Thursday, September 20, 2007

နှလုံးသားရဲ့ဖြစ်စဉ်

နှလုံးသားရဲ့ဖြစ်စဉ်

ရင်ခုန်ရင်အချစ်လို့ပြောကြတယ်
ရင်ခုန်သူကိုချစ်ချင်တဲ့ နှလုံးသား
နှလုံးသားရဲ့ရင်ခုန်သံကို
ရင်ခုန်သူကို ကြားစေချင်တယ်
နှလုံးသားက အသစ်ဆက်ဆက်ပါ…..

နူးညံ့တဲ့နှလုံးသားပါ သန့်စင်တဲ့ချစ်မေတ္တာ
ကြင်နာတဲ့နှလုံးသားပါ အေးမြတဲ့ချစ်မေတ္တာ
ချစ်တက်တဲ့နှလုံးသားပါ စာနာတဲ့ချစ်မေတ္တာ
အရောင်မဆိုးတဲ့နှလုံးသားပါ ဖြူစင်တဲ့ချစ်မေတ္တာ..

နှလုံးသားရဲ့ချစ်ခြင်းတရား
အသွားအပြန်ရှိတဲ့ မေတ္တာကို
အလျားအနံရှိတဲ့ ပေတံနဲ့
တိုင်းတာချင်ရင်တော့ ရလဒ်က
ကိန်းသေတန်ဖိုးတစ်ခုဖြစ်မှာပေါ့…

နှလုံးသားရဲ့ကိန်းသေ
ရင်ခုန်သံကိုတည်ချစ်ခြင်းနဲ့စား
ရလဒ်ကိုသတ္တူ့ချကြည့်
အလွမ်းတွေကြွင်းရင်တော့….

အကြွင်းတွေကိုချန်ထား
ချစ်ခြင်းမေတ္တာတရားနဲ့
ရင်ခုန်သံကိုထက်တူပြု
အလွမ်းတွေကိုစုရင်
သတိရခြင်းတွေတော့ကျန်နေလိမ့်မယ်
ချစ်သောနှလုံးသားရေ…….

No comments: