Saturday, September 22, 2007

PLC

PLC အကြောင်းတစ်စေ့တစ်စောင်း

Control System တွေထဲကတစ်ခုဖြစ်တဲ့ Programmable Logic Controller (PLC)

အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။

PLC တစ်ခုဟာ ရှုပ်ထွေးမှုအဆင့်ဆင့်နဲ့ ထိန်းချုပ်မှု (control) အမျိုးမျိုးကို microprocessor

အခြေခံ အထူးပြုလုပ်ထားတဲ့ computer ကနေထုတ်ပေးတဲ့ device တစ်ခုဖြစ်ပါတယ်။

Computer operating ကိုသိပ်မကျွမ်းကျင်တဲ့သူတောင် PLC ကိုအသုံးပြုနိုင်၊ ထိန်းချုပ်မှုနဲ့

ပရိုဂရမ်သွင်းမှုတွေကိုလုပ်နိုင်ပါတယ်။

PLC ပရိုဂရမ် တစ်ခုမှာ မျဉ်းကြောင်းတွေနဲ့ Ladder diagram ရေးဆွဲမှုဟာ မရှိမဖြစ်အရေးပါ

ပါတယ်။ဒီလိုရေးဆွဲမှုဟာ ထိန်းချုပ်မှု (control) ဖြစ်စဉ်တစ်ခုအတွက် အပြင်ပိုင်းဝါယာကြိုး

ဆက်သွယ်ခြင်းများလို အတွင်းပိုင်း ပရိုဂရမ် ထဲမှာပြုလုပ်ခြင်းဖြစ်ပါတယ်။

On off ပြုလုပ်နိုင်သော output device ရှိတဲ့ဘယ်စနစ်မျိုးကိုမဆို PLC ဟာ operate

ပြုလုပ်နိုင်ပါတယ်။ Output မျိုးစုံရှိသောစနစ်မျိုးကိုလည်း operate လုပ်နိုင်ပါတယ်။

Input ပိုင်းအနေနဲ့တော့ on off input device သာမက variable device တွေကိုပါ

PLC ဟာ operate လုပ်နိုင်ပါတယ်။

ပထမဆုံး PLC စနစ်ဟာ conventional computer များမှ ၁၉၆၀ နှစ်ကုန်ပိုင်း နဲ့ ၁၉၇၀

အစောပိုင်းတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ၎င်း ပထမဦးဆုံး PLC များကို automotive plants

တွေမှာအများဆုံးတပ်ဆင်သုံးစွဲခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ PLC ထုတ်လုပ်မှုဟာ ကျယ်ပြန့်လာပြီး PLC ဈေးကွက်ဟာ ၁၉၇၀ မှာ အမေရိကန်

ဒေါ်လာ သန်း ၈၀ ကနေ တစ်နှစ်ပြီးတစ်နှစ်ကြီးထွားလာရာ ၁၉၉၀ မှာ ဒေါ်လာ သန်းတစ်ထောင်

ထိဖြစ်လာခဲ့ပါတယ်။ယနေ့ခေတ်မှာ PLC အသုံးပြုမှုဟာ ပိုမိုတိုးတက်လာပြီး အဆင့်မြင့် စက်ရုံ၊

အလုပ်ရုံ တွေနဲ့ အဆောက်အအုံတွေရဲ့ထိန်းချုပ်ပိုင်းများမှာ မရှိမဖြစ်သုံးစွဲနေကြပါတယ်။

PLC ရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများ

ပစ္စည်းတစ်ခုကို စတင်တီထွင်ထုတ်လုပ်ပြီဆိုတာနဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိလာပါတယ်။

ထို့ကြောင့် PLC ရဲ့ကောင်းကျိုး၊ဆိုးကျိုးများကိုဖော်ပြလိုက်ပါတယ်။

PLC ရဲ့ကောင်းကျိုးများ

  1. Flexibility
  2. Implementing Changes and Correcting errors
  3. Large Quantities of Contacts
  4. Lower Cost
  5. Pilot Running
  6. Visual Observation
  7. Speed of Operation
  8. Ladder programming Method
  9. Reliability and Maintainability
  10. Simplicity of Ordering Control System Components
  11. Documentation
  12. Security
  13. Ease of Changes by Reprogramming တို့ဖြစ်ကြပါတယ်။

ဆိုးကျိုးတွေအနေနဲ့ကတော့

  1. Newer Technology
  2. Fixed Program Application
  3. Environmental Consideration
  4. Fail – Safe Operation
  5. Fixed-circuit Operation တို့ဖြစ်ကြပါတယ်။

No comments: