Saturday, January 19, 2008

လွတ်လပ်ပေါ့ပါး

လွတ်လပ်ပေါ့ပါး
ချစ်သူ..
သက်တန့်တွေပေါ် လမ်းလျှောက်ရရင်
မင်းနဲ့ကိုယ်နဲ့ လျှောက်ကြမယ်..
သက်တန့်က ခုံးခုံးလေးဆိုတော့
တို့တွေ လျှောစီးကြတာပေါ့…
လွတ်လပ်ပေါ့ပါးတဲ့ ရင်ခုန်သံတွေနဲ့
ရယ်မောချင်တယ်..
ချစ်သူ..
ပန်းဥယျာဉ်ထဲမှာ တူတူလမ်းလျှောက်မယ်
ဥယျာဉ်လမ်းက ပြေပြေလေးဆိုတော့
ကိုယ့်ပခုံးလေး ကိုမှီတွဲလို ရတာပေါ့..
လွတ်လပ်ပေါ့ပါးတဲ့ ရန်ခုန်သံတွေနဲ့
ရယ်မောချင်တယ်..
ချစ်သူ..
ကန်ထဲမှာ လှေကလေးရှိရင်
လှေလှော်ကြတာပေါ့
ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့
လေနုအေးကို ရှုရှိုက်ရင်း
ပျော်ရွှင်စွာ လှေလှော်ကြတာပေါ့
လွတ်လပ်ပေါ့ပါးတဲ့ ရန်ခုန်သံတွေနဲ့
ရယ်မောချင်တယ်..
တကယ်ပါ..
မျှော်လင့်တမ်းတခြင်းတွေသာ
ဖြစ်လာခဲ့မယ်ဆိုရင်……

3 comments:

ပန်းခရေ said...

ပျော်ရွှင်စွာ
လှေလှော်ကြတာပေါ့....
ကောင်းလိုက်တဲ့ကဗျာ
ကဗျာတွေကိုသိပ်ကြိုက်တဲ့
ကျနော် ...
ဒိကဗျာလေးကိုတစ်ကယ်ကြိုက်တယ်
ဆက်ေ၇းပါအုံး

ကောင်းကင်ကို said...

သက်တန့်တွေပေါ် လမ်းလျှောက်ရရင်
မင်းနဲ့ကိုယ်နဲ့ လျှောက်ကြမယ်..
သက်တန့်က ခုံးခုံးလေးဆိုတော့
တို့တွေ လျှောစီးကြတာပေါ့…

အရေးအသားတွေလှတယ်ဗျာ။

ကောင်မလေး said...

မျှော်လင့်ခြင်းတွေ အမြန်ပြည့်ပါစေနော်.. ကဗျာလေးကောင်းတယ်.. အားပေးနေမယ်နော်.. :)