Wednesday, June 10, 2009

ငါ့ကိုငါမြင်ခြင်း

ငါ့ကိုငါမြင်ခြင်း
















စကြာဝဠာကြီး အကြောင်းမသိခဲ့သလို

မင်းအကြောင်းလည်း မသိခဲ့ဘူး..

ဒါပေမဲ့..

ကြယ်တွေ ကြွေလို့ လက်ခနဲ့ဖြစ်သွားတာထက်

မင်းမျက်စောင်းတစ်ချက် ကို ဆုတောင်းတယ်။


အသံမဲ့ တိတ်ဆိတ်ခြင်းထက်

စပီကာတွေ အော်ဟစ်တာကို

လိုလားခဲ့တယ်။

ရက်ပ် သီချင်းတစ်ပုဒ်က စာသားတွေလို

ဟိုဘက် တိုးတိုးပြီး ကကြည့်ချင်တယ်။


ဇင်ယော်တွေ မြင်ရပြီ..

ကမ်းခြေနဲ နီးနီးလာပြီ..

မင်းအသံ ကြားနေရပြီ….

လှိုင်းတွေ အဝေးက ပြေးပြေးလာနေတယ်..

ကမ်းခြေကတော့ သူ့ဟာသူ ခပ်အေးအေးပဲ..


မုန်တိုင်းထန်မဲ့ အချိန်တွေ

မလာသေးခင် လေပြည်တွေ တိုက်နေတက်တယ်..

မုန်တိုင်းစဲသွားရင်လည်း လေပြည်တွေ လာဦးမှာ..

တကယ်တော့..

မုန်တိုင်းဆိုတာ လေပြည်ကြားက

နတ်မိစ္ဆာကြီးပဲ…


ငါ့အသက်ဝိဉာည်ကို လာယူလည့်ပါ

အနာဂတ်တွေ မဖြစ်ချင်တော့ဘူး..

အသက်ရှုဖို့ ခဲယဉ်းနေတယ်

အဝေးက အသံသဲ့သဲ့ကြားနေရတယ်..

ဘာဖြစ်လို့ ခေါင်းလောင်းသံတွေတိုးသွားတာလည်း

မြစ်ထဲက တံငါအိုက ကွန်ပစ်မပျက်ပါဘူး..

ငါ… ရေလိုပဲ ပျောက်သွားတယ်..

ငြိမ်းချမ်းပြီးပေါ့……….။


နက်ဖန်တွေဆိုတာ မျှော်လင့်ချက် ရှိသူတွေ ရဲ့ အိပ်မက်မဟုတ်တဲ့ အိပ်ယာထ လက်ဆောင်တွေ ဖြစ်ပါတယ်။


သူတော် ( ၁၀.၆.၂၀၀၉)

၁၈ နာရီ ၀၃ မိနစ်..


3 comments:

su wai said...

ကဗျာလေး ကြိုက်တယ် ဦးလေးသူတော်..

ငါ့ကိုငါ မြင်သလို လူ့ဘ၀ကိုလဲ ကဗျာထဲမှာ မြင်လိုက်ရတယ်.. တကယ်တော့ ဘ၀ဆိုတာ လေပြည်တစ်ခါ မုန်တိုင်းတစ်လှည့်နဲ့ အဆိုးအကောင်း သံသရာထဲမှာ လည်ပတ်နေတဲ့ နာရီ နေ့ရက်ပေါင်းများစွာကို စုစည်းထားတာပဲနော်...။


ခင်တဲ့
ဆုဝေ

မယ့်ကိုး said...

ကြယ်တွေ ကြွေလို့ လက်ခနဲ့ဖြစ်သွားတာထက်

မင်းမျက်စောင်းတစ်ချက် ကို ဆုတောင်းတယ်။

ဒီအသုံးလေး သဘောကျမိပါတယ်။

PK said...

မျိုးမြင့်အောင်

အကုန်တော့နားမလည်ပေမယ့်ဖတ်လို့ကောင်းပါတရ်။ တော်လည်းတော်ပါတရ် အလိုရေးနိုင်တာ။ ခံစားချက်တွေကို ကဗျာတွေအဖြစ်ပြောင်းလိုက်တရ်လား၊ စာရေးဖို့နေနေသာသာ ကိုယ့်ဘာသာတောင်ဘာဖြစ်နေမှန်း မသိတဲ့လူတွေထက်စာရင်အများကြီးသာပါတရ်။