Monday, August 3, 2009

ချစ်ခြင်းရဲ့ ရနံ့

ချစ်ခြင်းရဲ့ ရနံ့


အချစ်ရဲ့ ချိုမြိန်ခြင်းရနံ့ကို

ငါ သင်းသင်းလေး ရလိုက်တယ်..

ငါ့ရဲ့ ရင်ကို တကယ်ကြည်နူးစေတယ်.

သူ့အတွက် အချစ်တွေ.

အစွမ်းကုန် ရင်မှာ ပွင့်လန်း

ပွင့်သော ပန်းတိုင်း

ချစ်သောရနံ့ ဖြင့် မွှေးစေကွယ်..


အရိုးသားဆုံး ၀န်ခံရရင်

စိုးစိတ်နဲ့ တိုးတိတ်စွာ ချစ်နေရသူပါ

ခင်မင်စွဲ အဖြူရောင် သံယောစဉ်ကို

ရောင်စုံခြယ်ကာ ဆေးဆိုးမိတဲ့ ကိုယ့်ကို

သူ အချစ်ပြယ် အရင်လို မခင်မှာကို

မခံစား ၀ံ့နိုင်သူပါ..


ကိုယ်ချစ်တဲ့ အချစ်ဟာ

ခဏပန်း မဟုတ်ပဲ..

တသက်လုံး တစ်ဘ၀စာ အတွက်

ရည်ရွယ်တယ်ဆိုတာ သူသိပါစ..


အပြင်မှာ ရွာနေတဲ့ မိုးရေတွေလို

ကိုယ့် အချစ်က သူ့ အပေါ် အေးမြစေမှာပါ.


မိန်းခလေးရေ..

ကျေးဇူးပြုပြီး အချစ်တွေကို လက်ခံပေးပါ.

မြတ်နိုး ယုံကြည်နားလည်မှု နဲ့

ချစ်မြတ်နိုးတယ်ဆိုတာကို လက်ခံပေးပါ.

အချစ်ရဲ့ ချိုမြိန်ခြင်း ရနံ့ကို

ငါ သင်းသင်းလေး ရနေတယ်…။


ဖိုးသူတော်

၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်

၂၂ နာရီ ၄၇ မိနစ်.


photo source : Internet


2 comments:

မမသီရိ said...

ချစ်ခြင်းတွေနဲ့လတ်ဆတ်နူးညံ့လွန်းနေပါလား
မောင်လေးရေ..
ဆုတောင်ပေးပါတယ်
ကောင်မလေး လက်ခံပါစေ...း)

sandar said...

ကဗျာဆရာက သူ၇င်ဘတ်ကို စာဖတ်သူတွေကို မြင်အောင် ပြလိုက်တယ် ။ ကောင်မလေးကို လည်း ပြသင့်တာပေါ့ ။ ကောင်မလေး သိပါလေစ။
မယ်မဒီ