ပိုမိုတန်ဖိုးထားပါတယ်။ အချစ်ဆိုတာ အပေါ်မှာပြောခဲ့သလိုပဲ ထိတွေ့ကိုင်တွယ်လို့ မရပေနဲ့ ခံစားရတဲ့ ခံစားချက် နေရမှာတော့ ထိရောက်လွန်းပါတယ်။ ချစ်ခြင်းများစွာ နဲ့ နှောင်ဖွဲ့ထားတဲ့ ဒီကမ္ဘာကြီးပေါ်မှာ ကျွန်တော်ကလည်း အဲ့ဒီ နှောင်ဖွဲ့ တဲ့ အထဲမှာ ပါပါတယ်။ အချစ်ဆိုတာ အဲကွန်း အင်ဒိုးယူနစ်လို လေအေးတွေပေးနေတက်သလို တစ်ခါတစ်ရံ အောက်ဒိုးယူနစ်လို လေပူကြီးနဲ့လည်း မှုတ်ထုတ်တက်ပါတယ်။ အချစ်ဆိုတာ လေထီးခုန်သမား လေယာဉ်ပေါ်က ခုန်ချချ ခြင်း အေးကနဲ ခံစားရသလို ခံစားရပြီး လေထီးဖွင့်ခါနီးမှာ လေထီးမပွင့်တော့လို့ အားကနဲ့ ခံစားရတာနဲ့လဲ တူပါတယ်။ အချစ်ဆိုတာ တစ်ခါတစ်ရံ ဖယောင်းတိုင်မီးလောက် လင်းနေပြီး တစ်ခါတစ်ရံ အမွှေးတိုင်မီးလောက် မှောင်နေတက်ပါတယ်။ ဘာပဲပြောပြော အချစ်ဆိုတာ မရှိရင် ဒီကမ္ဘာကြီး မရှိနိုင်သလို ကျွန်တော်လည်း မရှိနိုင်ပါဘူး။

အချစ်ရဲ့ အဓိပ္ပာယ်ကို ရှေးအစဉ်အဆက်ကတည်းက ဖွင့်ဆိုခဲ့သလို ယခု အချိန်အခါထိလည်း ဖွင့်ဆိုလိုမပြီးပါဘူး။ နောက်ကမ္ဘာဆုံးတိုင်အောင်လည်း ဖွင့်ဆိုနေကြဦးမှာပါ။ ဘာလို့လဲ ဆိုတော့ လူသားများစွာနဲ့ ကမ္ဘာကြီးဟာ အချစ်များစွာ အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာနဲ့ လှပသာယာလန်းဆန်း နေဦးမှာပါ။

တကယ်တော့ အချစ်ဆိုသည်မှာ………….

ဖိုးသူတော်( ၁၀.၁၀.၀၈)

၃နာရီ၂၃မိနစ်

3 comments:

Prizewai said...

wikipedia အကိုးအကားနဲ့ ရှင်းပြထားတာပဲ။ :D
လေထီးမခုန်ဘူးတော့ ဘယ်လိုနေလဲ မသိဘူး။
ဖိုးသူတော်ရော ခုန်ဖူးလား။

Kaung Kin Ko said...

အချစ်အကြောင်းဟာ ဘယ်အချိန်ဖတ်ဖတ် မရိုးဘူး။

Chaos said...

အချစ်ဆိုတာ လေထီးခုန်သမား လေယာဉ်ပေါ်က ခုန်ချချ ခြင်း အေးကနဲ ခံစားရသလို ခံစားရပြီး လေထီးဖွင့်ခါနီးမှာ လေထီးမပွင့်တော့လို့ အားကနဲ့ ခံစားရတာနဲ့လဲ တူပါတယ်။ အချစ်ဆိုတာ တစ်ခါတစ်ရံ ဖယောင်းတိုင်မီးလောက် လင်းနေပြီး တစ်ခါတစ်ရံ အမွှေးတိုင်မီးလောက် မှောင်နေတက်ပါတယ်။ ဘာပဲပြောပြော အချစ်ဆိုတာ မရှိရင် ဒီကမ္ဘာကြီး မရှိနိုင်သလို ကျွန်တော်လည်း မရှိနိုင်ပါဘူး။

မိုက်တယ် အဲ့ဒါလေး ဒါဆို အခုချိန်ထိ သူတော်ဆက်ရှိနေသေးတယ်ဆိုတာ အချစ်ရှိနေသေးလို့ပေါ့နော့