Thursday, August 13, 2009

စံပါယ်ဖြူအိပ်မက်


ကိုထူးအိမ်သင်ကိုယ်တိုင်ရေးကဗျာလေးပါ။ ၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းမှာ"လင်းထက်"ဆိုတဲ့ကလောင်
နာမည်နဲ့ရေးသားခဲ့ပါတယ်။

စံပါယ်ဖြူအိပ်မက်

လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊သည်ရင်မှာ
ကြယ်ပြာ..လပြာ..ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊လျှပ်လက်သလို
အို.....လှလိုက်တာ။

သဲသောင်ခုံလား၊ရေစွယ်လားလေ
ခြေသံဖွဖွ၊ကြားနေရပေါ့
မွှေးမြသန့်စင်၊အာရုံမြင်ရနံ့
သင်းပျံနေဆဲ၊ရင်ထဲမှာ...။

စကားတိုးတိုး၊မြူခိုးဝေေ၀
စံပယ်ရေ..စံပယ်ဖြူ...
ဘယ်သူများလဲ၊မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ဟိုးအဝေးကို။

သည်အိမ်မက်မှ၊မောင် နိုးထလည်း
တမ်းတတပ်မက်၊ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ..။
စံပယ်ရေ..စံပယ်ဖြူ
ဘယ်သူများလဲ၊ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါမေ။

လင်းထက်

ကိုထူးအိမ်သင် အားအမှတ်တရ ပြန်လည် တင်ပေးထားခြင်းဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်း မမေလည်း ဒီကဗျာကို သူ့ဘလော့ဂ်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ က တင်ဖူးပါသည်။


Photo source. http://www.htooeainthin.com/ ကိုဖိုးသားဆိုဒ်မှာ ကူးယူတင်ပြပါသည်။


အားလုံးကို ကျေးဇူးတင်စွာဖြင့်.

ဖိုးသူတော်

၁၃.၀၈.၂၀၀၉

၂၂ နာရီ ၄၄ မိနစ်


No comments: