ကိုယ်တို့ရဲ့လမ်း
မနက်ခင်းမှာ ငှက်တသင်းက..
တေးဆိုတယ် အချစ်ရယ်..
လေအဝေ့မှာ ငုပန်းလေးတွေ
ကြွေကြလာတယ် အချစ်ရယ်..
လိပ်ပြာစုံတွဲ တူယှဉ်တွဲလို့..
ဥယျာဉ်ထဲမှာ ပျံဝဲနေတယ် အချစ်ရယ်..
ငုဝါပန်းတွေ လှိုင်လှိုင်ပွင့်လို့..
ပိတောက်ပန်းကို ကြိုနေကြတယ် အချစ်ရယ်..
ကိုယ့်လက်ကို ခိုင်ခိုင်တွဲလို့..
ဘ၀လမ်းကို လျှောက်လှမ်းမယ် အချစ်ရယ်…
ဖိုးသူတော်
3 comments:
မောင်ဖိုးသူတော် လက်တွဲမယ့်သူ ရောတွေပြီလား ပိတောက်ပွင့် တဲ့အချိန်အတွက်
တွေ့ပြီ ဆိုရင်လဲ မြန်မြန်လက်တွဲနိုင်ပါစေ။
တွဲလက်တွေ မြဲမြဲ နဲ့ မြန်မြန် အတူတူ လျှောက်လှမ်း နိုင်ပါစေ ဗျာ :D
ဖိုးသူတော်ကြီး..ကျွတ်တမ်းဝင်သင့်ပြီနော် :P
Post a Comment