Wednesday, January 2, 2008

ခရီးမှပြန်ရောက်ကြောင်း

၃၀ ရက်နေ့ မနက်စောစော ပျဉ်းမနား (နေပြည်တော်)မှ ပြန်လည်ရောက်ရှိ လို့လာပါသည်။ ကားဂိတ် ရောက်ရောက်ခြင်း ပထမဦးဆုံး ကြားရတာက ဆီဈေး နှင့် CNG ဓာတ်ငွေ့ တို့ အကြောင်းဖြစ်ပါသည်။ နှစ်ရက် သုံးရက် အတွင်း ဘယ်လိုဖြစ် သွားမှန်း မသိပါဘူး။ ထို့ကြောင့် ကားခကို မနဲညှိပြီးမှ ပြန်လာရပါတယ်။ အစက ဟိုမှာ နည်းနည်းကြာဦးမယ် ထင်ထားတာ။ သွားလုပ်ရတဲ့ လုပ်ငန်းကလည်း ပြီးသလောက်ဖြစ် ဒီကလည်းပြန်ခေါ် ကိုယ်ကလည်းပြန်ချင် ဆိုတော့ အတော်ပါခင်ဗျာ။ ထိုသို့သော အကြောင်းများကြောင့် မောင်ဖိုးသူတော် တစ်ယောက် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ပြန်ရောက် လို့လာပါကြောင်း………………အခုမှ ရေးရတာကို နားလည်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။

No comments: