Friday, June 26, 2009

နှလုံးသား ကြွေးကျန်

နှလုံးသား ကြွေးကျန်


ပုစ္စုပန်ရဲ့ အငိုမျက်နှာကို

လက်ရှိက သရော်တော်တော်.

အတိတ်ရဲ့ စပ်ဖြီးဖြီးက

လွန်ခဲ့သော ရဲ့ မျက်နှာပြောင်တိုက်မှုတစ်ခု..

အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာ..

ကြိုတင်သိမှုတစ်ခုမှာ အကျုံးမ၀င်ခဲ့ဘူး….


ရည်ရည်မွန်မွန်ပါပဲ..

လောကကြီးကို နှုတ်ဆက်တယ်..

သိမ်သိမ်မွေ့မွေ့ပါပဲ..

ပတ်ဝန်းကျင်နဲ့ ဆက်ဆံတယ်..

ဒါပေမဲ့………

အတ္တများမယ်.. မာန ကြီးမယ်.

အရွဲ့တိုက် ရူးသွပ်မှုတစ်ခုခု..

နီးစပ်ရာနဲ့ ပျော်မွေ့တယ်..


တည်ငြိမ်တယ် စိတ်ကစားတယ်

မတိမကျနဲ့ သေချာခဲ့တယ်.

ရယ်မောပြီး လွမ်းဆွေးတယ်

ချောင်းဆိုးပြီး ဆေးလိပ်မီးညှိတယ်.

အသံဝင်လို့ အော် အော် ပြောရတာ..

မနှစ်က စိုက်ခဲ့တဲ့ အပင်လေးတောင်..

ခုထိ အပွင့်မပွင့်သေးဘူး…..


ကျေနပ်တယ် စိတ်တိုင်းမကျဘူး..

နွေရာသီ နှာစီးပြီး..

မိုးတွင်းကြီး အပူရှပ်လို့..

ပြီးခဲ့တဲ့ နှစ်တွေက အကြွေးတွေ တောင်..

ဆပ်ဖို့ ကျန်တာ…

ဆောင်းမှာ အိပ်မက်လို့

ကယောင်ချောက်ခြားဖြစ်..


သူ.. ဒီနှစ်

အကြွေးကြေပါစေ…..။


သူတော်

၂၆।၆.၂၀၀၉ ( ၁၂ နာရီ ၁၇ မိနစ်)


Photo source: Internet




2 comments:

မမသီရိ said...

ဆုတောင်းပေးပါ တယ်
ပန်းပင်လေး အပွင့်ပွင့်ပါစေ

su wai said...

တို့လဲ ဆုတောင်းပေးခဲ့တယ်နော်...
အကြွေးကင်းစင်သော နှစ် ဖြစ်ပါစေလို့ :))

နောက်ပြီး ဆုတောင်းပေးပေမယ့် ကဗျာလေးကို တကယ် ကြိုက်တယ် ဘကြီးရေ..ရယ်မောပြီး လွမ်းဆွေးတယ်ဆိုတာလေးကို သဘောကျတယ်။