Monday, September 15, 2008

ONE YEAR

တစ်နှစ်သားကျွန်တော်

၁၅.၉.၀၈ ဆိုရင် ကျွန်တော် ဖိုးသူတော် နာမည်နဲ့ ဘလော့ဂ်ရေးတာ ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီ။ ဘလော့ဂ်ရေးတဲ တစ်နှစ်အတွင်း ဘလော့ဂ်ရေးတဲ့သူတွေနဲ့ သိကျွမ်းခင်မင်ခဲ့ရတာလဲ မနည်းမနောပါပဲ။ အွန်လိုင်းမှာခင်တဲ့သူတွေ၊ အော့ဖ်လိုင်းမှာခင်တဲ့သူတွေ၊ အွန်ပြီးမှ အော့ဖ် ခင်သွားတဲ့ သူတွေ အစရှိသဖြင့်ပေါ့လေ။ သူငယ်ချင်းမိတ်ဆွေ တိုးပွား အသိတွေလည်း များရတာပေါ့။ ဒီလို စဖီးယား တစ်ခုကို ၀င်လာပြီဆိုရင် ဒီစဖီးယားထဲက လူများနဲ့ ဆက်ဆံရမှာတော့ မလွှဲမသေပါ။ ကောင်းတဲ့လူတွေ ရှိသလို မကောင်းတဲ့ လူများလည်း ရှိနိုင်ပါတယ်။

ဘလော့ဂ်ဂါ သူငယ်ချင်းများနှင့်လည်း အမျိုးမျိုးသော လူမှုရေး လှုပ်ရှားမှုများလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အောင်မြင်တာတွေ ရှိခဲ့သလို မအောင်မြင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တစ်နှစ်သား မှတ်တမ်းလေးဟာလည်း များများလို့ လာခဲ့ပါပြီ။ ကျွန်တော် ၃လပြည့် တုန်းက ရေးခဲ့သလိုပါပဲ ၃လပြည့် မှတ်တမ်းပါးပါးလေးမှသည် အများအတွက် အသုံးဝင်နိုင်မည့် မှတ်တမ်းထူကြီး ဖြစ်အောင် လုပ်ပါမည် ဆိုတဲ့ အတိုင်း လာရောက်လည်ပတ်တဲ့ သူတွေအတွက် အသုံးမ၀င်ဘူးဆိုသည့်တိုင် ကျေနပ်အောင် ပြုလုပ်ထားပါတယ်။ ဒေသန္တရဗဟုသုတလေးတွေ၊ အတွေးအမြင်လေးတွေ၊ ကဗျာလေးတွေ အစရှိသဖြင့်ထည့်သွင်း ဖော်ပြထားပါတယ်။ ကျေနပ်ကျမယ်လို့လဲ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ မြန်မာဘလော့ဂ်လောက ဒီထက်ပိုမို ကျယ်ဝန်းပြီး နိုင်ငံတကာ ဘလော့ဂ်များနှင့် ရင်ဘောင်တန်းနိုင်ဖို့လည်း ကျွန်တော်တို့ အများကြီး ကြိုးစားအားထုတ်ကြဖို့ လိုအပ်ပါတယ်။ အားလုံးလဲ ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ ရင်ဘောင်တန်းနိုင်ဖို့ဆိုလျှင်လည်း မိမိ မိခင်ဘာသာစကားနှင့် တင်မဟုတ်တော့ပဲ အင်္ဂလိပ်ဘာသာစကားဖြင့်လည်းရေးသားဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်သော ဘလော့ဂ်ဂါ ညီအကိုမောင်နှမများ ပြုလုပ်ကြစေချင်ပါတယ်။ အနောက်နိုင်ငံများနှင့် မယှဉ်နိုင်သေးဘူးဆိုရင်တောင် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပီး မြန်မာ့ဘလော့ဂ်လောက ကိုမြှင့်တင်နိုင်ပါစေလို့ ၁နှစ်သားလေးမှ ဆုမွန်ကောင်းတောင်းလိုပါတယ်။

ဖိုးသူတော် ( ၁၄.၉.၀၈)

၂၃နာရီ ၂၃မိနစ်

4 comments:

Thet Htoo@Myat Lone said...

တစ်နှစ်ပြည့် ကိုသူတော်ဘလော့အတွက် တိုက်ပွဲ အကြီးအကျယ် ဆင်နွှဲမည်။

" မိုးတွေကလည်း မစဲပဲ ရွာနေသည်။ "

:D

လင်း said...

ဖိုးသူတော် နဲ့ လင်းက အတူတူပဲပေါ့။ တနှစ်ပြည့်တာ ရှေ့ ဆင့်နောက်ဆင့်။

Tea said...

Happy Blogging!! :)

ကလူသစ် said...

ပြည့်ပြီပေါ့ တနှစ်။ ရှည်ပါစေ...ရာကျော်။
ဘိုလိုရေးဖို့ကတော့ သိတ်မလွယ်လှဘူး။ မြန်မာလို ပျစ်ပျစ်နှစ်နှစ်ပေါ်အောင် ဘိုလို ရေးတတ်ဖို့မလွယ်လှဘူး။ ဖတ်သူကိုလဲ စဉ်းစားရမယ်။ တပို့စ်ထဲကို ဘိုလိုရော၊ မြန်မာလိုရော အချိန်ပေးရေးနိုင်ရင်တော့ အိုကေမယ်ထင်တယ်ဗျို့