Saturday, April 5, 2008

သံယောစဉ်လမ်း

သံယောစဉ်လမ်း

လမ်းလေးပေါ် ငါလျှောက်ခဲ့တယ်..

တလှမ်းချင်း တလှမ်းချင်းပေါ့..

ဟော..လမ်းလေးက

ညာဘက်ကွေ့သွားတယ်

ငါလည်းသူ့အတိုင်း လိုက်ကွေ့ရတာပေါ့…

ဟော….လမ်းလေးက

ပြေပြေလေး ဆင်းသွားပြီ..

ငါလည်းပြေပြေလေး လိုက်ဆင်းရတာပေါ့..

ဒီလမ်းလေးပေါ် ငါပျော်မွေ့တယ်..

ဒီလမ်းလေးကို မဆုံးစေချင်ဘူး..

ဖြစ်နိုင်ရင် တသက်လုံး..

ဒီလမ်းလေးပေါ် ငါလျှောက်ချင်တယ်..

အို….လမ်းလေး…

ဖိုးသူတော်

2 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

လမ်းပြေပြေလေးကို လျှောက်နိုင်ပါစေ

မေမိုးမခ said...

ချစ်သူက က ဆိုရင် ကွေးအောင်ကပေါ့ ချစ်သူကရယ် ဆိုရင် ပါးစပ်နားချိတ်အောင်ရယ်ပေါ့ ဟီးဟီး