နှစ်ထောင်ရှစ်ဟာ အလွမ်းတွေမရှိသော နှစ်ဖြစ်သည်
နှစ် တွေတစ်နှစ်ပြီး တစ်နှစ်ပြောင်းသွားတာ
ထောင် စုနှစ် နှစ်ခုလည်း ကျော်လာခဲ့တာ
ရှစ် ခုမြောက်ဖြစ်ခဲ့ပြီ..
ဟာ တာတာရင်တစ်ခုလည်း
အ ရင်လို မနာတော့ပေမယ့်
လွမ်း နေတဲ့စိတ်ကတော့
တွေ ဝေစွာ သတိရနေပြီး..
မ ဆုံနိုင်တော့မဲ့သူကို
ရှိ လိမ့်လေ ဦးမလားလို့……
ဒါပေမဲ့...
သော ကစိတ်တွေကို ထိန်း
နှစ် လုံးသားကိုတိုင်တည်
ဖြစ် တည်ရာ ဒီဘ၀မှာ သူနှင့်
သည် မှာပဲ ပြီးဆုံးချင်ပါပြီး…
ဖိုးသူတော်
အမြဲတမ်းလွမ်းနေရတဲ့ ဖိုးသူတော် ဒီတစ်ခါ မလွမ်းတော့ဘူး..
3 comments:
ဘယ်လိုတွေ တွေးပြီး ဘယ်လိုတွေရေး။
ကောင်းတယ်အစ်ကိုရေ ကဗျာလေး...
ကြိုက်တယ်ဗျ...။
အလွမ်းတောက ထွက်လာတဲ့
မောင်ဖိုးသူတော်ကို လာကြည့်တာ
ဟတ်ဟတ်
ကဗျာလေးကောင်းတယ်
အစ်ကိုရေ.........အရမ်းကောင်းတာဘဲ။ အတွေးလေးက ကောင်းလိုက်တာ။
Post a Comment