စိတ်ကူးတွေကို ရွတ်လွှင့်ပြီးကမ္ဘာအနှံ့ အလွမ်းလှေငယ်လေးနဲ့သွားချင်တယ်။
ဒီလိုဆိုရင်ဦးတည်ရာမဲ့မျှောပါသွားမလား…မင်းရှိရာဆီကိုပဲရောက်လာမလား..
ဖြည်းဖြည်းလေး အသက်ရှုနေတဲ့ မိုးလင်းသွားတဲ့ ညများစွာကိုဖြတ်သန်းပြီ…
မနက်ဖြန်သူစိမ်းတွေကို ရင်ဆိုင်နိုင်ဖို့ မင်းရဲ့အပြုံးတစ်ပွင့်ကိုတောင်းတမိတယ်..
စည်းဘောင်များတဲ့ လူ့လောကထဲမှာအလိုက်သင့်နေထိုင်ပြီး..မင်းကိုလွတ်လပ်စွာ
ချစ်ချင်တယ်..စိတ်ကူးယဉ်အတွေးထဲမှာ စိုးမိုးနေတဲ့မင်းကိုအပြင်လောကရဲ့ဧကရီ
အဖြစ် ပေးလိုက်တယ်။ မြိုသိပ်ထားတဲ့စကားလုံးများစွာထဲက စကားလုံးနှစ်လုံးကို
တော့ပြောချင်တယ်…" ချစ်တယ်" မေ့လိုမရမဲ့မင်းရဲ့အပြုံးတွေကို ပန်းပွင့်များ
အဖြစ် ဖန်ဆင်းပြီး ဥယျာဉ်တစ်ခုကို လက်ဆောင်ပေးချင်တယ်။
ရင်ဘက်ထဲက ကဗျာတစ်ပုဒ် ကို မင်းအတွက်ဥယျာဉ်မှာကျဲချ ပန်းပွင့်တွေက
ပြောတယ်…
ဖိုးသူတော်..
No comments:
Post a Comment