Saturday, April 5, 2008

ကိုယ်တို့ရဲ့လမ်း

ကိုယ်တို့ရဲ့လမ်း

မနက်ခင်းမှာ ငှက်တသင်းက..

တေးဆိုတယ် အချစ်ရယ်..

လေအဝေ့မှာ ငုပန်းလေးတွေ

ကြွေကြလာတယ် အချစ်ရယ်..

လိပ်ပြာစုံတွဲ တူယှဉ်တွဲလို့..

ဥယျာဉ်ထဲမှာ ပျံဝဲနေတယ် အချစ်ရယ်..

ငုဝါပန်းတွေ လှိုင်လှိုင်ပွင့်လို့..

ပိတောက်ပန်းကို ကြိုနေကြတယ် အချစ်ရယ်..

ကိုယ့်လက်ကို ခိုင်ခိုင်တွဲလို့..

ဘ၀လမ်းကို လျှောက်လှမ်းမယ် အချစ်ရယ်…

ဖိုးသူတော်

3 comments:

မေမိုးမခ said...

မောင်ဖိုးသူတော် လက်တွဲမယ့်သူ ရောတွေပြီလား ပိတောက်ပွင့် တဲ့အချိန်အတွက်
တွေ့ပြီ ဆိုရင်လဲ မြန်မြန်လက်တွဲနိုင်ပါစေ။

စိုးထက် - Soe Htet ! said...

တွဲလက်တွေ မြဲမြဲ နဲ့ မြန်မြန် အတူတူ လျှောက်လှမ်း နိုင်ပါစေ ဗျာ :D

Unknown said...

ဖိုးသူတော်ကြီး..ကျွတ်တမ်းဝင်သင့်ပြီနော် :P