Sunday, December 6, 2009

နိုဝင်ဘာပြီး နောက်တစ်လ

နိုဝင်ဘာပြီး နောက်တစ်လ

ဟေ့...ဒီမှာ

နိုဝင်ဘာပြီး နောက်တစ်လ
မင်းကို နာမည်မခေါ်ချင်လို့
ဒီလိုခေါ်တယ်....။

ဘာလို့လဲ...မင်းဟာ...
မင်းဟာ မင်းကို ခေါ်ဖို့ မပီသလို့ပဲ
အရင်က မင်းက နှင်းမှုံဝေေ၀နဲ့
အေးအေးချမ်းချမ်း॥

ခုတော့ မင်းက॥
မင်းတာဝန် မကြေသလိုလို...

မဆိုင်သလိုလိုနဲ့...
ငါ့တို့ကို ပူလောင်မှုတွေပေးလေရဲ့...

နိုဝင်ဘာပြီး နောက်တစ်လရေ॥
မင်းရဲ့အရင်လို အစွမ်းတွေပြန်ပြပါကွာ॥
ငါတို့ကြောင့် ဖြစ်ရတယ်ဆိုပေမဲ့॥
မင်းအစွမ်းမင်းပြပါ॥
ငါတို့လည်း ထိမ်းပါမယ်॥

နိုဝင်ဘာပြီး နောက်တစ်လရေ...
တကယ်တော့ မင်းရှိတဲ့လဟာ
ပျော်စရာကောင်းတဲ့ လပါကွာ....
နှစ်သစ်ကို ရောက်ဖို့
မင်းဆီ အရင်လာရတာပါ...။

နိုဝင်ဘာပြီး နောက်တစ်လရေ...
ငါ တကယ်အေးစက်မှုအပြင်
မင်းရဲ့ အရသာကိုပါခံစားမိရင်
မင်းကို နာမည်အရင်းပြန်ခေါ်ပါမယ်

ခုတော့...
နိုဝင်ဘာပြီး နောက်တစ်လရေ...

ဖိုးသူတော်
(၆.၁၂.၂၀၀၉)
၂ နာရီ ၄၅ မိနစ်

3 comments:

khin oo may said...

ဟေး ဒီဇင်ဘာ...........( လေးဖြူ အငဲ)

Unknown said...

လာခဲ့ပါ.... ရင်ခုန်သံနဲ့ ထုဆစ်တားတာတွေ ဟော့ဒီမှာ... အကြိုက်တွေ့ရင်တော့ ယူသွား ကျုပ်အသွေးသားတွေပါ.. လာပါတော့ နိုဝင်ဘာပြီး နောက်တစ်လရယ် .. နားတွေလည်း ညည်းပါပေါ့.. လာခဲ့ပါ. ၀င်ခဲ့ပါ...။ အချိန်မှန်မှန်.. လာခဲ့ပါ... ၀င်ခဲ့ပါ...။ နှင့်ရာသီကို အချိန်မှန်မှန် သိတယ်ဆို.. လာခဲ့ပါ... ၀င်ခဲ့ပါ.. ရင်ခုန်သံနဲ့ အချိန်မှန်ကန်စွာနဲ့ နှင့် ရာသီလာပါ... ဟော့ဒီမှာ..။ :D ..

PK said...

really good! but i hate December. somethin bad will happen to me in my mind in December.