Wednesday, May 21, 2008

နတ်သမီးငယ်

နတ်သမီးငယ်
အိပ်မက်တွေရယ် စိတ်ကူးတွေရယ်..
တိတ်တခိုးနဲ့ ရူးခဲ့ရတယ်..
နတ်သမီးငယ်....

မျက်ဝန်းတွေနဲ့ အပြုံးတွေ
ကြယ်တွေလင်းနေတယ်...
နတ်သမီးငယ်...

တောင်တန်းတွေနဲ့ ပန်းခင်းတွေရယ်..
မင်းပြောတဲ့ တောင်ဇလပ်နီနီနဲ့ .
သစ္စာတရားရယ်...
လေညှင်းတွေကို ငါရှူရှိုက်တယ်...
မြူတွေနဲ့ အရမ်းလှတယ်..
နတ်သမီးငယ်...

မင်းပြောသလို..
မဝေးချင် မဆွေးချင်ဘူး..
ဆွေးမဲ့ အသည်းနှလုံး..
ကျောက်တုံးလေးသာ ဖြစ်လိုတယ်..
နတ်သမီးငယ်..

အချစ်ဆိုတာ ချစ်နေရတဲ့သူက
ပေးဆပ်ရတယ်ဆိုတာ ငါနားလည်ခဲ့တယ်..
နတ်သမီးငယ်..

ဒါပေမဲ့......
မင်းကိုချစ်ရတာ ငါကျေနပ်တယ်...
နတ်သမီးငယ်....

ချစ်ခြင်းများစွာဖြင့်......
ဖိုးသူတော် (၂၀.၅.၂၀၀၈)

1 comment:

Chaos said...

ဖိုးသူတော်ရဲ့ နတ်သမီးငယ်လေးက ဘယ်သူပါလိမ့်
ဒီလောက်လှတဲ့ ကဗျာလေးကို သီဖွဲ့ပေးထားတာ
နတ်သမီးလေး ကံကောင်းတယ်နော်