Saturday, January 23, 2010

လတ်လတ်ဆက်ဆက်ည

လတ်လတ်ဆက်ဆက်ည

ညလေးက လတ်ဆက်လိုက်တာ
လလေးက သာလို့
ကွေးကွေးလေးရယ်..
ကြယ်လေးတွေ တရုံးရုံးနဲ့
သူပျော်နေရှာပေါ့......။

ညလေးက ချစ်စရာကောင်းလိုက်တာ
လလေးကိုကြည့်ပြီး
ချစ်သူဆီ စကားတွေပြောနေတယ်..
ကြယ်လေးတွေသိရင်
ရယ်များရယ်နေမလား.....။

ညလေးက နှစ်သက်စရာ.
လလေးကသာလို့
ဒီချိန် မှာချစ်သူ
ဘုရားရှစ်ခိုး နေမလား
ဆုတောင်းမေတ္တာ ပို့နေလား..
သူ့အသံလွင်လွင်လေး ကြားနေရတယ်....။

ညလေးက ကြည်နူးစရာ
လလေးကသာလို့...
ဘ၀ရဲ့ အမောတွေ ခဏမေ့ပြီး..
ညလေးရဲ့ အလှကိုခံစား..
အသံလေးများလည်း ကြားနေရတယ်..
ဟိုးအဝေးဆီကပေါ့...........။ ။

ဖိုးသူတော်


၂၃.၁.၂၀၁၀

၂၁ နာရီ ၃၀ မိနစ်

Photo source : Internet

1 comment:

Nyein Nyein Zaw said...
This comment has been removed by the author.