Thursday, September 20, 2007

ချစ်တယ်..

ချစ်တယ်

ချစ်တယ်
တိတ်ဆိတ်စွာညရဲ့စက္ကန့်တံတွေဟာ
အာရုဏ်ဦးဆီသို့ရွေ့လျားသွားတယ်
အချစ်တွေဟာ မိနစ်တံတွေနဲ့အတူ
မနက်အလင်းဆီသို့ လိုက်လာတယ်…

ချစ်တယ်
နံနက်ခင်းရဲ့တေးသီငှက်တွေဟာ
နေခင်းအလင်းဆီသို့ ပျံသွားကြတယ်
နူးညံ့တဲ့တိမ်တိုက်တွေနဲ့အတူ
အချစ်ငှက်ဟာမင်းဆီပျံသန်းလာတယ်…

ချစ်တယ်
လှပတဲ့တိမ်တိုက်တွေဟာ မွန်းလွဲစရဲ့နေကို
တောက်ပစွာတန်ဆာဆင်ကြတယ်
ကိုယ့်ရဲ့အချစ်ငှက်ဟာမွန်းလွဲစနေကို
ကာရံမဲကဗျာတစ်ပုဒ်ဖန်ဆင်းခိုင်းတယ်….

ချစ်တယ်
သိပ်ချစ်တဲ့အကြောင်းကို အိပ်တန်းဝင်ငှက်တွေက
အဖော်ခေါ်ရင်းဆိုညည်းကြတယ်
ကိုယ့်ရဲ့တေးသီငှက်က ချစ်တေးတွေဆိုကျုးရင်း
နှလုံးသားရဲ့ရင်ခွင်နန်းကို ခိုနားလို့ပျံလာတယ်..

သိပ်ချစ်လို့သံစဉ်ကျုးမိတယ်
တကယ်ချစ်ခဲ့တဲ့ ချစ်သူရယ်…..

No comments: