မေလ ၁၃ ရက်နေ့မှာ တွံတေးမြို့ကို သွားရောက်ခဲ့ပါ့တယ်။ မုန်တိုင်းသင့်ပြည်သူများ အခြေအနေနှင့်လိုအပ်ချက်များအား သွားရောက် ဒေတာကောက်ယူခြင်းဖြစ်ပါတယ်။ ပထမဆုံး တွံ့တေးတံတားမရောက်ခင် ပန်းလှိုင်တံတားမှ မိနစ် ၂၀ လောက်ဆင်းအပြီးမှာ လမ်းဘေးတစ်လျှောက် လယ်တောတ၀ိုက်တွင်ရှိသော ရွာများ အခြေအနေဆိုးဝါးလျှက်ရှိနေပါတယ်။တွံတေးတံတာကို နေ့လည် ၁၁ နာရီ ၅၀ မှာရောက်ရှိပါတယ်။ သံဖြူကျေးရွာအနီးမှာ ဒုက္ခသည်များကို စေတနာရှင်ပြည်သူများမှ ပေါင်မုန့်များ လှူဒါန်းနေသည်ကို တွေ့ရပါသည်။ ကယ်ဆယ်ရေးလုပ်ငန်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာမလုပ်ပေးနိုင်သေးသော အနေအထားမှာရှိပါတယ်။ လမ်းသွားလမ်းလာများ၊ ကယ်ဆယ်ရေးသွားသောအဖွဲ့များမှ အစားအသောက်များပြစ်ချလေ့ ရှိဟန်တူသောကြောင့် လမ်းဘေးဝဲယာတစ်လျှောက် နေပူမရှောင် မိုးရွာမရှောင် တောင်းရမ်းနေပုံကို မြင်ရတာလည်း တစ်စက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။
နောက်ပြီးတော့ တွံ့တေးမြို့ မရောက်ခင် ကံဘဲ့စံပြကျေးရွာ မှာလည်း အိမ်ခြေ ၉၀% လောက်လုံးဝနေလို့မရတော့တဲ့ အနေအထားမှာရှိပါတယ်။အထက်တန်းကျောင်းကြီး ခေါင်းမိုးများအားလုံးလဲ လန်ထွက်နေပါတယ်။ ရွှေစံတော်စံပြ ရပ်ကွက်မှာတော့ တရုတ်မှ လှူဒါန်းထားသော Tent ပေါင်း ၂၁ လုံးဖြင့် မုန်တိုင်းသင့်ပြည်သူများကိုထားထားပါတယ်။ ဟိုမှ ဒီမှ လာရောက်စစ်ဆေးသောအခါ ပြထားချင်ပုံရပါတယ်။ Tent ပေါင်း ၂၁ လုံးတည်းဖြင့် တွံ့တေး မြို့နယ်တစ်ဝိုက်များ ဒုက္ခသည်များအားလုံးဆံ့ရင်တော့ အရမ်းကောင်းတာပေါ.ဗျာ ။ တဲတလုံးကို မိသားစု ၂ စု ထားတယ်လို့သိရပါတယ် ။ တဲတလုံးအကျယ် က လ၄ယောက်လောက် အိပ်လိုက်ရင် ပိာုလူပ်ဒီလူးလို.တောင် မရတဲ.အနေအထားပါဗျာ ။ တဲ့အလုံး ၂၀ကျော်နဲ့ တွံတေးတခုလုံးကို ကယ်ဆယ်ထားတယ်ဆိုတော့ .... ဆက်မတွေးချင်တော.ဘူးဗျာ။
တွံ့တေးမြို့ထဲရောက်တော့ ကျနော်တို့ရန်ကုန်ဘက်လို သစ်ရွက်၊ သစ်ကိုင်း ပုံကြီးတွေ မရှိတော့သော်လည်း ဓာတ်တိုင်များကိုတော့ လုံးဝ လာရောက် ပြင်ဆင်ခြင်းမရှိသေးပါဘူး။ ဒါနဲ့ကျနော်တို့တွေလည်း ယို့ယွင်းပျက်စီးနေသော ရွှေစာရံစေတီတော်ကြီး ကိုတစ်ပတ်လှည့်ကြည့် ၊ (တီဗီထဲမှာ လိုပေါ.ဗျာ လိုအပ်တာတွေကို မှာစား (အခုတော. ပါလာတဲ. ဘီစကစ်လေးကို စားပြီး) ပြန်ဆင်းလာခဲ.တယ်။
အဲ.တ၀ိုက်မှာတော. လမ်းကြောင်းလာမယ်ဆိုပြီး လမ်းရှင်းနေတဲ. ရဲတွေတော့တွေ့ခဲ့ရတယ် ။ ကဲ ... မပြောတော.ပါဘူး ။။ ဒီကောင်တွေ လူပါးဝနေတာ ကြာပြီပဲ ။
မြို့ထဲဘက်လိုမဟုတ်... ကူညီမည့်အဖွဲ့များ မရှိသော ရန်ကင်း၊ တန်းလျှားလေး ကျေးရွာများဘက်ကိုရောက်ခဲ့ပါတယ်။အဲ့ရွာတွေမှာ တော့ အခြေနေဆိုးတယ် ဗျာ ။ ခန့်မှန်း လူဦးရေ ၁၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ တရွာလုံးကျွတ်ကို ပျောက်သွားတာ ။ ပြီးတော့ တရွာလုံးမှာမှ အိမ်ကောင်းဆိုလို. ၃၊၄၊၅လုံးပဲကျန်တယ် ။ အဲ့ဖက်က လူတွေက လက်လုပ်လက်စား ကွမ်းရွက်ခူးတဲ့သူတွေဖြစ်ပြီး အခု ကယ်ဆေးရေး ၊ ထောက်ပံရေး တခုမှမရသေးပါဘူး ။ မြို့ထဲရွှေစာရံ ဘက်မှာသာ ရနေကြတာပါ ။ လူမြင်ကွင်းမှာ တဲထိုးပေးထားတဲ့လူတွေလောက်သာရနေတာပါ ။ ပြီးတော့စဉ်းစားကြည့်ဗျာ ။ ကယ်ဆယ်ရေးစခန်း ရယ်လို့ ဖွင့်လို့လည်းမရတဲ. အခြေအနေမှာ ရှိသေးတဲ့အိမ်လေးတွေပေါ် တက်နေရတယ် တဲ့ ။ စားဖို့သောက်ဖို့က တော့ အပူတပြင်းရုံးကန် လမ်းမပေါ်အထိ ကလေးနဲ့မိန်းမတွေ မကျန် တက်တောင်းရမ်း စားသောက်နေရတယ် ။ လမ်းတဖက်တချက် က လမ်းမတွေမှာ ငတ်နေတဲ.လူတွေ တက်တက်တောင်းနေတာ ရန်ကုန်နဲ. တွံတေး လမ်းမပေါ်မှာ အများကြီးပဲ ။ အသေအပျောက်တော့ နည်းတယ်လို့ကြားခဲ့ရတယ်။
တွံတေးမှ လိုအပ်သော သတင်းအချက်အလက်များ ရယူပြီး နေ့လည် ၁ နာရီလောက်ပြန် လှည်ထွက်ခွာခဲ့ကြပါတယ်။
အသွားတင် မိုးရွာနေသောကြောင့် လမ်းဘေးဝဲယာ တစ်လျှောက်ဒုက္ခသည်များ အနည်းငယ်သာ ရှိသော်လည်း အပြန်တွင် ရာသီဥတု ကောင်းသဖြင့် လမ်းဘေးဝဲယာ တစ်လျှောက်ဒုက္ခသည်များ အများအပြားတွေ့ခဲ့ ရပါသည်။ ဒီလိုနှင့် အဖွဲ့သားများ ပြန်လာကြရာ လမ်းတွင် တွံတေးတံတားအဆင်း ကားအနည်းငယ်မောင်းပြီးသော အခါ ရုံးမှလာသော ကားနှင့်တွေ့သောကြောင့် ကော့မှုး ၊ ကွမ်းခြံကုန်းဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ လမ်းတွင် မောင်းတီးစေတီတော်ကြီးမှာ ထီးတော်ကြီး ပြုတ်ကျနေတာကို စိတ်မကောင်းဖွယ်တွေ့ရှိခဲ့ရပါတယ်။ ကော့မှုးမြို့နယ်သို့ နေ့လည် ၂ နာရီလောက်တွင် ရောက်ရှိခဲ့ပါသည်။ ဆင်ခြံကျေးရွာသို့ ရောက်ရှိတော့ ကျွန်တော်တို့ သွားရောက်လှူဒါန်းခဲ့ သော ပရဟိတ ကျောင်းလေးကို တွေ့ရပါသည်။ ကျောင်းရှေ့မုဒ်ဦးဝ တွင် ကလေးငယ်များ မိုးရေထဲတွင် သနားစဖွယ်တွေ့ရှိခဲ့ပါသည်။ကော့မှုးမြို့နယ် အတွင်းတွင်ရှိသော ကျေးရွာအများစု၏ မူလတန်းကျောင်းများမှာ တော်တော်များများကို ပျက်စီးသွားသည်ကိုတွေ့ရှိရပါသည်။ အိမ်များမှာလည်း အမိုးလန်ရုံတင်မက ပြိုလဲနေသည်များကိုပင်မြင်တွေ့ခဲ့ရပါသည်။ နေ့လည် ၂ နာရီခွဲခန့်တွင် ကွမ်းခြံကုန်းမြို့သို့ ရောက်ရှိခဲ့ပါသည်။ ကွမ်းခြံကုန်းမြို့၏ ပျက်စီးမှုများမှာ ကော့မှုးထက်ပင် များမယ်ထင်ပါသည်။ ကျွန်တော်တို့ ပထမဦးဆုံး အထက (၁) သို့သွားရောက်ပါသည်။ ထိုကျောင်းရှေ့တွင် စေတနာရှင်များမှ လူတစ်ဦးလျှင် ဆန် ၂ လုံး၊ အားလူး လေး ငါးလုံး နှင့် ကြက်သွန် လေး ငါး လုံး လှူဒါန်းနေသည်ကိုတွေ့ရပါသည်။
ထိုမှ တဖန် မြို့နယ် လျှပ်စစ်ရုံးသို့ သွားရောက်၍ မြို့တွင်း လျှပ်စစ်အခြေအနေကို မေးမြန်းပါသည်။ လမ်းမီးတိုင်ပေါင်း ၂၃၀ ခန့် ပြိုလဲပျက်စီးသွားသည်ဟု့ ကြားသိပါသည်။ လိုအပ်တာများကိုပြောကြားပီး ညနေ လေးနာရီ ကျော်ခန့်တွင် ပြန်လာပါသည်။
အပြန်လမ်းတွင် ကျွန်တော်တို့ ကားပေါ်တွင် ပါလာသော အ၀တ်အထည် များအား လမ်းဘေးဝဲယာ ဒုက္ခသည်များအား ပေးအပ်လှူဒါန်းပါသည်။ လိုအပ်သော သတင်းဓာတ်ပုံများအား အခက်အခဲ ရှိသောကြောင့် မတင်နိုင်သေးပါ။
နောက်တစ်နေ့တွင် ဘိုကလေးသို့သွားမည်ဖြစ်ပါသည်။
No comments:
Post a Comment