Friday, April 18, 2008

တစ်ယောက်သောသူ

ဒီရင်မှာ မြိုသိပ်ထားတဲ့ ချစ်ခြင်း
ဖွင့်ဟပြောဖို့ မသင့်တော်လို့
ဆက်လက်သိမ်းထားဦးမယ်
တိတ်တခိုး ချစ်သူရယ်...

ခင်မင်နေတဲ့ သံယောစဉ်
ငါ့ကြောင့် တစ်ခုခု ညစ်နွမ်းသွားမယ်ဆို
ဒီချစ်ခြင်းကို ရင်မှာ သိမ်းဆည်း
အဖြူရောင် သံယောစဉ်ကိုပဲ
ဆက်လက်ပေးသွားပါ့မယ်....

အချစ်ဆိုတာလည်း အဆန်းသား
ဖြည်းဖြည်းလေး ၀င်လာပြီး
ဗြုန်းကနဲ ထပေါ်
ငါ့မှာ ရုတ်တရက် လန့်သွားတယ်
အဲ့ဒါ မင်းကို ချစ်နေပီတဲ့..........

1 comment:

ThinkingHoney said...

ရုတ်တရက် လန့်သွားတယ် တဲ့လား
အဲဒါလေး ကြိုက်တယ်